နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက ၂၀၁၂ ခုနှစ်နိုင်ငံတော်
အရန်ဆန်ဝယ်ယူရေး ..သတ်မှတ်ထားသောပမာဏအတိုင်း ၀ယ်ယူမည်ဖြစ်ကြောင်း၊
ကော်မတီမှသတ်မှတ်ထားသောစည်းကမ်းများနှင့် အညီ ဈေးနှုန်းအဆိုပြုလွှာများ
တင်သွင်းနိုင်ကြောင်း ကြေငြာချက်တစ်ရပ်ကို တင်ဒါအမှတ် ၀၁(အရဆ)/၂၀၁၂-၂၀၁၃
ဖြင့်ကြေငြာလိုက်ကြောင်းသိရသည်။တင်ဒါအောင်မြင်သူများသည်
သိုလှောင်ရုံအရောက်ပေးပို့ရမည်ဖြစ်ပြီး သိုလှောင်ရုံတည်နေရာလိပ်စာကို
သက်ဆိုင်ရာ ဒေသရှိမြန်မာနိုင်ငံဆန်စပါး အသင်းချုပ်
တိုင်းဒေသကြီးရုံးခွဲများတွင် နိုဝင်ဘာ ၂၂ ရက်မှ စတင်၍
စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။ဈေးနှုန်းအဆိုပြုလွှာကို နိုဝင်ဘာ၂၆
ရက်နေ့ နေ့လည် (၁)နာရီနောက်ဆုံးထား၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
ရုံးချုပ်သို့ ပေးပို့ရမည်ဖြစ်ပြီး ဈေးနှုန်းအဆိုပြု လွှာများကို နိုဝင်ဘာ
(၂၆) ရက်နေ့ နေ့လည်(၂)နာရီတိတိတွင် တင်ဒါအဆိုပြုသူများ၏ရှေ့မှောက်တွင်
ဖွင့်ဖောက်ကြေငြာမည်ဖြစ်ကြောင်းသိရသည်။စည်းကမ်းသတ်မှတ်ချက်များကို
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးခန်းတွင်ဖြစ်စေ ၊ facebook.com/Myanmar
Rice Mria တွင်ဖြစ်စေရယူနိုင်ကြောင်းသိရသည်။
H-N
Hot News
No comments:
Post a Comment