Sunday, November 18, 2012

လယ်သမား (၄၇)ယောက်အကြွေး အမြန်ပြန်ပေး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နှင့်မော်လမြိုင်ကျွန်းမြို့ သို့ဆက်သွယ်မှုကားလမ်းဖောက်  လုပ်ရာတွင် ဘိုကလေးမြို့နယ်  သာပေါင်းကျေးရွာနှင့်သပြုကုန်း   ကျေးရွာမှလယ်သမား(၄၇)ယောက်  မှ ၎င်းတို့စိုက်ပျိုးထားသော နွေစပါးများရိပ်လုဆဲဆဲအချိန်တွင်  မြန်မာရွှေရတာပတိန် ကုမ္ပဏီမှ   ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ(၂၄) ရက်နေ့မှစတင်၍ သတ်မှတ်ချိန် ထက်စောကာ စက်ယန္တရားကြီး မျာဖြင့် လမ်းဖောက်လုပ်ခြင်းလုပ် ငန်းအားပြုလုပ်ခြင်းကြောင့် လယ်  ဧရိယာ (၆၃.၆၅)ဧကတွင် စိုက် ပျိုးထားသော စပါးများပျက်စီး  ဆုံးရှုံးသွားရကြောင်းပြောပြပါ သည်။
ထိုသို့ပျက်စီးဆုံးရှုံးသွားရ သောကြောင့် လယ်သမား(၄၇) ယောက်မှ ဘိုကလေးမြို့နယ် မြို့ နယ်အေးချမ်းဖြိုးကောင်စီသို့တင် ပြတိုင်ကြားရာမှ မြို့နယ်ဒေသ အေးချမ်းဖြိုးနှင်ဖျာပုံခရိုင်အေး ချမ်းဖြိုးအတွင်းရေးမှူး ဦးအေး ကျော် နာမည်လက်မှတ်ဖြင့် မြန်မာ ရွှေရတနာဟိန်းကုမ္ပဏီသို့ အ ကြောင်းကြားထားသည်ဟု  သာ ပေါင်းကျေးရွာမှ လယ်သမားကြီး  ဦးတင်ယုံမှပြောပြ၍သိရှိရပါသည်။
မြို့နယ်-ခရိုင် တိုင်းလူကြီး များမှ ပျက်စီးဆုံးရှုံးသွားရသော   ဧရိယာ (၆၃.၆၅)ဧက ထွက်ရှိ မည်စပါးအထွက် တစ်ဧကလျှင်   (၂၀၀၀၀၀)ထောက်ပံ့ပေးရန် ဆုံး ဖြတ်ချက်ပြုထားသော စာအား ရရှိထားပါသော်လည်း (၂)နှစ် ကျော်ကြာသည့် ယနေ့အထိငွေ မရရှိသေးကြောင်းနှင့် နစ်နာသူ   လယ်သမားများမှာ ချွေးနဲ့သွေးနဲ့   ငွေနဲ့ရင်းနှီးပြီး စိုက်ပျိုးထားရတာ ပါ အခုလိုအတင်းဝင်ရောက်ဖျက် စီးခြင်းဟာ မြစ်ဝကျွန်းပေါ်မှာ ဒုတိယနာဂစ်(ကွက်ကျား) အတိုက်    ခံရသလိုမျိုး ဒုက္ခရောက်ရကြောင်း သာပေါင်းကျေးရွာမှ လယ်သမား ကြီးဦးကုလားမှ The Hot Newsသို့ ပြောပြပါသည်။
လယ်သမားတစ်ယောက်၏    သားဖြစ်သူ မောင်သန်းဇော်မြင့်  မှပြောကြားရာတွင် Hot News ဂျာနယ်တွင် သမ္မတကြီးဦးသိန်းစိန်မှ လယ်သမားများအား မိဘ ပြည်သူဟုတင်စားပြီး လယ်သမား   များ၏အခက်အခဲများကို ကူညီ   ရန် အကျယ်တ၀င့်ရေးထားမှုကို ဖတ်လိုက်ရ၍၀မ်းသာမိကြောင်း ယခုမြန်မာရွှေရတနာဟိန်းကုမ္ပဏီ   ဖျက်စီးသွားသော လယ်ဧရိယာ   (၆၃.၆၅)ဧကအတွက် လျော် ကြေးငွေအမြန်ဆုံးပေးရန်အတွက်   သက်ဆိုင်ရာမှ ကူညီပေးရန်ပြော  ကြားလာခြင်းကို သိရှိရပါသည်။

အရိန္ဒမာ(ဘိုကလေး)
Hot News      

No comments:

Post a Comment