““သူ့လုပ်ထုံးလုပ်နည်းအရ လျှောက်လွှာတင်တယ်။ဒါပေမဲ့ ကိုယ့်ထက်စီနီယာနိမ့်တဲ့သူတွေက ထွက်လာတယ်။ဒီလို လက်သိပ် ထိုးလုပ်တာကိုတော့ မကျေနပ် ဘူး။အဲဒါနဲ့ CNG လျှောက်တဲ့နေ ရာက အရာရှိ ဦးကိုလေးကိုသွား ပြောတော့ ဦးကိုလေးကဒီကိစ္စသူ မရှင်းပေးနိုင်ဘူးတဲ့။ဒါနဲ့ကျွန်တော် လည်း ဘယ်သူဖြေရှင်းပေးနိုင်သ လဲမေးတော့ သူကမောက်မောက် မာမာနဲ့ ခင်ဗျား ဘာသာစုံစမ်း ပေါ့။ခင်ဗျားကတိုင်ချင်နေတဲ့သူ။ ကိုယ့်ဘာသာစုံစမ်းတယ်။မင်းကို ငါက ဘာအကြံပေးစရာလိုလို့လို့ ပြောတယ်။ တဲ့လျှောက်လွှာတင် တဲ့အခါ ၀န်ကြီးဆီကို လက်မှတ် ထိုးဖို့တင်တဲ့အခါ သူတို့နဲ့ပတ်သက် ရာ ပတ်သက်ကြောင်းတွေကို ဦး စားတင်ပေးတာမျိုးလုံးဝမဖြစ်သင့် ဘူး။ဒါကို သူတို့မဖြေရှင်းပေးရင် သမ္မတကြီးနဲ့တကွသက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို စာပို့မယ်။ပြီး ရင် သက်ဆိုင်ရာကခွင့်ပြုချက် တောင်းပြီးယာဉ်ပိုင်ရှင်တွေအနေ နဲ့ဆန္ဒထုတ်ဖော်ပွဲတွေလုပ်သွားမှာ ပါ””ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဌေးအောင်က Hot News ဂျာနယ်သို့ပြောကြားသွားခဲ့သည်။
အဆိုပါ နစ်နာနေသော ယာဉ်မောင်းများကိုယ်စားကိုယ် စားလှယ်ဦးဌေးအောင်ကသက်ဆိုင် ရာသို့တင်ပြတိုင်ကြားသော စာ များ၌လည်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်၍ အဂတိလိုက်စားမှု တိုက်ဖျက်နေသည့်အချိန်တွင် ယခုကဲ့သို့ခြစား၍ လက်ထိုးသိပ် လုပ်နေခြင်းမှာ စစ်မှန်သော ဒီမို ကရေစီစနစ်ဖော်ဆောင်ရေးအား သွေဖယ်လျက်ရှိကြောင်းနှင့်ယင်း အား တရားမျှတစွာဖြင့်တာဝန်ရှိ သူများမှ မဖြေရှင်းပေးပါက သတင်းမီဒီယာများ၏ အကူအညီ ယူကာ ခွင့်ပြုချက်များဖြင့် ဆန္ဒ ထုတ်ဖော်သွားမည်ဟုဖော်ပြထား ကြောင်း သိရှိရသည်။
ခန့်ခန့်(ဒဿနိက)
Hot News
No comments:
Post a Comment