Sunday, November 18, 2012

ပြုံးပြုံးလေး ကျွန်တော့ဘေးကထိုင်… ရက်ကန်းခတ်သံလေးက အလွန်ပဲမြိုင်

ဝါလလွတ်ကင်း၊ သီတင်းကျွတ်ပြီး သည်နှင့် တန်ဆောင်းမုန်းလ ရာသီမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် အသီး သီးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်သင်္ကန်းကပ်လှူ ခြင်းနှင့် စုပေါင်း မဟာဘုံကထိန်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။ ရပ်ကွက် များထဲတွင် ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း ပြုနိုင်ရန် ဥပသ ကာ၊ ဥပသကီများ၏ ယာယီအလှူခံ  စခန်းလေးများမှာ အလှူခံနိဗ္ဗာန်ဆော် အကျိုးတော်ဆောင်၍ အလှူရှင် ဖိတ် ခေါ်သံများကား ဝေစီ ဆူညံစွာ..။
ယင်းတို့အထဲမှာ ဥပသကာ၊ ပီသစွာကထိန်အလှူပွဲအကြောင်းနှင့် ကထိန် သင်္ကန်းအကြောင်း သက်ဆိုင် ဆီလျော် မှုရှိစွာ ပြောနိုင်သူများရှိသလို လူဆိုသည် မှာ (အတ္တရှေ့တန်းတင် လွန်ကဲမှုများ)ရှိ တတ်သည်ဖြစ်ရာ (မဆီမဆိုင်)မိမိ၏ ကိုယ်ရေးအလှူများ ဗုဒ္ဓဂယာဘုရာဖူး ခရီးစဉ်များအကြောင်း ရှည်လျားစွာ ပြောကြားသည်များကိုလည်း ကြားရ သည်။ သာသနာအကျိုး သယ်ပိုးလို သော စိတ်များကို လေးစားမှု ထားသော် လည်း ကထိန်အလှူ၏ အလှူခံဆိုသည့် ခေါင်းစဉ်ပျောက်နေသည်။ ယင်းအလှူ ခံဌာနများမှာ ““ဦးမိုက်ချစ်””များကိုလည်း  အများအပြားတွေ့ရ၏။  စကားပြောချင် လွန်းအားကြီး၍ စကားပြော မိုက်ကရို ဖုန်းကို ချစ်လွန်းသူများ၊ သူပြောချင် ငါ ပြောချင်များ။ သြော်.. ဦးမိုက်ချစ်များ Mr.Know It All (ခေါ်) ဦးတတ်သိ၊ များ လည်း အလှူခံဌာနများမှာ အများသား ပါလား။
ရပ်ကွက်၏ ရှေ့မီနောက်မီ ပုဂ်္ဂိုလ် ကြီးတစ်ဦးပြောသည့်အခါ သာသနာ့ အာဇာနည်များ နိဗ္ဗာန်မဂ်ဖိုလ် ဖောင် ကြီး အတူစီးကြစို့ဟူသော ဘာသာရေး စကားလုံးတစ်လုံး ကြားရပြီးသည်နှင့်။ “ဟုတ်လား၊ ဟုတ်လား”များ ထပ်ကာ အမိန့်သံကိုလည်း ကြားရသည်။ တစ်ခါ တလေ လွတ်လပ်ရေး တိုက်ပွဲ မိမိ ၀င် ရောက်ဆင်နွှဲပုံလည်း ပါချင်ပါလိုက်သေး သည်။ ကထိန်အလှူပွဲနှင့် လွတ်လပ်ရေး နေ့ အခမ်းအနားမှားယွင်းနေသလား၊ အောက်မေ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတို့တွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲ တော် ဘာသာရေးဆိုင်ရာ ပွဲတော် အခမ်းအနားများရှိကြသည်။ ၀ါကျွတ်ပွဲ တော်နှင့် တန်ဆောင်မုန်းလ၏ ကထိန် ပွဲတော်သည် ဘာသာရေးနှင့် နွယ်သည်။ ဘာသာရေးဆိုင်ရာပွဲတော်များဖြစ်၍ သရုပ်ပျက်မှုများမလွှမ်းအောင်၊ အမြင် တင့်တယ်အောင်၊ အကြားတင့်တယ် အောင် အလေးကဲ သတိထားရမည်””။ ဘုံကထိန်ပွဲတော်များတွင် ကပ်လှူကြ သော ကထိန်သင်္ကန်းဆိုသည်ကို ကထိန် စီဝရ ဟုခေါ်သည်။ အဓိပ္ပာယ်မှာ တရား နှင့်အညီ ခံယူရရှိသော သင်္ကန်း။ ရှေး အခါ မိုးဥတုအခါသမယ၌ သင်္ကန်းခေါင်း ပါးသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘုရား ရှင်သည် ပါဝေယျက တိုင်းသား ရဟန်း များကို ထိုသင်္ကန်းနှင့် ပတ်သက်၍ ခွင့် ပြုခဲ့ခြင်းဖြစ်၏။ ကထိန်၏ ပညတ် ချက် ကာလမှာ သတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့ရက်အတွင်း ဖြစ်သည်။
ထို့ကြောင့် တစ်နှစ်မှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်းဆိုသော စကား များ အလှူခံရာမှာ ကြားနေရခြင်းကို အများအသိပင်။ တန်ဆောင်မုန်းလပြည့် ညအခါဆိုလျှင် ရွှေတိဂုံဘုရားရင်ပြင် ပေါ်၌ မသိုးသင်္ကန်းရက်လုပ်လှူဒါန်း သည့် ပြိုင်ပွဲများဖြင့် အထူးစည်ကား လျက်ရှိသည်။ ပြုံးပြုံးလေး ကျွန်တော့် ဘေးကထိုင် ရက်ကန်းခတ်သံလေးက အလွန်ပဲမြိုင်၊မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲခင်းပါတဲ့။ လတန်ဆောင် တိုင်ဆိုသော အချိန်ကာလများ။ မသိုး သင်္ကန်းကို သူ့ထက်ငါအပြိုင်အဆိုင် ရက် လုပ်ကြသည်မှာ.. ကထိန်၏ ပညတ် ချက်အရ မသိုးသင်ကန်းကို တန်ဆောင် မုန်းလပြည့်ည ညဉ့် ၁၂ နာရီမကျော်စေ ရန် မလွန်စေရန် ရက်လုပ်ကြခြင်း။ ကထိန်သင်္ကန်းကို ကထိန် စီဝရဟု ခေါ် သလို မသိုးသင်္ကန်းကို အနာဘိ ပဒေါသိက စီဝရဟုခေါ်သည်။
မဟာဘုံကထိန်တန်ဆောင်တိုင်မီး ထွန်းပွဲများ ကျင်းပရာ တန်ဆောင်မုန်း လမှာ ထူးခြားသည့် ၀ိသေသပြု၍ ဆက် နွယ်ပတ်သက်လာသော အမှတ်လက္ခဏာ ကား မဲဇလီ။ ““ဆေးပေါင်းခသောည” သည် တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီအချိန်မှာ ဆွတ်ခူးသော မဲဇလီအဖူး အညွန့်တို့ကို ရည်ညွှန်းသည်။ ထို တန်ဆောင်မုန်းလပြည့်ည ညဥ့် (၁၂) နာရီအချိန်မှာ ကျို၊ ချက် ဖော်စပ်သော ဆေးများသည် အထူးအားဖြင့် ပို၍ ဆေး ဖက်ဝင်သည်ဟု အယူအဆရှိကြသည်။  နောက် တန်ဆောင်မုန်းလ၏ သင်္ကေတ တစ်ခုကား ကျီးမနိုးပွဲ။ မိမိအရပ်ထဲ နောက်ပြောင် ကျီစယ်သော ဟိုအိမ်က ပစ္စည်း ဟိုရွှေ့၊ သည်အိမ်ကပစ္စည်းဟိုမှာ ထား၊ အပျော်အခြေခံပွဲဖြစ်သော်လည်း ဥပဒေနှင့်အညီ ဆိုလျှင် ရှုပ်ထွေးမလျော် ကန်မှုများရှိ၍…. နောက်ပိုင်းဆို ဓလေ့ထုံးတမ်းပွဲကား နည်းသွားပြီ။ သြော်..စုပေါင်း မဟာဘုံကထိန် ပွဲ တော်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ကား မြန်မာတို့၏ ချစ်လှစွာသော အထွတ်အမြတ်ထားသော ဗုဒ္ဓဘာသာ ရိုးရာ၊ ဘာသာရေးပွဲတော်။ ခုရက်ပိုင်း  အတွင်း ထိုကထိန် ရိုးရာ ဘာသာရေးပွဲ တော်များအတွက် အလှူခံဌာနများဖွင့်၍ အလှူခံသလို အရပ်ထဲလှည့်၍ အုပ်စုဖွဲ့ အလှူခံများလည်းရှိသည်။ အလှူခံနေ သည်က ဘာသာရေးပွဲတော် ဘာသာ ရေးကိစ္စ။ သို့သော် ဆိုက်ကားပေါ်မှာ လက်တွန်းလှည်းပေါ်မှာ အားကောင်း လွန်းသော ဆောင်းဘောက်ကြီးများတင် ၍ ဖွင့်ထုတ်နေသည်ကံHip Hopံသံစဉ်ပါက်ကွဲမှုသံစဉ် တီးလုံးများ၊ သီချင်း  များ အိုးလေး အိုးလေး လှုပ်ပါဟေ့၊ အိုး လေးလှုပ်ပါဟေ့..၊ အရက်သမားမှန်ရင် ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်..၊ ပျော်ပျော်၊ ပျော် သင်္ကန်းကျွန်းကတို့ရဲ့ ကိုကြီးကျော်။ သြော်… လုပ်ကြပါဦး အရပ် ကတို့ဟု ပါးစပ်မှ မအော်မိရန် ရင်ထဲမှာ မနည်း ထိန်းချုပ်လိုက်ရသည်။ သားစိုး၏ ““က၊ ကဟေ့ မျောက်ကလေး က၊ ဘုရား ဖူးတွေလာနေပြီကွာ၊ ဘုရားဖူးတွေ လာ နေပြီကွာ။ ရှေ့ ဂျွမ်းလေးထိုးလိုက်ပါ လား၊နောက်ဂျွမ်းလေးထိုးလိုက်ပါလား ဆိုလျှင် တော်သေးရဲ့။ သီချင်းစာသား မှာ ဘာသာရေးနှင့်ဆိုင်သော ဘုရားဖူး ဆိုသည်ပါနေသေးသည်လေ။
သြော် ကျွန်တော့်စိတ်ထဲမှာကား   ဤလွဲဟမှုကိုကြည့်၍ စိတ်မချမ်းမြေ့။ ဓမ္မ၊ ပူဇာတေးများ၊ အခြားညင်သာသည့် ဘုံကထိန်ပွဲတော်ဆိုင်ရာ တေးများနှင့်ဆို လျှင်…။ တစ်ချိန်က အဆိုတော်ကြီး ဒေါ်မာမာအေး၏ ဘုံကထိန်xဘုံကထိန် ဘုံကထိန် လှည့်လို့လာ.. ရှေ့ပိုင်းက ခေါင်းပေါင်းဖြူ၊ ကညာပျိုနဲ့ ဇရာအို၊ နှစ် ကိုယ့်တစ်စိတ်၊ ကကြည့်လို့ အလွန်ကောင်း ဆိုသော ကြားရခဲ သီချင်းမျိုးနှင့်ဆိုလျှင် မြင်လို့၊ ကြားလို့ ကောင်းပေဦးမည်။ ခု တော့ သင်္ကြန်ရေပက်ခံ မဏ္ဍပ်များမှာ ပေါက်ကွဲမှု သံစဉ်တေးများဖွင့်၍ မူးယစ် ရီဝေစွာ ရူးသွပ်ပျော်ရွှင်စွာ ဖွားဖွားစင် ရေမှုန်ရေမွှားများကြား ကခုန်နေကြပုံ မြင်ကွင်းကို ပြန်လည် သတိရသည်။
ဤသည်က သင်္ကြန်။ ဂီတရေစီး ကြောင်း ပြောင်းသလို ယဉ်ကျေးမှုလည်း ရွှေ့လျားတတ်သည့်သဘောကို သိသော် လည်း မိမိတို့၏ အလှူခံနေသည်ကိုက ဘာသာရေးဆိုင်ရာ ပွဲတော်။ ဤသည်ကို မူအလေးထား သတိပြုဆင်ခြင်သင့် သည်။
နိဂုံးအားဖြင့် ကျွန်တော်သည် “သီတင်းကျွတ်၊ ပွဲတော်ကြီးပြီးတော့ တန် ဆောင်မုန်း၊ တန်ဆောင်တိုင် ဆီမီးက မြိုင်၊ မသိုးအလှ မြတ်သင်္ကန်းကပ်ဖို့ ရွှေ တိဂုံကုန်းတော် မြိုင်မြိုင်ဆိုင် ကထိန် သင်္ကန်းကပ်ဖို့ ကပ်လှူလို့ မဆုံး ချစ်ပြုံး သူ ကေသီခိုင် ပြုံးပြုံးလေး ကျွန်တော့် ဘေးထိုင် ယက်ကန်းခတ်သံလေးက အလွန်ပဲမြိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန် ဆောင်တိုင်၊ တစ်နှစ်ထက်တစ်နှစ်မို့ သူ့ ကိုသာပဲ ချစ်တေးတွေမှာလှိုင်”ဆိုသော သီချင်းစာသားကို စီတန်းလှည့်လည်လာ သော ဘုံကထိန် ပဒေသာပင်များနှင့် တန်ဆောင်တိုင် ည၏ ရောင်စုံမီးလုံးလှ လှလေးများကြားမှာ ပျံ့လွင့် သတိရနေ သည်။

စည်သူမြသန်း
Hot News  

No comments:

Post a Comment