ကျွန်တော်သည် အစိုးရဌာနဆိုင် ရာ ရုံးများသို့ ယခင်ကထက်စာလျှင် အရောက်အပေါက် ကျဲသွားခဲ့ပြီဟု ယျေဘုယျဆိုနိုင်သော်လည်း ယခုရက်ပိုင်းအတွင်း နေရာဌာနနှစ်ခုသို့ တိုက်ဆိုင်စွာ ရောက်ရှိခဲ့ပါသည်။ ပထမ သွားရောက် ခဲ့သော နေရာမှာ မိတ်ဆွေတစ်ယောက် ရှိရာ မြို့နယ်တစ်ခု၏ ရဲစခန်းသို့ဖြစ်ပြီး ထိုနေရာကို ယခင်ကလည်း ရောက်ခဲ့ ဖူးသည်ဖြစ်၍ ကျွန်တော်နှင့် မစိမ်းလှဟု ဆိုရပေမည်။ သို့ဖြစ်သည့်အတိုင်း ယခု တစ်ကြိမ်ရောက်ရှိချိန်၌ ဦးစွာ ကျွန်တော် သတိထားလိုက်မိသည်မှာ ရဲစခန်းဝင်း အ၀င်ဝရှိ ကင်းတဲ၌ ယခင်ကလို ယူနီ ဖောင်းဝတ်အမျိုးသမီးများ ကင်းစောင့် နေသည်ကို မတွေ့ရတော့ခြင်းပင်ဖြစ်ပါ သည်။
ကျွန်တော်သိရှိထားသည်မှာ ယခင်က ဆိုလျှင် ထိုနေရာ၌ စခန်းမှတပ်ဖွဲ့ဝင် ရဲဇနီးများအလှည့်ကျ ကင်းစောင့်နေရ ခြင်းဖြစ်ရာ ထိုအကြောင်း ကျွန်တော့် မိတ်ဆွေအားမေးမြန်းစပ်စုကြည့်သော အခါ အထက်မှ ညွှန်ကြားချက်အရ အမိန့်ပေးခိုင်းစေခွင့်မရှိတော့သဖြင့်အပြီး တိုင် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရတော့သည်။ ထိုသို့သိလျှင် သိချင်ပင် ကျွန်တော့်အနေဖြင့် အဓိပ္ပာယ်ရှိသည့် ကောင်းသော အပြောင်းအလဲတစ်ခု ပေ တကားဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိ ပါသည်။
နောက် ဒုတိယတစ်ခုအဖြစ်မကြာ မီက ကျွန်တော်ရောက်ခဲ့ပြန်သော နေ ရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ လက်အောက်ခံဌာန တစ်ခု၌ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအနည်း ငယ်ရှိနေ၍ မြို့တော်ခန်းမသို့ သွား ရောက်ရခြင်းဖြစ်ပါသည်။ ထိုနေ့က ကျွန် တော်သည် ဂျာနယ်တိုက်တစ်ခုမှ အပြန် ဘေးလွယ်အိတ်နှင့် အထုပ်တစ်ထုပ် လည်း တစ်ပါတည်း ပါသွားသေးသည် ဖြစ်ရာ အောက်ထပ်အ၀င်ဝရှိ ဧည့်စစ် ဂိတ်စုံစမ်းရေးဌာန အရောက်တွင် အခက်တွေ့ရတော့ခြင်းဖြစ်သည်။ သွား နေကျမဟုတ်သဖြင့် ကျွန်တော် ကြိုမသိ ထားသော မြို့တော်ခန်းမ၏ စည်းကမ်း ကန့်သတ်ချက်မှာ လူ့အသုံးအဆောင် တိုလီမိုလီပစ္စည်းမှလွဲ၍ မည်သည့်အိတ် နှင့် အထုပ်အပိုးများကိုမှ ယူဆောင်ဝင် ရောက်ခွင့်မရှိဟု သိလိုက်ရတာပဲဖြစ်ပါ သည်။ ကျွန်တော့်တွင် မှတ်ပုံတင်၊ စာပေ အဖွဲ့ဝင်ကတ်နှင့် ၀န်ထမ်းကတ်အဟောင်း အချို့ပါလာခဲ့သည့်တိုင် ဘာတစ်ခု အသုံး မှ မတည့်။
ကျွန်တော်အတော်စဉ်းစားရကျပ် သွားတော့သည်။ မြောက်ဥက္ကလာတွင် နေသော ကျွန်တော့အဖို့အနီးအနား တွင်လည်း အသိတစ်ယောက် တလေမှ မရှိ။ ဖြစ်ချင်တော့ ကျွန်တော့်နည်းတူ သားရေအိတ်အနက် တစ်လုံးပါလာ သည့် သက်ကြီးပိုင်းလူတစ်ယောက်လည်း ဆင်ဝင်အောက်တွင် အကျပ်ရိုက်နေ သည်ကို တွေ့ရသေးရာ သူနှင့်ကျွန်တော် ဘ၀တူတွေမှန်း သိလိုက်ရချိန်၌ သူက ““တခြားရုံးတွေကို ရောက်ခဲ့ဘူးပါတယ် ဗျာ။ ဒီကိုပဲ တစ်ခါမှ မရောက်ဖူးတာ။ နောက်ဆိုအိမ်က လူတစ်ယောက်အပို ခေါ်လာ ရမလိုတောင်ဖြစ်နေပြီ။ လုံခြုံ ရေးအရဆို တာတော့ ဟုတ်ပါတယ်။ သမ္မတကြီးပြောတဲ့ ပြည်သူ့ဝန်ထုပ်ဝန် ပိုဆိုတာနဲ့ ကျတော့ မကိုက်ညီဘူးဗျ။ အခုပဲ ကျွန်တော် ဆူးလေဘုရားပေါ်က ဆင်းလာတာလေ။ ဖိနပ်ကလေးအပ် ထားခဲ့လို့ရတယ်ဗျာ။ ဘယ်လောက် အဆင်ပြေလဲ””ဟူ၏။
မှန်ပါသည်။ ကျွန်တော်လည်း စိတ် ပျက်လက်လျှော့ပြီး ပြန်ခဲ့သည့် လမ်းတစ် လျှောက်တွင် မိတ်ဆွေကြီး ပြောခဲ့သော စကားများ မမှားတန်ကောင်းဟု ယူဆမိ သည့် အားလျော်စွာ ဆက်လက်အတွေး ပွားနေမိပြန်သည်။
ယနေ့အချိန်အခါသည် ကျွန်တော် တို့ နိုင်ငံ၌ ပြောင်းလဲလာစေသော ခေတ် စနစ်များနှင့်လိုက်ဖက်ညီစွာ ““ဒီမိုကရေစီ””၊ ““ပြည်သူ့ဗဟိုပြု””၊ ““တရားဥပဒေ””၊ ““နိုင်ငံ သားအခွင့်အရေး””၊ ““သာတူညီမျှမှု””၊ ““ Win-Win ”” အစရှိသည့် ဝေါဟာရ အသုံးအဲနှုန်းများ လူထုကြားထဲ ပျံ့နှံ့လာ ပြီဖြစ်သည့်အလျောက် ဘုရား၊ ပုထိုး၊ စေ တီများအပါအ၀င် လေဆိပ်၊ ဈေးဝယ်စင် တာ၊ ဌာဆိုင်ရာ၊ ကုမ္ပဏီရုံးခန်း၊ ပုဂ္ဂလိက စတိုးဆိုင်နှင့်စာအုပ်ဆိုင်များမှာပါမကျန် ရောက်လာသူ ဧည့်သည်တို့နှင့်အတူ ပါ လာတတ်သော ပစ္စည်း၊ ပစ္စယအချို့အား ခေတ္တသိမ်းဆည်းစောင့်ရှောက်ပေးထား ခြင်းဖြင့် ကောင်းမွန်သည့်ဝန်ဆောင်မှု ဓလေ့များ ကျင့်သုံးလာကြပြီကို လူတိုင်း လည်း သိရှိနေကြပါသည်။
ဤအခြေအနေတွင် အရေးကြီး ကန့်သတ်ဧရိယာများမှလွဲ၍ အစိုးရရုံး၊ ဌာနများအနေဖြင့်လည်း လုံခြုံရေးမလစ် ဟင်းစေရပဲ ပြည်သူတို့ အဆင်ပြေလွယ် ကူချောမွေ့စေမည့် ၀န်ဆောင်မှုနည်း လမ်း ကောင်းများနှင့်ပါတွဲဖက်ဖော် ဆောင်သွားသင့်မည်ဟု ထင်မြင်ယူဆ မိပါသည်။
အာဝါသ
Hot News
No comments:
Post a Comment