Monday, November 19, 2012



အမေရိကန်ပြည်ထောင်စု၏ သမ္မတဘားရတ်ဟူစိန်အိုဘားမား၏ နာရီပိုင်းမြန်မာပြည်ခရီးစဉ်အတွင်း  ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းဘသင် ခန်းမ၌ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်းရှိ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံခဲ့ပြီး။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်၊ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အပြုသဘောဆောင်သော အကြံပြုချက်များနှင့် ပတ်သက်၍ ဗေဒါအင်စတီကျူမှ ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းအား သဘော  ထားအမြင်များအား တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါသည်။
သမ္မတအိုးဘားမားရဲ့ မြန်မာ ပြည်ခရီးစဉ်မှာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်
တွေအပေါ်ဝေဖန်ပြသွားတယ်လို့ သိရပါတယ်။ ဘယ်အရာကို အခြေခံပြီး ဝေဖန်သွားခဲ့ပါသလဲ။
အဓိကကတော့ သူ့ရဲ့ခရီးစဉ်  ကို ကျွန်တော်တို့အနေနဲ့ကြိုဆို တယ်။ ဘာလို့ဆိုတော့ သူရဲ့ခရီး စဉ်ဟာ ဒီအစိုးရရဲ့ အပြုသဘော  ဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး တွေကို အကြံပြုသွားတယ်။ သူက အမေရိကန်ကနေပြီးတော့ ပြော တာမဟုတ်ဘူး။ ဒီကိုလာပြီး ဒီက အစိုးရကိုအကြံပေးတာ ဒါဟာ အစိုးရအပေါ်ပြီးတော့ အစိုးရ အနေနဲ့ ကျန်အတိုက်အခံအင်အား  စုတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ ငြိမ်းချမ်းရေးဆောင်ရွက်တာကို အသိအမှတ်ပြုတာ။ ဒါဟာ သူ့ရဲ့ သဘောထားကိုအတိအလင်းကမ္ဘာ သိအောင်ပြလိုက်တာပဲ။ အဓိက  မစ္စတာအိုဘားမားအစိုးရအပေါ်   ဝေဖန်သွားတာကတော့ လူတွေ ကိုလူလိုမြင်ဖို့နဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာကိုအလေးထားဖို့ပဲ။
အိုဘားမားအနေနဲ့ မကြာခင်က နိုင်ငံတကာ ISSUE အသွင်ဖြစ်ခဲ့ တဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။
ဒီရခိုင်ကိစ္စကတော့ ဘာသာ  ရေးကိစ္စမဟုတ်ဘူး။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးပိုင်းအားနည်းချက် ကိစ္စဖြစ်တယ်ဆိုတာကို သူ့အနေနဲ့လည်းလက်ခံတယ်။ အဓိကတော့  သူ့အနေနဲ့ ဒီရခိုင်ကိစ္စကိုဘာမှ သိတာမဟုတ်ဘူး။ ဘာမှလေ့လာ  ဖြစ်တာလည်းမဟုတ်ဘူး။ ဒါပေမဲ့   သူရဲ့အတွေ့အကြုံအရ ဒီကိစ္စဟာ  လူဝင်မှုကြီးကြပ်ရေးပိုင်းရဲ့ အား နည်းချက်ဖြစ်တယ်ဆိုတာကို ထောက်ပြသွားတယ်။
ပြည်တွင်းကို သူ့အနေနဲ့ ဘယ်လို အကူအညီမျိုးတွေပေးဖို့အစ်ကိုတို့ နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အဓိကကတော့ ကျွန်တော် တို့ အိုဘားမားနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ မြန်မာလူငယ်တွေကို  ပညာရေးအခွင့်အလမ်းတွေပိုပေး  ဖို့ ဆွေးနွေးဖြစ်တယ်။ ခေတ်စနစ်   ကြောင့် နိမ့်ကျခဲ့တဲ့ မြန်မာ့ပညာ ရေးနိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်အောင် ပြန်လည်မြင့်တင်နိုင် ဖို့ မြန်မာလူငယ်လေးတွေကို ပညာရေးအခွင်းအလမ်းတွေပေးဖို့  ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူ့အနေ နဲ့ကလည်း မြန်မာပြည်သူတွေရဲ့ အသံကိုနားထောင်ဖို့ရောက်လာ  တာလေ။ ဒီတော့ မြန်မာပြည်သူ တွေရဲ့ အခက်အခဲတွေ သူအနေ နဲ့ ကူညီပေးနိုင်တာလေးတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူရဲ့ သဘောထားအမြင်ရဲ့ ဝေဖန်ထောက်ပြခဲ့မှုကရောဘယ် လိုရှိပါသလဲ။
သူပြောသွားတဲ့ထဲမှာ လူကို လူလို့ပဲမြင်ဖို့ လူကိုတန်ဖိုးထားဖို့ နဲ့ လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကိုတန်ဖိုးထားဖို့ကို ပြောသွားတယ်။ သူပြောတာက လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက် တွေအပေါ်အပြုသဘောဆောင် တဲ့အနေနဲ့ အကြံပြုသွားတာပါ။ လူတိုင်းဟာ တရားဥပဒေအောက် မှာ အားလုံးတန်းတူညီတူရှိရမယ် ဆိုတဲ့အတိုင်းအားလုံးအခွင့်ရေး တွေ တန်းတူရရှိဖို့ အဲသလိုရရှိဖို့  ဆောင်ရွက်တဲ့အခါမှာလည်း ဘက်လိုက်မှုတွေ ခြစားမှုတွေမဖြစ်  အောင် အစိုးရအနေနဲ့ ဦးစီးပြီး တည့်မတ်ပေးဖို့စတာတွေကိုဝေဖန် ပြတာတော့ရှိပါတယ်။
သမ္မတအိုဘားမားရဲ့ မိန့်ခွန်းထဲက နေပြီးတော့ အနှစ်သက်ဆုံးစကား တစ်ခုခုများရှိမလား။ ရှိရင်လည်း သိပါရစေ။ ပြီးတော့အဲဒီစကားရဲ့ သက်ရောက်မှုကိုလည်းသိပါရစေ။
သမ္မတအိုဘားမားမိန့်ခွန်းက    တိုပါတယ်။ ဒါပေမဲ့ အဲဒီမိန့်ခွန်းထဲက တစ်ခုကိုတော့ သဘောကျ   တယ်။အဲဒါကို သူ့အနေနဲ့ အမေရိ ကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ စစ်ရေးစတာတွေရဲ့ အကြီးအမှူး သမ္မတဖြစ်ပေမယ့်လည်း ဥပဒေကို  လေးစားလိုက်နာပြီး၊ ဥပဒေအောက်  မှာပဲ ပြည်သူတွေနဲ့ တစ်သားထဲ နေတယ်ဆိုတာမျိုး ဒီလိုစကားမျိုး  ကကြတော့ သူ့ရဲ့အတွေ့အကြုံ သူကျင့်သုံးတဲ့မူဝါဒနဲ့ ပတ်သက်ပြီး  ဒီနိုင်ငံကို အပြုသဘောဆောင်တဲ့  Message ပေးလိုက်တာပဲ။ ဒီစကား  ရဲ့ သက်ရောက်မှုကတော့ ကမ္ဘာ အကြီးဆုံးနိုင်ငံကြီးရဲ့ ခေါင်းဆောင် ဖြစ်တဲ့သူတောင်ဥပဒေအောက်မှာ ပဲနေတယ်ဆိုတော့ သူရဲ့ဒီမူဝါဒကို ကျန်နိုင်ငံတွေအနေနဲ့ကလည်း အတုယူစေလိုတဲ့သဘောဖြစ်သွား ပါတယ်။
နောက်ဆုံးအနေနဲ့ အမေရိကန် သမ္မတတစ်ဦးရဲ့ မြန်မာပြည်ခရီး စဉ်အပေါ်ဘယ်လိုရှုမြင်သုံးသပ်မိပါ သလဲ။
ကျွန်တော်တို့နိုင်ငံဟာ အချိန်တွေအကြာကြီးအထီးကျန်  ဆန်မှုတွေ ပစ်ပယ်မှုတွေခံခဲ့ရ တယ်။ ခုအိုဘားမားရဲ့ သမိုင်းဝင်ခရီးစဉ်ဟာ ကျွန်တော်တို့မြန်မာ နိုင်ငံဟာ အထီးကျန်မဟုတ်တော့  ဘူးဆိုတာ သက်သေပြနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုကိုလည်းပြောလို့ရ ပြီ၊ ပြီးတော့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်၊ အပြန်အလှန်လက်တွဲလုပ်ဆောင်နေမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရောက်လာတဲ့ခရီးစဉ်တစ်ခုလို့မြင် မိပါတယ်။


ခန့်ခန့်(ဒဿနိက)
Hot News    

No comments:

Post a Comment