အဆိုပါ ညှိနှိုင်းပွဲတွင် ကုမ္ပဏီ တာဝန်ရှိသူများနှင့်ရေနံလုပ်သား များ ညှိနှိုင်းမှုအဖြေအား ရေနံ လုပ်သားများဘက်မှ ကျေနပ်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ(၁၆)ရက်တွင် သုခမြိုင် ရေနံမှော်လုပ်သားများထဲမှ ဦး ဆောင်မည့်သူတစ်ဦးHot News Journal သို့ ပြောကြားခဲ့ပါ သည်။
ဆက်လက်ပြီး ရေနံဈေးကို အခြားကုမ္ပဏီတွေက တစ်သိန်း ကျော်ပေးနေတဲ့အချိန်မှာ Moe&More ဒါရိုက်တာ ဦးသိန်းဝင်းအောင်က အရင် ၇၅၀၀၀ ကျပ်ကနေ ယခု ၈၀၀၀၀ကျပ်ထိ ပဲ တိုးပေးနိုင်မယ်လုပ်ချင်တဲ့သူ လုပ်မလုပ်ချင်တဲ့သူမလုပ်နဲ့ဆိုတဲ့ စကားကပိုမကျေနပ်စရာဖြစ်ခဲ့ ကြောင်း သို့အတွက် ငြိမ်းငြိမ်း ချမ်းချမ်းပြီးရမည့်ကိစ္စမှာ ဆန္ဒပြ တောင်းဆိုဖို့ အထိဖြစ်လာရ ကြောင်း နိုဝင်ဘာ(၂၇)ရက်မှာ ဆန္ဒပြမည်ဖြစ်ကြောင်း အထက် ချင်းတွင်းလူငယ်များကွန်ရက်မှ ကိုကြည်ရအောင်မှတဆင့် Hot News Journal သို့ ပြောပြသွားပါ သည်။
မင်းရဲစစ်နိုင်
Hot News
No comments:
Post a Comment