အဆိုပါသတင်းများ၌ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုဘားမားပုံစံတူလူ ရုပ်ကြီးများဖြင့်လည်း ကြိုဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ခရီးစဉ်အား မြန်မာပြည်သူများမှ ကြိုဆိုလိုလျှင် လုံခြုံရေးအခြေ အနေပေါ်မူတည်ကာ ကြိုဆိုခွင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာအစိုးရနှင့်
နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကြိုဆိုမှုအဖြစ် ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းနှင့် ရွှေဂုံတိုင် Excel Tower အနီးတွင် အိုဘားမား၏ ရုပ်ပုံ၊ မြန်မာနိုင်ငံအလံနှင့် အမေရိကန်နိုင်ငံအလံတို့ကို ပေါင်းစပ်ထားသည့် Welcome Obama စာသားပါ Graffiti ရုပ်ပုံတစ်ခုကို မြန်မာလူငယ်တစ်စုက ရေးဆွဲခဲ့သည်။ တံဆိပ်ရိုက်လုပ်ငန်းများတွင်လည်း အမေရိကန်သမ္မတ လာရောက်လျှင် ကြိုဆိုရန်အတွက် ပြင်ဆင်နေသူများက အမေရိကန်နိုင်ငံ အလံများ ၀ယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါး နယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့် ကာလအထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေတ်သမိုင်း အဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့် နေရာဖြစ်သလို . . . |
ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့်ကာလ အထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င်ခေတ် သမိုင်းအဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့်နေရာ ဖြစ်သလို၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့်ဖြစ်စဉ်များ ရန်ကုန်တက္ကသိုလ် နယ်မြေတွင် ပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည်။
အမေရိကန်သံရုံး တာဝန်ရှိသူများ က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း လုံခြုံရေးနှင့် ပတ်သက်သော ဆောင် ရွက်မှုများ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်အား ပြင်ဆင်နေမှုများကို လာရောက် ပြုလုပ်လျက်ရှိသည်။
အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များအတွက် အထောက်တစ်စုံ တစ်ရာအကူပြုနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း နှင့်မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးပြောင်းလဲမှု တစ်ခုဟု သုံးသပ်မှုများလည်း ရှိနေသည်။
“သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အသိအမှတ်ပြုတာ ဖြစ်သလို အမေရိကန်-မြန်မာ သံတမန် အဆက်အသွယ် ပိုမိုခိုင်မာလာစေတယ်လို့ ကျွန်တော့်အနေ နဲ့ယူဆပါတယ်။ ကိုယ်တိုင်ကြိုဆိုခွင့် ရခဲ့မယ် ဆိုရင်တော့ အမေရိကန်သမ္မတကို သွားကြိုမှာပါ”ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ ကိုနိုင်နိုင်ထက်က ပြောပါသည်။
“အိုဘားမားက ပထမအကြိမ် ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာက သူသာသမ္မတဖြစ်ခဲ့မယ် ဆိုရင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ သူကတကယ်တမ်း သမ္မတလဲ ဖြစ်လာရော သူ့ကတိအတိုင်း ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်။ သူလုပ်ဆောင်ခဲ့တဲ့ ပြောင်းလဲမှုတွေမှာ မြန်မာ -အမေရိကန် ဆက်ဆံရေးလဲ ပါဝင်တယ်။ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံရဲ့ သဘောထားတွေ လည်း ပြောင်းလဲလာခဲ့တယ်။ အမေ ရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းလဲမှုဟာ အနောက် အင်အားကြီး နိုင်ငံတွေအပေါ်လည်း အတော်လေး သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုသူလို လူမျိုး လာရောက်တာကို ကြိုဆိုပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်တွင် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက လည်းကြိုဆိုခဲ့ကြပြီး နိုင်ငံတကာ၏ မြန်မာနိုင်ငံကို ဆက်ဆံရေးပြောင်းလဲ မှုတစ်ခုဟုရှုမြင်ကြောင်း ပြောကြားမှု များလည်းရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ သမိုင်းဌာန ပါမောက္ခဒေါက်တာ ခင်စောနွယ်က “မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက် လာတယ်ဆိုတာကို ၀မ်းပန်းတသာ ကြိုဆိုပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပြီး လာတယ်ဆိုတာကို ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေးထူ ထောင်လာနိုင်တာဟာ မြန်မာနိုင်ငံအနေ နဲ့ကမ္ဘာ့ အသိုင်းအ၀ိုင်းကို ၀င်ဆံ့လာတယ်လို့ ဆိုနိုင်တယ်။ ပူပူနွေးနွေး ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမေရိကန် သမ္မတတစ်ယောက် ကျွန်တော်တို့ နိုင်ငံကိုလာရောက်ခြင်းဟာ ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ” လူငယ်အဆိုတော် ရသက ပြောကြားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ကိုပြုံးချိုက “ကမ္ဘာ မှာဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတွေကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့ပြီး ကျေညက်နေတဲ့ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ သမ္မတကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံမှာ တွေ့သင့်တွေ့ထိုက်တဲ့သူကို တွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို တိုးမြင့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူထုက တိုက်ရိုက် ရွေးချယ်ထားတဲ့သမ္မတ၊ လူထုကိုအမြဲတမ်း မျက်နှာမူထားတဲ့ စံနှုန်းတွေကိုပိုင်ဆိုင်ထားတဲ့ သမ္မတတစ်ယောက်၊ အဲဒီ စံနှုန်းတွေကို သွားနေတဲ့ တိုင်းပြည်တစ်ခုက ပြည်သူတွေဆီကို ကောင်းမွန်တဲ့ သတင်းစကားတွေ သယ်ဆောင် ပေါင်းကူးနိုင်တဲ့ခရီးစဉ်လည်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အ၀န်း အ၀ိုင်းက အာရုံစိုက်နိုင်လောက်တဲ့ခရီး စဉ်တစ်ခုလည်းဖြစ်တဲ့အတွက် ဒီခရီး စဉ်ကို ကြိုဆိုပါတယ်”ဟု ပြောကြား ခဲ့သည်။
“အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုရေစီရရှိရေးအတွက် သမ္မတကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လာတယ်လို့ဆို နိုင်တယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း မျှော်လင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစောသန်း မြင့်က ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် အရှေ့တောင် အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက် မှ ၂၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် မှ အတည်ပြု ပြောကြားထားသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က “အမေရိကန် မြန်မာဆက်ဆံရေးကို ပြန်ကြည့်ရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လုံးဝမကောင်းခဲ့ပါဘူး။ ဖဆပလ အစိုးရခေတ်မှာလည်း တရုတ်ဖြူ ကျူးကျော်မှုနဲ့ပတ်သက်ပြီး ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။ ၁၉၆၂ခုနှစ်တပ်မတော် အာဏာသိမ်းခဲ့မှုက အမေရိကန်မြန်မာ ဆက်ဆံရေးကို ပိုပြီးတော့ အေးစက်စက် ဖြစ်စေခဲ့ပြီး ဆက်ဆံရေး မရှိသလောက် ဖြစ်ခဲ့တယ်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်က အာဏာသိမ်း လိုက်တဲ့အခါ အမေရိကန်မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက် မှာတော့ ဆက်ဆံရေး ပြန်ပွင့်လာပြီး အမေရိကန်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံကို လာမယ်ဆိုတာ အမေရိကန် မြန်မာဆက်ဆံရေးဟာ ပိုမိုလေးနက်ပြီး အနှစ်သာရရှိလာတယ်လို့ ယူဆပါတယ်” ဟု ပြောပြခဲ့ပါသည်။
အခု အမေရိကန်သမ္မတဟာ သူ့ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍ အသီးသီးမှာ အမေရိကန်ရဲ့အကူအညီ တွေရရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း လွယ်လင့်တကူ တိုးတက်လာမယ်လို့ ယုံကြည်တဲ့ အတွက် အမေရိကန်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”ဟု ဦးဝင်းကြိုင်က ဆက်လက် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခြင်းခံ ခဲ့ရသော အိုဘားမားသည် ခရီးစဉ် အတွင်းတွင် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာ လမ်းရှိသူမ၏ နေအိမ်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
မြန်မာ-အမေရိကန် ဆက်ဆံရေး
၁၈၁၃ - ရန်ကုန်သို့အသက် ၂၅ နှစ်အရွယ် အမေရိကန်လူငယ် မစ္စတာအဒိုနိရမ်ဂျပ်ဆင်၊ မြန်မာအခေါ် ဆရာ ယုဒသန်ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံအကြား ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုလဲလှယ်ရေး အုတ်မြစ်ကို ပထမဦးဆုံး စိုက်ထူခဲ့သည်။
၁၈၅၆ - မင်းတုန်းမင်း တရားကြီးသည် မိမိထံအခစား ရောက်နေသော အမေရိကန်နိုင်ငံသား သာသနာပြု ဆရာဒေါက်တာကင်းကိတ်မှ တစ်ဆင့် အမေရိကန်သမ္မတ ဂျိမ်းဘူကနင်ထံ ချစ်ကြည်ရေး သ၀ဏ်လွှာပေးပို့ခဲ့ပြီး ၁၈၅၇ ခုနှစ်တွင် ဂျိမ်းဘူကနင်ကလည်း ချစ်ကြည်ရေး သ၀ဏ်လွှာ တုံ့ပြန်ခဲ့သည်။
၁၉၄၇ - အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ပြီး ရန်ကုန်တွင် အမေရိကန်သံရုံးဖွင့်လှစ်ခဲ့ကာ အောက်တိုဘာတွင် ပထမဆုံး အမေရိကန် သံအမတ်ခန့်အပ်ခဲ့သည်။
၁၉၄၈-၅၃ - အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေး အကူအညီပေးခဲ့သည်။
၁၉၅၃ - အမေရိကန် ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး လာရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် တွေ့ကြုံခဲ့ရသည်။
၁၉၅၅ - ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် ရန်ကုန်သို့ ရောက်ရှိလာပြီး ၀န်ကြီးချုပ်ဦးနုအပါအ၀င် မြန်မာထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။
၁၉၅၆-၆၄ - ၁၉၅၆ ခုနှစ်မှစ၍ အမေရိကန်က မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အကူအညီများပေးခဲ့ပြီး ဗိုလ်ချုပ် နေ၀င်း၏ တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်တွင် ယင်းအကူအညီများရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနစ်အထိ အမေရိကန်၌ မြန်မာစစ်တပ်အရာရှိ ၁၀၀၀ ခန့် သင်တန်း တက်ရောက်ခဲ့သည်။
၁၉၅၇ - မြန်မာသမ္မတဦးဝင်းမောင် အမေရိကန်သို့ ဆေးကုသရန် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံခဲ့သည်။
၁၉၆၆ - စက်တင်ဘာတွင် ဗိုလ်ချုပ်နေ၀င်း အမေရိကန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး အမေရိကန် သမ္မတ လန်ဒန်ဘီဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။
၁၉၇၄ - အမေရိကန်အစိုးရနှင့် မြန်မာအစိုးရကြား မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်ချုပ် ဆိုခဲ့ပြီး ယင်းအတွက် ဆေးဖျန်းရဟတ်ယာဉ် ၂၀၅ စီး ရန်ကုန်သို့ ပေးပို့ရန် သဘောတူညီခဲ့သည်။
၁၉၈၈ - တစ်နိုင်ငံလုံး လူထုအုံကြွမှု ဖြစ်ပွားနေသော စက်တင်ဘာလတွင် အမေရိကန် အာရှနှင့် ပစိဖိတ် ရေးရာဆပ်ကော်မတီဥက္ကဋ္ဌစတီဖင်ဂျေဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတသစ် ဒေါက်တာမောင်မောင် နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
၁၉၈၈ - နိုဝင်ဘာတွင် အမေရိကန်အောက်လွှတ်တော် အမတ် ဒန်နာရိုရာဘက်ချာ ထိုင်း-မြန်မာနယ်စပ်ရှိ သေးဘောဘိုကျောင်းသားစခန်းသို့ ရောက်ရှိလာပြီး ဆန္ဒပြမှုကို စစ်တပ်က ဖြိုခွင်းခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာ သူများကို စိတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးထောက်ပံ့မှုများပြုလုပ်သွားမည်ဟု ကတိပေးခဲ့သည်။
၁၉၉၀ - အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်ခဲ့သည်။ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သောကြောင့် သံတမန်ဆက်ဆံရေးကို သံအမတ်အဆင့်မှ သံရုံးတာဝန်ခံအဖြစ်သို့ အဆင့်လျှော့ချခဲ့သည်။
၁၉၉၄ - ဖေဖော်ဝါရီတွင် အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆင်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် တွေ့ဆုံခဲ့ပြီး သမ္မတဘီလ်ကလင်တန်၏ စာတစ်စောင်ကို ပေးအပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က အဆုံးအဖြတ်ပေးလိမ့်မည်ဟု ထိုင်းနိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၁၉၉၅ - စက်တင်ဘာလတွင် နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မက်ဒယ်လိန်းအောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
၁၉၉၇ - မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံခဲ့ခြင်းအပေါ် အမေရိကန်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
၂၀၀၃ - မေ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းကြောင့် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်ခဲ့သည်။
၂၀၀၈ - မေလတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူများကို အကူအညီပေးရန်ရေနှင့် အစားအသောက်များ တင်ဆောင်လာသော အမေရိကန် ရဟတ်ယာဉ်များကို စစ်အစိုးရက ၀င်ခွင့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် နယ်စပ်တွင် သုံးပတ်ကျော်ကြာ သောင်တင်နေခဲ့ရပြီး ကယ်ဆယ်ရေးပစ္စည်း ဒေါ်လာ ၁ ဒသမ ၂ သန်းခန့် တင်ဆောင်လာသည့် လေယာဉ်များကိုမူ ခွင့်ပြုပေးခဲ့သည်။
၂၀၀၉ - သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံခဲ့သည်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဆယ်စုနှစ်များစွာ အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင်တစ်ဦးနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရခဲ့သော အမြင့်ဆုံးအရာရှိဖြစ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ် သော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၀၉ - စက်တင်ဘာလတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ မရှိဘဲ တိုက်ရိုက်ထိတွေ့ဆက်ဆံသွားရန် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။
၂၀၁၀ - နိုဝင်ဘာလ ၇ ရက်နေ့ကပြုလုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိဘဲ ရွေးကောက်ပွဲရလဒ်များသည် ယခင်စစ် အစိုးရခေါင်းဆောင်များ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမှု တစ်ခုသာဖြစ်သည်ဟု အိုဘားမားက ရှုံ့ချခဲ့သည်။
၂၀၁၁ - ဧပြီတွင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒဲရစ်မစ်ချယ်ကို အိုဘားမားက ခန့်အပ်ခဲ့သည်။
၂၀၁၁ - စက်တင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၀ါရှင်တန်တွင် အမေရိကန်ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် သမ္မတ ဦးသိန်းစိန်က တရုတ်အစိုးရ၏ နောက်ခံဖြင့် ပြုလုပ်နေသော နိုင်ငံမြောက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၀ါရှင်တန်မှ သိသာထင်ရှားသော အပြုသဘောဆောင်သည့် ပြောင်းလဲမှုတစ်ခုအဖြစ် ကြိုဆိုခဲ့သည်။
၂၀၁၁ - နိုဝင်ဘာလတွင် နှစ်လအတွင်း တတိယမြောက် ခရီးစဉ်အဖြစ် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ ယင်းမှာ အပြုသဘော ဆောင်သည့် နောက်ထပ်ပြောင်းလဲမှုတစ်ခုဟု အမေရိကန်က ကြေညာခဲ့သည်။
၂၀၁၁ - နိုဝင်ဘာ ၁၈ တွင် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပေးသည့် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အိုဘားမားက ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို မြန်မာအစိုးရက ကြိုဆိုခဲ့ပြီး အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၂၀၁၁ - ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တို့နှင့် တွေ့ဆုံခဲ့ကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားပါက ဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။
၂၀၁၂ - မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၁၀ - နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိဘဲ ရွေးကောက်ပွဲ ရလဒ်များသည် ယခင်စစ်အစိုးရ ခေါင်းဆောင်များ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမှု တစ်ခုသာ ဖြစ်သည်ဟု အိုဘားမားက ရှုံ့ချခဲ့သည်။
၂၀၁၁ - ဧပြီတွင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒဲရစ်မစ်ချယ်ကို အိုဘားမား က ခန့်အပ်ခဲ့သည်။
၂၀၁၁ - စက်တင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၀ါရှင်တန်တွင် အမေရိကန်ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် သမ္မတဦးသိန်းစိန်က တရုတ်အစိုးရ၏ နောက်ခံဖြင့်ပြုလုပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၀ါရှင်တန်မှ သိသာထင်ရှားသော အပြုသဘောဆောင်သည့် ပြောင်းလဲမှုတစ်ခုအဖြစ် ကြိုဆိုခဲ့သည်။
၂၀၁၁ - နိုဝင်ဘာလတွင် နှစ်လအတွင်း တတိယမြောက် ခရီးစဉ်အဖြစ် အထူးကိုယ်စားလှယ် ဒဲရစ်မစ် ချယ်လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ ယင်းမှာ အပြုသဘောဆောင်သည့် နောက်ထပ်ပြောင်းလဲမှု တစ်ခုဟု အမေရိကန်က ကြေညာခဲ့သည်။
၂၀၁၁ - နိုဝင်ဘာ ၁၈ တွင် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက် အပံ့ပေးသည့် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အိုဘားမားက ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို မြန်မာအစိုးရကကြိုဆိုခဲ့ပြီး အပြုသဘောဆောင် သည့် ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၂၀၁၁ - ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည် အပတ်ခရီး လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားပါက ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။
၂၀၁၂ - မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။
No comments:
Post a Comment