Monday, November 19, 2012

နိုဝင်ဘာလ ၁၉ ရက်နေ့ အာဆီယံ ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော် သမ္မတ ကိုယ်စား သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံ၌ ဆက်လက်ပြုလုပ်နေသော (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အနက် နိုဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေး အစီအစဉ်များတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်လျက် ရှိပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ အိုဘားမားနှင့်
တွေ့ဆုံရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ပြန်သွားပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယားသို့ ပြန်လာမည်ဟု သိရသည်။ ထို့အတွက်ကြောင့် နိုဝင်ဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေး အစီအစဉ်များတွင် နိုင်ငံတော် သမ္မတ ကိုယ်စား သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်နေခြင်း ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၁၅) ကြိမ်မြောက် အာဆီယံ-ဂျပန် အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယား အစည်းအဝေး၊ အာဆီယံ (+၃) အစည်းအဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ဖြစ်ပြီး ညဦးပိုင်းအချိန်တွင် (၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် (၇) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်များ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment