၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သို့ ဘဏ္ဍာငွေ ပြန်လည်ပေးသွင်းရန်
ကျန်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် ၂၀၁၂-၂၀၁၃
ဘဏ္ဍာရေးနှစ်မကုန်မီ ပြန်လည်ပေးသွင်းရန်နှင့် မပေးဆပ်နိုင်ပါက
ဒဏ်ကြေးများချမှတ်ခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများ ပြုလုပ်ရန်
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ သဘောထားမှတ်ချက်
ပြုထားပါသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးအတွက် ခွဲဝေပေးထားသော ဘဏ္ဍာငွေများအပေါ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ထူးခြားသော စစ်ဆေးပေါ်ပေါက်ချက်များနှင့်
အရေးယူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏
လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ထိုသို့
ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အရ
ဝန်ကြီးဌာန ၁၅ ခု၌
နိုင်ငံတော်မှ နစ်နာငွေ ကျပ်သန်း ၅၈၃၉၈.၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇.၃၁၀
ရှိခဲ့ပြီး၊ ငွေကျပ် သန်း ၁၇၄၂၆.၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂.၂၉၀ တို့
ပြန်လည်ရရှိခဲ့ပြီး ကျန်ငွေမှာ ကျပ်သန်း ၄၀၉၇၂.၀၃၈ နှင့် အမေရိကန်ုဒေါ်လာ
၇၀၆၅၅.၀၂၀ တို့ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပေးသွင်းရန် ကျန်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ
မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး
ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊
စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပေးသွင်းရန် ကျန်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး
ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနတို့ ဖြစ်ကြောင်း . . .
|
ဌာနဆိုင်ရာ ၀န်ထမ်းများ၏ အလွဲသုံးစားမှု၊ မရိုးဖြောင့်မသမာသော သဘောဖြင့်
ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်မှ
နစ်နာငွေများရှိခဲ့သဖြင့် အဆိုပါဝန်ထမ်းများကို ရာထူးလျော့ချခြင်း၊
အငြိမ်းစားပေးခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုလွှတ်တော်ထံသို့ တင်ပြခဲ့သည့်
အစီရင်ခံစာအရ သိရသည်။
အဆိုပါဝန်ထမ်းများမှာ လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀န်ထမ်း ၂၆ ဦး၊
ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦး၊ ဆရာဝန်နှစ်ဦး၊
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူသုံးဦး၊
စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးအပါအ၀င် ရှစ်ဦး၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ၂၉ ဦး၊
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နှစ်ဦး၊ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန အခွန်ဦးစီးအရာရှိ နှစ်ဦး၊ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနမှ စီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာများဖြစ်ကြောင်း သိရသည်။
ထိုသို့ တာဝန်ရှိသူဝန်ထမ်းများအား အရေးယူခဲ့ပြီးဖြစ်သော်လည်း
ကျန်ရှိနေသော ပြန်လည်ပေးသွင်းငွေများကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်မတိုင်မီ
ပေးဆပ်ရန်လိုအပ်ကြောင်းနှင့် ယင်းကာလအတွင်း မပေးဆပ်နိုင်ပါက ဒဏ်ကြေးများ
ချမှတ်ခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများ ဆောင်ရွက်ရန်
ပြည်သူ့ငွေစာရင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂
ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ၀န်ကြီးဌာန ၁၅ ခုကို စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။
Eleven Media Group
No comments:
Post a Comment