ရခိုင်ပြည်နယ်စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ မြောက်ဦးမြိုနယ်သရက်တောကျေးရွာမှ ကိုညီဝင်း ၂၈နှစ် ဆိုသူသည် ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် နိုဝင်ဘာ၇ရက်နေ့ကရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် Hot News သတင်းထောက် က သတင်းပေးပို့သည် ဒဏ်ရာရရှိသူကိုညီဝင်းသည် ရွာထဲတွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး
ဒေသလုပ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည် ကိုညီဝင်း၏ဦးခေါင်းသေနတ်ဒဏ်ရာမှာ ပြင်းထန်သည့်အနေအထားတွင်ရှိကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည့် Hot News သတင်းထောက်မှသတင်းပေးပို့သည်။စစ်တွေမြို့၏အင်တာနက်ကော်နက်ရှင်နှေးကွေးနေသောကြောင့်ဓါတ်ပုံကိုမပေးပို့နိုင်သေးပဲ…မကြာမီဖေါ်ပြသွားနိုင်မည်ဟုမျှော်လင့်ရကြောင်း သတင်းထောက်ကပြောသည်။
Hot News
No comments:
Post a Comment