ကိုယ်တိုင်တွေ့ကြုံခဲ့သူ အ သက်(၁၆)နှစ်အရွယ် မောင်အောင် ကိုဦးမှ ပြောကြားရာတွင် ““အဖွား ကလမ်းပြင်ဖို့အတွက် မြေသွား တူးခိုင်းရင်းနဲ့ တွေ့တာပါ။ စတွေ့ တဲ့အချိန်ကတော့ (၉၊၁၀)ခန့်က ပါ။ ကျွန်တော် ပထမတော့ ဗုံး မှန်းမသိပါဘူး။ ကိုင်ကြည့်လိုက် တော့ လေးနေတယ်။ အဲဒါနဲ့ ပစ် ချပြီးတော့ အိမ်ပြန်ပြီးလူကြီး သွားခေါ်တယ်””ဟု ပြောကြားခဲ့ သည်။
အဆိုပါရပ်ကွက်ရှိ ပြည်သူ တစ်ဦးမှ ပြောကြားရာတွင်
““သူ စတူးတာကတော့ ဓားနဲ့တူးတယ်။ တွေ့တွေ့ခြင်း ကျွန်တော်တို့ကို ခေါ်တယ်။ ရပ်ကွက်လူကြီးကို အကြောင်းကြား၊ သက်ဆိုင်ရာကို ခေါ်တယ်။ အခု သူက ဆယ် တန်းတက်နေတယ်။ အထက (၄)ကြည့်မြင်တိုင်မှာ တက်နေ တယ်””ဟု ပြောကြားခဲ့သည်။
တွေ့ရှိသည့် ဗုံးအမျိုးအစား မှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာစစ်မှ ကျန်သော လက်ပစ်ဗုံးတစ်လုံးဖြစ်ကြောင်း ယူဆရပါသည်။
အဆိုပါလက်ပစ်ဗုံးကိုသက် ဆိုင်ရာမှ လုံခြုံစိတ်ချစေရန် ပြု လုပ်ပြီး သိမ်းဆည်းသွားကြောင်း သိရသည်။
ဖြိုးအောင်
Hot News

No comments:
Post a Comment