ယင်းသို့ဖြစ်လျက်ရှိရာ အောက်တိုဘာ (၃၀)ရက်က ကရင် ပြည်နယ်ဘားအံမြို့တွင် ဗျောက် အိုးပေါက်ကွဲရာမှ မျက်စိထိမှန်ခံ ရသူနှစ်ဦး ဘားအံမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ်ရောက် ရှိလာကြောင်းသိရသည်။
ဖြစ်စဉ်မှာဘားအံမြို့အမှတ် (၃)ရပ်ကွက်နေ
ဦး—-သည် ကလေးငယ်ဖောက်သော ဗျောက် အိုးကို ငုံ့ကြည့်မိရာမှ ဗျောက်အိုး ပေါက်ကွဲပြီး တပ်ထားသော မျက် မှန်ကိုထိမှန်ကွဲကြေကာ မျက်စိ အတွင်းဆိုးဝါးစွာထိခိုက်သွား ကြောင်း မျက်စိအတွင်းမှ သွေးများ ယိုစီးကျလာကြောင်း သိရသည်။
အဆိုပါမျက်စိမှာမျက်နက် ၀န်းပေါက်ပြဲသွားသည်ဟု ဆရာ ၀န်ကြီးများ၏စစ်ဆေးတွေ့ရှိချက် အရ လူနာ၏မိသားစုဝင်တစ်ဦး ကပြောသည်။
အလားတူဖြစ်စဉ်တစ်ခုမှာ ဘားအံမြို့နယ် (ကောတာတ၀ါန့်) ကော့တာရွာမှ စောလှဝင်းအမည် ရှိ လူငယ်တစ်ဦးဖြစ်ပြီး ဗျောက် အိုးပေါက်ကွဲမှုကြောင့် ယာဘက် မျက်စိနှင့်အတူ မျက်နှာ၊ရင်ဘတ် ဘယ်ဘက် ဘက်လက်အောက် ပိုင်းတို့၌ ယမ်းစများဆူးဝင်ထိမှန် ခံရပြီး ဘားအံမြို့ပြည်သူ့ဆေးရုံ ကြီးသို့ရောက်ရှိလာပါသည်။ နိုဝင်ဘာ(၂)ရက်နေ့အထိ အတွင်း လူနာအဖြစ် ကုသမှုခံယူလျက်ရှိ ကြောင်း တွေ့ရသည်။
အန္တရာယ်ကြီးမားသည့် ပြင်း အားကောင်းသောဗျောက်အိုးများရောင်း ၀ယ် ပစ်ဖောက်ခြင်းကို သက်ဆိုင် ရာမှ အချိန်မီထိန်းသိမ်းကြတ်မတ် မပေးလျှင် မကြာမီရောက်ရှိလာ မည့် တန်ဆောင်တိုင်မီးထွန်းပွဲ တွင်လည်း အလားတူဖြစ်ရပ်ဆိုး များကြုံတွေကရဖွယ်ရှိသဖြင့် လူ အများစိုးရိမ်နေကြကြောင်းသိရ သည်။
ပွင့်ဆန်း(ပုပ္ပါး)
Hot News
No comments:
Post a Comment