နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင် အသီးသီးတွင်ကျခံလျက်ရှိသော ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ စာရင်းအတိကျကောက်ယူ၍ ဆက်လက်လွှတ်ပေးရန်အတွက် နိုင်ငံတော်သမ်္မတထံတင်ပြသွား မည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ကို မြင့်ဝင်းမောင်ကပြောသည်။
““၁၉၆၂ခုနှစ်က စပြီးစာရင်း ကောက်မှာပါ။လက်ရှိကောက်ယူ မှုကတော့ တစ်ဝက်လောက်တော့ ပြီးသွားပြီ။စာရင်းအတိအကျတော့ မရသေးဘူး။စာရင်းအတိအကျရ တာနဲ့ နိုင်ငံတော်သမ္မတဆီတင်ပြ ပြီး လွှတ်ပေးဖို့တောင်းဆိုသွား မှာပါ””ဟု ၎င်းကပြောသည်။နိုင်ငံ ရေး အကျဉ်းသားဟောင်းများအ ဖွဲ့ချုပ်က နိုဝင်ဘာ(၄)ရက်နေ့က သဘောထားကြေညာချက်တစ် စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါသ ဘောထားကြေညာချက်တွင် အ ကျဉ်းထောင်အသီးသီးမှ ကျန်ရှိ နေသော နိုင်ငံရေးအကျဉ်းသား များကို တစ်ယောက်မကျန်ခြွင်း ချက်မရှိပြန်လွှတ်ပေးရန်
ကချင် ပြည်နယ်အတွင်းဖြစ်ပေါ်နေသော စစ်မီးများငြိမ်းသတ်နိုင်အောင် အ မြန်ဆုံးပြေလည်အောင်ဖြေရှင်း ဆောင်ရွက်ပေးရန်၊ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခ များကိုတိကျပြတ်သားသော တရား ဥပဒေစိုးမိုးရေးဖြင့် ထိရောက်စွာ အမြန်ဆုံးဆောင်ရွက်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်ကလွတ် မြောက်ပြီးအကျဉ်းသားဟောင်းများ ၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ကိစ္စရပ်များကိုကူညီဆောင် ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာလ အတွင်းတွင် အဖွဲ့ချုပ်ညီလာခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရသည်။
ဘိုဘိုမင်း
Hot News
No comments:
Post a Comment