
အကြောင်းတရားကို နားလည်ရင် အကျိုးတရားက ပြေလည်သွားတယ်။ ဥပမာဘာနဲ့ တူသလဲဆိုတော့ လူတစ် ယောက်ကို ခွေးလိုက်ကိုက်နေရင် အဲဒီ ခွေးကို ခဲသာပစ်ပေးလိုက် ခွေးကလူကို မကိုက်တော့ဘဲ ခဲနောက်ကိုလိုက်သွား လိမ့်မယ်။ နောက် ခြင်္သေ့ကလိုက်လာလို့ ခြင်္သေ့ကိုခဲပစ်ပေးလိုက်ရင် ခြင်္သေ့က ခဲကို သွားမကိုက်ဘူး။ အဲဒီခဲကိုဘယ်သူက ပစ်တာလဲဆိုပြီး ကြည့်တယ်။ ပြီးမှ အဲဒီလူကိုကိုက်မှာ အဲဒီလိုပဲ ပြဿနာ တစ်ခု ဖြစ်ပြီဆိုရင် သူ့ရဲ့နောက်ကွယ် မှာ driven force ခေါ်တဲ့အကြောင်း တရားတွေရှိတယ်။ အဲဒီတော့ ပြဿနာ တစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် ခဲကို ကိုက်တဲ့ခွေးလိုတော့မဖြစ်သင့်ဘူး။ ခဲ ဘယ်ကပစ်လိုက်သလဲ လိုက်ကြည့်တတ် တဲ့ ခြင်္သေ့လိုမှ ပြဿနာကပြေလည် သွားမှာ။
သီတဂူဆရာတော်
ကိုယ်တွေ အယ်ဒီတာအဖွဲ့ဝင်အဖြစ်
တာဝန်ယူပေးနဲ့ journal (မန်းတောင်ရိပ်) ဂျာနယ်မှာ အထက်ပါကောက်နုတ်ချက် ကလေးပါလာတယ်။ အချိန်ကာလကို ကြည့်လိုက်တော့ လက်ပံတောင်းတောင် အရေးတော်ပုံကာလဖြစ်နေတယ်။ ဒီအစိုးရသစ်လက်ထက်မှာ စိန်ခေါ်မှုသုံး ခုကြီးကြီးမားများဖြစ်ပေါ်ခဲ့တာကို တွေ့ရ မယ်။ မြစ်ဆုံစီမံကိန်း၊ ရခိုင်ပဋိပက္ခ၊ လက်ပံတောင်းတောင်အရေးတော်ပုံ ဆင်ခေါင်းကိုခွေးချီသလိုမနိုင်မနင်းဖြစ် ရတဲ့ စိန်ခေါ်မှုကြီးတွေပါပဲ။ လက်ရှိအစိုးရ အနေနဲ့ ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းမှာလဲ ဖြေရှင်းပုံလုပ်နည်းလုပ်ဟန် က ကောဘယ်လိုတွေဖြစ်လာမှာလဲ၊ ဒီအချက်ကိုပြည်သူလူထုကစိတ်ဝင်တစ် စားလေ့လာစောင့်ကြည့်နေကြတုန်းရခိုင် ပဋိပက္ခစုံစမ်းရေးအဖွဲ့ကတော့ ကြားဖြတ် အစီရင်ခံစာတစ်စောင်အပြေးအလွှား ထွက်လာတယ်။ ကိုယ်တွေအနေနဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ပြောချင်တဲ့ စကားတစ်ခွန်းရှိတယ်။ အစ္စရေး ၀န်ကြီး ချုပ်ယစ်ဇတ်ရာဘင်ပြောဖူးတဲ့ စကား နို့နဲ့ ပျားရည်ချောင်းများ စီးဆင်းနေတဲ့ ဒီမြေ ကို သွေးနဲ့ မျက်ရည်ချောင်းစီးဆင်းတဲ့ နေရာတစ်ခုဖြစ်အောင်ကျုပ်တို့ကလုပ်မပစ် သင့်ပါဘူး။ တဲ့ ကိုယ်တို့နိုင်ငံက ထွက် သမျှ စားစရာဝတ်စရာတွေ တည်ရှိနေ တဲ့ နေစရာတွေကို နိုင်ငံတော်အတွင်းမှီ တင်းနေထိုင်သူတွေ အကုန်လုံးပဲ စားကြ၊ ၀တ်ကြ၊ နေနေကြတာပါပဲ။ အနည်းငယ် လူလည်ကျသူတချို့တစ်လေလောက်သာ စားသင့်တာထက်ပိုစား၊ ၀တ်သင့်တာထက် ပိုတယ်၊ နေသင့်တာထက်ပိုနေလုပ်ခွင့်ရ နေကြတာဖြစ်တယ်။ ဒါကလည်း ထာဝရ မဟုတ်ပါဘူးခဏပါပဲ။ ဘယ်သူမှ မွေးက တည်းက ရာဇပလ္လင်ဖင်ကပ်ပါခဲ့ကြတာ မဟုတ်ဘူး။ ပြီးတော့ ရာဇပလ္လင်ကို အခေါင်းထဲအထိလည်းဘယ်သူမှသယ် သွားနိုင်ကြတာမဟုတ်ဘူး။ ဒီမြေဟာ ဒိနိုင်ငံသားအားလုံးအပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးရှင်မြေဖြစ်တယ်။ ဒီနိုင်ငံသားတစ် ယောက်အဖို့ ဒီမြေရဲ့ ကျေးဇူးသစ္စာကို ခံယူသိတတ်စောင့်သိဖို့ အရေးကြီးတယ်။ ဒီမြေမှာ နေပြီးတစ်ခြားနိုင်ငံတစ်ခုခုရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေနေစရာ မလိုဘူး။ အဲဒီလိုဆိုရင် သူတစ်ပါးလက်ကိုင် တုတ်၊ သူတစ်ပါးအစေခံ၊ ဒီမြေကို သစ္စာ ဖောက်တဲ့ သစ္စာဖောက်ပဲဖြစ်မှာသေချာ တယ်။ ဒီမြေရဲ့ အရိပ်မှာနေပြီး တစ်ခြား နိုင်ငံတစ်ခုခုရဲ့ အခိုင်းအစေလုပ်တယ်ဆို တာ သိက္ခာမဲ့လွန်းပါတယ်။ ၀န်ကြီးတစ် ယောက်ကပြောတယ် ၁၉၈၈ မှာတိုင်းပြည် ပျက်ခဲ့တယ်တဲ့။ စားစရာမရှိဘး။ တရုတ် က ကျွေးလို့စားခဲ့ရတာဆိုပါတယ်။ တကယ်တော့ တိုင်းပြည်ပျက်ခဲ့တာ မဟုတ်ပါဘူး။ အခြေအနေပျက်ပြားခဲ့ တာသာဖြစ်ပါတယ်။ ၁၉၈၈ မှာ စားစရာ တွေရှိခဲ့ပါတယ်။ ဂိုဒေါင်တွေဖောက်သယ် နေကြတယ်မတွေ့ဘူးလား။ မြစ်ဝကျွန်း ပေါ်လိုစပါးကျီကြီးရှိတဲ့ နိုင်ငံမှာ စားစရာ မရှိဘူးဆိုတာဟာ ရေကန်ထဲမှာ မီးလောင် နေတယ်ဆိုတဲ့စကားလို အဓိပ္ပာယ်မဲ့လွန်း လှပါတယ်။ နောက်ပြီးအဲဒီ ၀န်ကြီးကပဲ ဆက်ပြောတယ်။ “တရုတ်ကိုလည်း တပည့် တော်တို့က ကြောက်ရတယ်ဘုရား” တဲ့။ လွတ်လပ်စွာကြောက်ခွင့်ရှိနေတာပါ။ အိမ်ကမိန်းမနဲ့ တရုတ်ဘယ်သူ့ပိုကြောက် သလဲမေးမိန့်မကိုပိုကြောက်တယ်လို့ဖြေ ကြမယ့်လူတွေချည့်ပဲ။
ကိုယ့်နိုင်ငံမှာလည်း နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် တပ်မတော်မရှိတဲ့ အတိုင်းပဲပြောနေလိုက်တာ အံ့သြမိပါရဲ့။ တကယ်တမ်း “ကြောက်တယ်” လို့ပြောဖို့ သတ်္တိဘယ်ကရသလဲဆိုတာ စိတ်ဝင်စား ဖို့ကောင်းတယ်။ ပြောလိုက်ရင်တော့ ဘာလေးမဆိုအရင်အစိုးရကလုပ်သွား တာဆိုတဲ့စကားနဲ့ ကိုင်ပေါက်တာပါပဲ။ အရင်အစိုးရနဲ့ အခုအစိုးရမတူဘူးဆိုရင် ညှိနှိုင်းမှုအသစ်ဆွေးနွေးမှုအသစ်သဘော တူညီမှုအသစ်တွေ ထပ်လုပ်ရမှာပဲ။ လောကမှာ မျက်စိကန်းနေတဲ့ လူတွေ တောင်မှ ကိုယ့်တုတ်ကောက်ကလေး ကိုယ်အားကိုးပြီးတော့ လမ်းလျှောက် တတ်သေးတယ်။ သူများနောက်က အမြဲတမ်းလိုက်မနေဘူး။ ဒီတော့ကိုယ်တွေ က ခြေလက်မျက်စိအကောင်းကြီးဥစ်္စာပဲ သူများနောက်ကထာဝရလိုက်နေစရာ လား။ သူများကို ဘာကိစ္စကြောက်နေ ရတာလဲ။ ဒီကနေ့စဉ်းစားကြဖို့လိုတာက ကိုယ့်သမိုင်းကို ရှေ့ကလူတွေနဲ့ ရောရေး တာခံမလား။ ကိုယ့်သမိုင်းကိုယ်သန့်သန့် ကလေးရေးမလားဆိုတဲ့ ကိစ္စပဲ။ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့နေရာမှာ လှအောင်ရေးဖို့ လိုတယ်ဆိုတာကိုတော့ အထူးပြောနေ ဖို့လိုမယ်မထင်ပါဘူး။ ကိုယ့်သမိုင်းကို ရှေ့က လူတွေနဲ့ ရောရေးရင်ရှေ့ကလူ တွေရဲ့ ကောင်းတဲ့ အချက်တွေကိုရော မကောင်းတဲ့အချက်တွေကိုပါ အလိုတူ အလိုပါထောက်ခံပြီးသားဖြစ်သွားမှာ သေချာတယ်။
အခုလက်ပံတောင်းတောင်ကိစ္စကို ကြည့်ပါ။
သင်ခန်းစာယူပါ။ စီမံကိန်းရပ်တာ မရပ်တာမပြောလိုဘူး။ သံဃာတော်တွေ ကို မီးလောင်ဗုံးနဲ့ ပစ်တာ၊ ပြည်သူကို မီးလောင်ဗုံးနဲ့ ပစ်တာပဲအဓိကပြောချင် တယ်။ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုင်တတ်ပါတယ်။ ပြည်သူတွေခံစား ရတာများနေပါပြီ။ လက်နက်မဲ့ဘာတွေမို့ ပစ်တိုင်းထောင်လိုပစ်လိုက်တိုင်းထောင်ပြီး ခံနေကြရတာရယ်ပါ။ လက်နက်တွေ ပဲလှော်လိုပေါတဲ့ ဆိုမာလီယာမှာဆို ပြည်သူတစ်ရပ်လုံးအုံကြွပြီး ပြန်လည် တိုက်ခိုက်တာရှိပါတယ်။ ကလေးတွေရဲ့ ကိုယ်ထဲမှာ ဗုံးထောင်ပြီးခွဲတာတွေရှိတယ်။ ဆိုလိုတာကနိုင်တိုင်းကျင့်လွန်းအားကြီးတဲ့ အခါ ပြည်သူကအဆိုးရွားဆုံးပြန်လည် တုန့်ပြန်လာနိုင်တယ်ဆိုတဲ့အချက်ပါ။ (ဆိုမာလီယာအကြောင်းဘလက်ခ်ဟော့ ဒွန်းရုပ်ရှင်မှာရှုပါ။) အဲဒီလိုဖြစ်လာရင် မကောင်းပါဘူး။ တကယ်တော့သံဃာ တော်တွေဟာ ရာဇ၀တ်သားတွေမဟုတ် ဘူး။ မီးရှို့အပြစ်ပေးစရာအကြောင်းဘာ တစ်ခုမှမရှိဘူး။ ၁၄၄ ထုတ်ထားတဲ့ နယ်မြေထဲသပိတ်စခန်းဝင်ဖွင့်ထားတယ်။ လူစုခွဲဖို့ပြောတယ်မခွဲလို့ပစ်တယ်။ ဒီလို ဆိုတယ်။ ဥပမာ သပိတ်ခေါင်းဆောင် တွေတစ်ယောက်ချင်းခေါ်ထုတ်ပြီး ခဏ ထိန်းထားလိုက်ရင်ကောမဖြစ်ဘူးလား။ တစ်ခြားကောင်းမွန်တဲ့ နည်းလမ်းတွေ အများကြီးရှိနေတာပါပဲ။ ကောင်းတဲ့နည်း လမ်းကို မစဉ်းစားပဲမကောင်းတဲ့နည်းလမ်း ကို စဉ်းစားတာဟာမကောင်းတဲ့လူတွေ ရဲ့အလုပ်ပါ။ မကောင်းတဲ့လူအတွက် ကောင်းကျိုးချမ်းသာဆိုတာမရှိဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေကိုပဲရမယ။် အခုတောင်တော်တော်ဆိုးနေပြီ။ စိတ်ဆင်း ရဲနေရပြီမဟုတ်လား။ ထစ်ခနဲဆိုကိုယ်တို့ သံဃာတော်တွေ ခံနေရတာပဲ။ တစ်ခု စဉ်းစားမိတယ်။ ငါတို့ သံဃာတော်တွေ ကို တိုင်းပြည်ရဲ့ ရန်သူလို့သဘောထား ပြီးတော့များ ရက်ရက်စက်စက်ချေမှုန်း နေရော့သလားလို့။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလတုန်းကလည်း သံဃာတော်တွေပဲ ခံခဲ့ရတယ်။ အခု လက်ပံတောင်းအရေးတော်ပုံမှာလည်း သံဃာတော်တွေပဲခံကြရပြန်တယ်။ မြတ်စွာဘုရားရှင်က သိင်္ဂါလောဝါဒသုတ္တန် မှာ “ဥဒ္ဓံသမာဏဗြဟ္မဏာ” လို့ ဟောတော် မူထားတာရှိတယ်။ ရဟန်းသံဃာကို အထက်အရပ်မှာထားပြီး ရှိခိုးရမယ်တဲ့။ ရဟန်းသံဃာကို ရှိမခိုးချင်နေကြပါမလှူ ချင်လည်းနေကြပါ။ သဒ္ဓါတရားရှိသူတွေ က ရှိခိုးကြလှူကြပါလိမ့်မယ်။ စော်ကား ဖို့တော့မသင့်ပါဘူး။ လောကမှာ တစ်စုံ တစ်ယောက်က တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်သွားအောင်လုပ်တယ်ဆို ရာမှာ အကြောင်းနှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကိ ကိုယ့်ကိုထိခိုက်နာကျင် အောင်လုပ်လို့ကလဲ့စားချေတဲ့အနေနဲ့ ပြန်ဆော်တာပါ။ ဒုတိယတစ်ချက်က သက်သက်မဲ့အနိုင်ကျင့်ချင်လို့ပဲဖြစ်ပါ တယ်။ ပထမအချက်အနေနဲ့ ကိုယ်တို့ သံဃာတော်တွေအနေနဲ့ ဘယ်သူ့ကိုမှ ထိခိက်နာကျင်အောင်လုပ်ထားတာမရှိ ပါဘူး။ မြတ်စွာဘုရားရှင်ပညတ်တော်မူ ခဲ့တဲ့ ၀ိနည်းသိက်္ခာပုဒ်တော်တွေထဲမှာ သူတစ်ပါးအသက်မသတ်ရ၊ သူတစ်ပါးကို ညှင်းပမ်းနှိပ်စက်မှုမပြုရဆိုတာပါပြီးသား ပါ။ ရဟန်းသံဃာတွေက ဘုဉ်းပေးသုံး ဆောင်တော်မူနေကြတဲ့ဆွမ်းဆိုတာလည်း သူတစ်ပါးကြည်ဖြူလို့ ပေးလှူတဲ့ဆွမ်းသာ ဖြစ်တယ်။ တိုင်းသူပြည်သားသတ်ဖြတ် ညှင်းဆဲပြီးရလာတဲ့ဆွမ်းမဟုတ်ဘူး။ တိုင်း ပြည်ဘဏ္ဍာအလွဲသုံးစားလုပ်ပြီးရလာတဲ့ ဆွမ်းလည်းမဟုတ်ဘူး။ ဒီတော့ သံဃာ အပေါ်ဘာများမုန်းစရာရှိသလဲ။ သံဃာ တွေ လမ်းပေါ်ကိုအပျော်ထွက်ကြတယ်လို့ ထင်နေလားမသိပါဘူး။ ကိုယ့်ဆွမ်းဒကာ ဒကာမတွေဒုက်္ခရောက်နေလို့သာမဖြစ် မနေလမ်းပေါ်ထွက်ကြရတာပါ။ ဖြစ်နိုင် ရင်တော့ နေပြည်တော်လို ၂၄ နာရီမီး လင်းတဲ့ နေရာမျိုးမှာ တိုက်ကျောင်းနဲ့ အဲယားကွန်းနဲ့ အေးအေးဆေးဆေးစာသင် စာချ၊ တရားဟောတရားပြုတရားအား ထုတ်လုပ်နေချင်ကြတာပေါ့။ ရဟန်းသံဃာ တွေက လက်နက်တွေကိုင်ပြီး တာဝန်ရှိ သူတွေကို ပစ်ခတ်သတ်ဖြတ်နေလို့ အခု လိုအကြမ်းဖက်နှိမ်နင်းတယ်ဆိုရင်လည်း ခံသာပါသေးတယ်။ နေ့ခင်းထင်သာမြင် သာအချိန်မှာ ပစ်ခတ်နှိမ်းနင်းတာနဲ့ မနက် ၃ နာရီမှာ ထမီခြုံပြီးခိုးကြောင် ခိုးဝှက်နှိမ်နင်းတာ ဘယ်ဟာကသတ်္တိပို ကောင်းရာရောက်သလဲဆိုတဲ့အချက်ကို အတောင်နှစ်ဆယ်ဝတ်ယောင်္ကျားသားတိုင်း စဉ်းစားကြဖို့လိုတယ်။ ဖြစ်ပြီးမှတော့ ပြောတာပေါ့ ထုံးစံအတိုင်းအထက်က ခိုင်းလို့လုပ်ရတာပါ။ အထက်ကခိုင်းရင် ခွေးလိုအူကိုယ့်အမေကိုယ်ပြန်ကိုက်ဆို လည်းလုပ်မှာပဲလား။ ကိုယ်တွေးတယ် လေ။ ဖြစ်ခဲ့ရပြီဖြစ်သင့်သလားဆိုတဲ့ အချက်ပေါ့။
အခုလောလောဆယ်မှာ မီးလောင် ဗုံးလို့ခေါ်ရတဲ့ ထူးဆန်းအံ့သြဖွယ်ရာ ဗုံးတစ်မျိုးကို သပိတ်ဖြိုခွင်းခြင်းမှာ စတင် သုံးတာဟာ ဗမာပါပဲ။ အင်မတန်ဂုဏ်ယူ လောက်ပါတယ်။ ဆိုတဲ့ ဒေါက်တာ ခင်မောင်ညို (စာရေးဆရာ၊ ဓာတုဗေဒ ပညာရှင်) ရဲ့ အထေ့အငေါ့စကားကို တောင်သဘောကျမိရဲ့။ ဒီဗုံးမျိုးကမ္ဘာမှာ ဘယ်သူမှလည်းမသုံးဘူး၊ ဘယ်နိုင်ငံမှာ မှလည်း မသုံးဘူးတဲ့။ အခု မြန်မာနိုင်ငံ မှာ သုံးနိုင်သူတွေက သုံးလိုက်ပြီလေ။ ခေတ်အဆက်ဆက်ဘယ်သူ့ကိုမှ မတရား ညှင်းပမ်းခြင်းမပြုခဲ့တဲ့ သံဃာတော်တွေ အပေါ်သုံးလိုက်တာ အပြစ်မဲ့ပြည်သူတွေ အပေါ်သုံးလိုက်တာပါ။ အစိုးရရယ်၊ စီတန်းလှည့်လည်ခြင်းရယ်၊ သပိတ်မှောင် ခြင်းရယ်၊ ဆန္ဒပြခြင်းဆိုတာရယ် ဒါတွေ ဟာ အစိုးရတိုင်းရင်ဆိုင်ဖြေရှင်းနေကျ အရာတွေပါ။ ဘာလဲ ဒါကိုသည်းခံပြီး ရင်မဆိုင်ရဲလို့ မီးလောင်ဗုံးနဲ့ဖြေရှင်းလိုက် တာလား။
ဘာပဲပြောပြောအနောက်နိုင်ငံတော် ရဲ့ သမိုင်းကို မျိုးဆက်သစ်လူငယ်တွေ လေ့လာကြတဲ့အခါ ဒီအဖြစ်အပျက်ဟာ စိတ်မကောင်းစရာဝမ်းနည်းစရာအဖြစ် အပျက်အနေနဲ့ မှတ်တမ်းတင်ကြရတော့ မှာပါ။ ဒီလက်ပံတောင်းတောင်အရေး တော်ပုံနဲ့ ပတ်သက်လို့ကိုယ်တွေဖြစ်စေ ချင်တဲ့ ဆန်္ဒကတော့ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂအဖွဲ့ရဲ့သဘောထားအတိုင်း ပဲရှိပါတယ်။
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့၏ သဘောထားထုတ်ပြန် ကြေညာချက်မြန်မာအာဏာပိုင်များသည် မိမိတို့မျိုးနွယ်စုအတွက် မစာနာမငဲ့ကွက် ဘဲ တရုတ်နိုင်ငံလက်အောက်ခံကျွန်သဖွယ် ပြည်သူတို့အပေါ်ပြုကျင့်နှိပ်စက်မှုများနှင့် ပတ်သက်၍ အောက်ပါအတိုင်းသဘော ထားထုတ်ပြန်လိုက်သည်။
၁။ ဦးပိုင်ကုမ္ပဏီတရုတ်အာဏာပိုင်များနှင့် ချုပ်ဆိုခဲ့သော ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးရန်။
၂။ အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွက် ထိခိုက် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၊ လူပုဂ်္ဂိုလ်များအား တောင်းပန်ဝန်ချရန်။
၃။ ကြေးနီစီမံကိန်းအတွက်ဆန္ဒဖော်ထုတ် ရာတွင် မတရားဖမ်းဆီးခံရသော သံဃာ တော်များ လူပုဂ်္ဂိုလ်များအားပြန်လည်လွှတ် ပေးရန်။
ထိုကဲ့သို့တာဝန်မယူပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ ၁.၁၂.၂၀၁၂ ရက်နေ့ ရက်စွဲဖြင့် သဘော ထားထုတ်ပြန်ကြေညာလိုက်သည်။
ရွှေဝါရောင်တော်လှန်ရေးမှာ တောင်မှ သံဃာတော်တွေထဲဆင်းမလာ ခဲ့တဲ့ သီတဂူဆရာတော်ကြီးကို လက်ပံ တောင်းတောင်သံဃာတော်တွေထဲမှာတွေ့ လိုက်ရတော့ တစ်အားတက်မိပြန်ပါ တယ်။ ကိုယ်ကျိုးလေးငဲ့ပြီး သံဃာအပေါ် အလေးအနက်ထားစောင့်ရှောက်တော်မူ တဲ့ သံဃာပိတာ (သံဃာ့ဖခင်) ဆရာ တော်ကြီးတွေလည်း ရှိပါသေးလားဆိုတဲ့ အတွေးနဲ့ အားတက်တာပါ။ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး။ အနှစ်ချုပ်ပြော ချင်တာကတော့ သံဃာကိုထပ်မစော်ကြ ဖို့ပါ။ ကိုလိုနီခေတ်တုန်းက မန္တလေးအိမ် တော်ရာဘုရားရင်ပြင်ပေါ်ကို ရာဇ၀တ် ၀န်မစ္စတာစတီးဝပ်ဆိုသူဟာနောက်လိုက် နောက်ပါတွေနဲ့ အတူဖိနပ်စီးပြီးတော့ တက်လာတယ်။ ထီးလင်းတိုက်မှာ စာသင်နေတဲ့ ရဟန်းပျိုအရှင်ကေသရက လူအုပ်ကြားထဲဝင်ပြီး စတီးဝပ်ကို ဓားနဲ့ ခုတ်လိုက်တယ်။ လက်ပံတန်းကွမ်းခြံဇာတိ အရှင်ကေသရ ဗုဒ္ဓသာသနာတော်ကို စော်ကားသူကို ဆုံးမလိုက်တာလေ။ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ခံခဲ့ရပါတယ်။ လက်ထဲမှာဘာလက်နက်မှ မရှိပေမယ့် သံဃာဆိုတာသတ်္တိရှိတယ်။ သံဃာတော် ကိုစော်ကားတာဟာ ဘုရားရှင်ကိုစော် ကားတာနဲ့ အတူတူပါပဲ။ သံဃာတော်တို့ ညီညွတ်စွာအုံကြွလာကြပြီဆိုရင်တော့ မြတ်စွာဘုရားတောင်ရှောင်ပေးတော်မူရ တဲ့ သာဓကဟာ ဓမ္မပဒပါဋိတော်မှာအထင် အရှားရှိတယ်။
ဒါကြောင့် တာဝန်ရှိသူရှိတွေကို အလေးအနက်ပြောလိုက်ပါမယ်။ သံဃာ ကိုထပ်ပြီးမစော်ကားကြပါနဲ့။ သံဃာ့ သတ်္တိနဲ့ တွေ့ရင်မလွယ်ဘူး။
ဆင်းရဲကင်းကွာချမ်းသာကြပါစေ
ရွှေစုန်းချောင်းဆရာတော်(အရှင်ဝိစိတ္ထာလင်္ကာရ)
Hot News
No comments:
Post a Comment