လက်ပံတောင်းတောင်ကိစ္စရပ်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ၈၈ ကျောင်းသားများအနေဖြင့် ပါဝင်ခြင်းမပြုဘဲ ဒေသခံ
များ၊ တက်ကြွလှုပ်ရှားသူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံ၍ ခိုင်မာသော အချက်အလက်များကို ကော်မရှင်သို့ပေးပို့နိုင်ရန် စီစဉ်ဆောင်
ရွက်မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။
“ကော်မရှင်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လုံး ပါဝင်ထားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ပါဝင်ဖို့ မလိုအပ်တော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း လက်ပံတောင်းတောင်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့တိကျတဲ့အချက်အလက်တွေကို
ကော်မရှင်ကို ပေးနိုင်ဖို့ညှိနှိုင်းပြီးပါပြီ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။
မိမိတို့အနေဖြင့် ကော်မရှင် ပိုမိုအားကောင်းလာစေရန်အတွက်တရားမျှတသော အချက်အလက်များရရှိရန် ပံ့ပိုးသွားမည်ဖြစ်ပြီး ကော်မ
ရှင်ဘက်မှလည်း မိမိတို့ပေးအပ်မည့် အချက်အလက်များကို တရားဝင်လက်ခံသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
“နေပြည်တော်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အောင် ဆန်းစုကြည်တို့နဲ့ တွေ့ခဲ့ပါတယ်။ သူတို့နဲ့လည်း ဒီအချက်ကို ဆွေးနွေး
ခဲ့ပြီး ကျွန်တော်တို့ပေးခဲ့တဲ့ အချက်အလက်ကိုလက်ခံဖို့ ကော်မရှင်က သဘောတူထားပါပြီ” ဟု ၎င်းက ပြောသည်။
၈၈ ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်
တွင် ထုတ်ပြန်သော သဘောထားကြေညာချက်အပိုဒ် ၆ တွင် အချက်ငါးချက်ပါဝင်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေ
မှုများကို ရပ်ဆိုင်းထားရန်၊ ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာများအား ၀န်ချတောင်းပန်ရန်၊ လက်ပံတောင်းတောင်အရေးကိစ္စနှင့်ပတ်သက်
၍ဆနဖော်ထုတ်သူများအား ဖမ်းဆီးအရေးယူနေမှုကိုရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန် စသည့်အချက်အလက်များ ပါဝင်ကြောင်း ကိုဌေးကြွယ်က ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတာ ကျွန်တော်တို့အနေနဲ့ လုံးဝသဘောမတူပါဘူး။ အဲဒါနဲ့
ပတ်သက်တဲ့ ကျွန်တော်တို့ သဘောထားကိုလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်” ဟု ကိုဌေးကြွယ်ကပင်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးဌေးကြွယ်၊ ဦးမြအေးတို့သည် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်တွင်
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း
နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးသည်။ လက်ပံတောင်းတောင်အရေးနှင့် စုံစမ်းရေးကော်မရှင်ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာ
တွင် မိမိတို့အဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈ မျိုးဆက်ကျောင်းသားများက အဆိုပါ အရေးကိစ္စများ ဖြေရှင်းရာတွင် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

မင်းဟိန်းကျော်၊ ရန်မျိုးနိုင်
No comments:
Post a Comment