ရန်ကုန်၊ ဒီဇင်ဘာ -၅
လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ သံဃာတော်များနှင့် ပတ်သက်သည့်
ကိစ္စရပ်များကို မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန်
သင့်၊ မသင့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးပါဝင်သော
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သော ပထမဆုံးအစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်း၍ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး
(၁) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်
ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ၊ (၂)ကြေးနီစီမံကိန်းကြောင့်
လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (၃)ကြေးနီစီမံကိန်း
ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော် ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိမရှိ တို့ကို
အထက်ပါ သုံးဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် စကော်မရှင်အား စစ်ဆေးစုံစမ်းရန် တာဝန်ပေးသည့် အခြားကိစ္စရပ်များကိုလည်း လိုအပ်သလို
အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး၊ ကော်မရှင်က သတင်းထုတ်ပြန်ချက်များကို အခါအားလျော်စွာ ထုတ်
ုပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားခဲ့သော ကိစ္စရပ်များမှာ
ယခင်ကာလများက ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ဖြစ်ကြောင်း၊ အဆိုပါ ပြသနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူလူထု၏
ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော်အကျိုးနှင့် လျော်ညီသည့်အဖြေ ရရှိမည်ဖြစ်ကာ စုံစမ်းရေး ကိစ္စရေးများကို
အမြန်ဆုံးစတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
7Day News
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန်
သင့်၊ မသင့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးပါဝင်သော
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သော ပထမဆုံးအစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်း၍ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး
(၁) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတ
ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ၊ (၂)ကြေးနီစီမံကိန်းကြောင့်
လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (၃)ကြေးနီစီမံကိန်း
ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော် ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိမရှိ တို့ကို
အထက်ပါ သုံးဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် စကော်မရှင်အား စစ်ဆေးစုံစမ်းရန် တာဝန်ပေးသည့် အခြားကိစ္စရပ်များကိုလည်း လိုအပ်သလို
အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး၊ ကော်မရှင်က သတင်းထုတ်ပြန်ချက်များကို အခါအားလျော်စွာ ထုတ်
ုပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ယခင်ကာလများက ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ဖြစ်ကြောင်း၊ အဆိုပါ ပြသနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူလူထု၏
ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော်အကျိုးနှင့် လျော်ညီသည့်အဖြေ ရရှိမည်ဖြစ်ကာ စုံစမ်းရေး ကိစ္စရေးများကို
အမြန်ဆုံးစတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment