
ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွယ်တန်းမည့် ပင်မဓာတ်အားခွဲရုံကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ အောင်မေတ္တာကုမ္ပဏီမှ စတင်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်ဖြစ်သည့် ရွာဟောင်းရပ်ကွက်နေ တောင်သူကိုးဦးပိုင်လယ်မြေဧက (၁၆.၃၈) ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
တည်ဆောက်သည့်အခါ စီမံကိန်းဧရိယာတွင် ပါဝင်သွားသည့်
လယ်မြေပိုင်ရှင်များအား အဆိုပါဌာနမှ တစ်ဧကလျှင် ကျပ်ခြောက်သိန်းခွဲနှုန်းဖြင့် ကျပ်သိန်း ၁၀၈၈၇၀၀၀ ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် တာဝန်ရှိသူများ၊ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ရှေ့မှောက်တွင် လျော်ကြေးများ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယခုတည်ဆောက်နေသည့် ပင်မဓာတ်အားခွဲရုံမှာ ရခိုင်ပြည်နယ်အတွင်း တည်ဆောက်မည့် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံများအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး ယင်းဓါတ်အားခွဲရုံမှတစ်ဆင့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့ လျှပ်စစ်ဓါတ်အားများ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
No comments:
Post a Comment