Virtual ငွေကြေးဈေးကွက်အတွင်း တစ်ဦးတည်းချုပ်ကိုင်မှုစနစ်ကို ကန့်သတ်ထားသည့် antitrust ဥပေဒကိုချိုးဖောက်မှုဖြင့် နာမည်ကျော် လူမှုကွန်ရက်ကုမ္ပဏီ Facebook ကို Kickflip မှ တရားစွဲဆို ထားကြောင်း Bloomberg သတင်းဌာန၏အဆိုအရ သိရသည်။
Kickflip သည် လူမှုကွန်ရက်ဂိမ်းများ ထုတ်လုပ်ဖြန့်ချိပေးနေသည့် software developer များအတွက် virtual ငွေကြေးနှင့် payment-processing ၀န်ဆောင်မှု ထောက်ပံ့ပေးနေသည့် Gambit စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်သည်။ လူမှုကွန်ရက်ဈေးကွက်ကြီးအတွင်း virtual ငွေကြေးဝန်ဆောင်မှုများဖြင့် သီးခြားဈေးကွက်ငယ်တစ်ခုကို လွှမ်းမိုးချုပ်ကိုင်ရန်အတွက် Facebook
မှကြိုးပမ်းဆောင်ရွက်နေပြီး ၎င်း၏လုပ်ဆောင်ချက်များသည် Gambit ၏ စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း Kickflip ၏ရှေ့နေများက ပြောကြားခဲ့သည်။ Virtual ငွေကြေး ၀န်ဆောင်မှုဆိုသည်မှာ လူမှုကွန်ရက်ဂိမ်း developer များအတွက် ဂိမ်းကစားသူများထံမှ ငွေကြေးကို တိုက်ရိုက်ငွေပေးချေစနစ်ဖြင့်ဖြစ်စေ၊ third-party ကြော်ငြာများမှ တစ်ဆင့်ဖြစ်စေ ရယူသည့် လုပ်ငန်းဖြစ်သည်။ Facebook သည် Gambit များထံမှ virtual ငွေကြေးဝန်ဆောင်မှုထက် ၎င်း၏၀န်ဆောင်မှုကိုသာ developer များအသုံးပြုရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည်ဟု Kickflip ကပြောကြားခဲ့ကြောင်း Bloomberg မှဖော်ပြခဲ့သည်။ Kickflip သည် Facebook ၏လုပ်ရပ်များကို ရပ်တန့်နိုင်ရန်နှင့် တရားရုံး၏ မျှတသည့်ဆုံးဖြတ်ချက်ရရှိရန် ဆောင်ရွက်လျက်ရှိသည်။ လူမှုကွန်ရက်ဂိမ်းများအတွက် Facebook credit ကို ၂၀၀၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး Facebook platform တွင်အသုံးပြုသည့် app များနှင့် ဂိမ်းရာပေါင်းများစွာတွင် အဆိုပါ credit များ အသုံးပြုနိုင်သည်။
ရေးသားသူ -ဟေမာ
Internet Journal
(Ref: CNET)
No comments:
Post a Comment