Thursday, November 8, 2012

လွိုင်ကော်မြို့နယ်တွင် မြန်မာ့ဇာတ်လမ်းခိုးကူးခွေ ၃၀၀ ကျော်ဖမ်းဆီးရမိ

လွိုင်ကော်ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့မှ ရဲတပ်ဖွဲ့ဝင်များ  က အောက်တိုဘာ ၁၉ ရက်နှင့် နိုဝင်ဘာ ၂ ရက်နေ့များတွင် လွိုင်ကော်မြို့နယ်အတွင်းရှိဗီဒီယို  စီဒီအငှားဆိုင်သုံးဆိုင်နှင့် အမျိုး သားတစ်ဦးတို့ထံမှ မြန်မာဇာတ်လမ်း ခိုးကူးစီဒီအချပ် ၃၀၀ ကျော်ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲအုပ်အောင်အောင်ဦးစီး သော ရဲတပ်ဖွဲ့ဝင်များသည် ပြည် နယ်ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန် ရှိသူများနှင့် အတူသတင်းအရ လွိုင်ကော်မြို့နယ်အတွင်းရှိ ဗီဒီယို စီဒီအငှားဆိုင်များအား အောင်တိုဘာ ၁၉ ရက်က ၀င် ရောက်ရှာဖွေခဲ့ရာထိုနေ့ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် လွိုင်ကော် မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ နမ့်ဘော်ဝမ် (ရှမ်း) ကျေးရွာရှိ
ရတနာရိပ်ဗီဒီယိုစီဒီအငှားဆိုင်မှ မြန်မာဇာတ်လမ်းခိုးကူးစီဒီငါးချပ် ကိုလည်းကောင်း၊ ထိုနေ့ညနေ ၆ နာရီခွဲအချိန်တွင် လွိုင်ကော်မြို့၊  မိုင်းလုံးရပ်ကွက်ရှိ နှင်းခိုင်ဗီဒီယို စီဒီအငှားဆိုင်မှ မြန်မာဇာတ်လမ်း   ခိုးကူးစီဒီ ၂၆၀ ချပ်ကိုလည်းကောင်း သိမ်းဆည်းခဲ့သည်။
ထိုနည်းတူ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုးမြင့်အောင်  ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများနှင့် အတူသတင်း အရလွိုင်ကော်မြို့နယ်၊ လွိုင်လင် လေးကျေးရွာရှိ စံပိနောင်ဗီဒီယို  စီဒီအငှားဆိုင်အား နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ၀င်ရောက်ရှာဖွေရာ မြန်မာဇာတ် လမ်းခိုးကူးစီဒီ ၂၄ ချပ်ကို သိမ်းဆည်းရမိခဲ့ပြီးနောက်အဆိုပါ  ကျေးရွာအတွင်းသို့ဗီဒီယိုစီဒီခွေ ဖြန့်ချိရန်ရောက်ရှိနေသော လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက် ရှိ ဆန်းသစ်လှိုင်ဗီဒီယိုစီဒီအငှား ဆိုင်မှ ဦးအောင်မင်းစိန်အား မသင်္ကာ၍ ရှာဖွေရာ၎င်းင်းကိုင် ဆောင်ထားသည့်ကြွပ်ကြွပ်အိတ် အတွင်းမှ မြန်မာဇာတ်လမ်းခိုးကူး စီဒီ ၃၁ ချပ်ကိုသိမ်းဆည်းရမိခဲ့ သည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်  ၍ လွိုင်ကော်ရဲစခန်းက (ပ) ၁၃၂/ ၂၀၁၂ (ပ) ၁၃၃/၂၀၁၂၊ (ပ) ၁၄၃/၂၀၁၂၊ ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂ (ခ) အရ ဦးရဲထွေး (၂၄ နှစ်၊ ဒေါ်နှင်းခိုင် (၃၁ နှစ်)၊ ဒေါ်နောင်းပိ (၂၄ နှစ်)နှင့် ဦးအောင်မင်းစိန်(ခ) ဦးအောင်ကို (၅၁ နှစ်)တို့ လေးဦးအားဥပဒေ နှင့် အညီအရေးယူကြောင်း သိရသည်။

ကြီးမြင့်နိုင် (လွိုင်ကော်)
Hot News         

No comments:

Post a Comment