ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီး သန့်ပို့ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော ကြီးမှာလာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား
မြို့ဆိပ်ကမ်းသို့လည်းဆိုက်ကပ်၍ ခရီးသည်များဝင်ရောက်လေ့လာ နိုင်ရန် စီစဉ်ပေးထားသည့်ပြင်ရေ လမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစားရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ် ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်ကြောင်း၊ ခရီးစဉ်၌ခရီးသည် (၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း (၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွား များ သင်္ဘောပေါ်တွင်စားသောက် နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုးရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်း ခွင့်ပြုမည်ဖြစ်ရာလိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေ ဖြင့် ဆွစ်ဇာလန်နိုင်ငံရှိThurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိ ရသည်။
ရွှေထူး
Hot News
No comments:
Post a Comment