ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၆၅သန်း ချေးငွေ ထပ်မံပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မန်နေဂျာ Kanthar Shankar က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါချေးငွေ ၁၆၅ သန်းမှာ အတိုးမဲ့ချေးငွေဖြစ်ပြီး အနှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။ ယင်းချေးငွေအတွက် ကမ္ဘာ့ဘဏ်မှ ၀န်ဆောင်စရိတ် (၀ ဒသမ ၇၅ သန်း) သာ ရယူမည်ဖြစ်သည်။
“ဒီချေးငွေအတွက်ကတော့ ဘယ်စီမံကိန်းတွေမှာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အစိုးရ အခြေခံအဆောက်အအုံတွေမှာ တော့ အဓိကလေ့လာနေပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင်ကမ္ဘာ့ဘဏ်အနေ ဖြင့်
လူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၈၀ ကို စတင်ထုတ်ပေးမည်ဖြစ်သည်။ ယင်းထောက်ပံ့ငွေကို ၁၈ လအတွင်း မဟာဗျူဟာစီမံကိန်းများချမှတ်၍ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။ ၎င်းစီမံကိန်းမှာ ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး ဤစီမံကိန်းပြီးမှသာ ချေးငွေ ၁၆၅ သန်း ရရှိမည်ဖြစ်သည်။
အဆိုပါချေးငွေကို စီမံကိန်းများဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများကို ထောက်ပံ့ရန်လည်း အစိုးရနှင့်တွဲဖက် ဆောင်ရွက်နိုင်ခြေရှိကြောင်း သိရသည်။
ပြည်သိမ်း
7Day News

No comments:
Post a Comment