ဗီဇာသည် အထက်ပါ ပုဂ္ဂလိ က ဘဏ်(၃)ခုနှင့် လိုင်စင်သဘော တူညီချက်စာချုပ်နှင့်အညီ ဗီဇာ ငွေထုတ်ကတ်များကို ရယူသွား မည်ဖြစ်ပြီး
ယင်းကတ်များကို ATM စက်များ၊ Point of Sale နေရာများတွင် လက်ခံအသုံးပြု နိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်း နှင့်နိုင်ငံခြားခရီးသွားလုပ်ငန်းများ အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ဗီဇာ မျဉ်း စည်းကမ်းနှင့် လုံခြုံရေးစံနှုန်းများ နှင့်အညီ လိုက်နာရမည်ဖြစ်သလို လိုင်စင်သဘောတူညီချက်များ အရ ဗီဇာကတ်အသုံးပြုသူအား လုံးသည် ယုံကြည်စိတ်ချရသော ဗီဇာကတ်အသုံးပြုသူအားလုံး သည်။ယုံကြည်စိတ်ချရသော ကွန်ရက်အတွင်း လွယ်ကူလုံခြုံစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
ဗီဇာကတ်ငွေကြေးစနစ်နှင့် ကွန်ရက်တို့က မြန်မာနိုင်ငံအတွင်း သို့ လာရောက်လည်ပတ်သော နိုင်ငံတကာမှ ခရီးသွားဧည့်သည် များသည် ဗီဇာ၏ အကြွေးဝယ် ကတ်၊မြီစားကတ်၊ကြိုတင်ပေးကတ် များကို အသုံးပြုနိုင်ခြင်း ၂၀၁၃ ခုနှစ်အတွင်း ကျင်းပမည့် SEA GAME အားကစားပွဲတော်နှင့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွား ရေးဖိုရမ် ၂၀၁၄ခုနှစ်တွင် ကျင်းပ မည့် အာဆီယံနိုင်ငံများ ထိပ်သီး အစည်းအဝေးပွဲသို့ လာရောက် တက်ရောက်ကြမည့် ဧည့်သည် များအတွက် ငွေကြေးသုံးစွဲမှု အဆင်ပြေမြန်ဆန်စေရန် ကြိုတင် ပြင်ဆင်မှုတစ်ရပ်ဟု သိရှိရသည်။
ဗီဇာသည် နိုင်ငံနှင့်နယ်မြေ ပေါင်း(၂၀၀)ကျော်တွင်ရှိသော စားသုံးသူများ၊စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အစိုးရများ မြန်ဆန်လုံခြုံပြီး ယုံ ကြည်အားထားရသော အီလက် ထရောနစ် ငွေချေစနစ်ဖြင့် ဆက် သွယ်ဆောင်ရွက်ပေးနေသော ကမ္ဘာ့ငွေချေစနစ် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည်။ ကမ္ဘာပေါ် တွင် ခေတ်အမီဆုံးသော ကွန် ပျူတာဖြင့်လုပ်ငန်းစဉ်အရပ်ရပ်ကို ဆောင်ရွက်သည့် ငွေပေးချေမှု ပေါင်း(၂၄၀၀၀)ကို တစ်ပြိုင်တည်း ၀န်ဆောင်မှုပေးနိုင်သည်။ အတု အပပြုလုပ်မှုများမှလည်း သုံးစွဲ သူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ၀န်ဆောင် မှုပေးလျက်ရှိသည်။ဗီဇာသည် ဘဏ်တစ်ခုမဟုတ်သလို ငွေကြေး ဆိုင်ရာကတ်များထုတ်ပေးခြင်း၊ငွေ ထုတ်ချေးခြင်း၊နှုန်းထားများသတ် မှတ်ခြင်းနှင့်သုံးစွဲသူများထံမှ ၀န် ဆောင်ခကောက်ခံခြင်းများမပြု လုပ်ကြောင်း သိရသည်။
သို့ရာတွင် ဗီဇာ၏ ဆန်းသစ် တီထွင်မှုကြောင့် ၎င်း၏ဘဏ္ဍာ ရေးအဖွဲ့အစည်းများမှ သုံးစွဲသူ များကို ငွေပေးချေရာတွင် ငွေ ထည့်ကတ်ဖြင့် လက်ငင်းပေးချေ ခြင်း၊ကြိုတင်ငွေပေးကတ်ဖြင့် ငွေ ကိုကြိုတင်ပေးခြင်း(သို့)အကြွေး ၀ယ်ကတ်ဖြင့် နောက်မှငွေချေ ခြင်းစသည့် ရွေးချယ်စရာ နည်း လမ်းများကို ပိုမိုပေးနိုင်ကြောင်း သိရှိရသည်။
မိုးမြင့်ဆွေ
Hot News
No comments:
Post a Comment