သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်ကြားဖြစ်ပွားနေသော အမှုကို
မူလတရားရုံးဖြစ်သည့် ဒဂုံမြို့နယ်တရားရုံးတွင် လာမည့်နိုဝင် ဘာလ ၂၂ ရက်နေ့၌
ဆက်လက်စစ်ဆေး ကြားနာသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ၈ရက် ရုံးချိန်းမှသိရှိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌
ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို
မျက်နှာဖုံးသတင်းအနေဖြင့် ဖော်ပြခဲ့သဖြင့် သတ္တုတွင်းဝန်ကြီးဌာနက
ဒဂုံမြို့နယ်တရားရုံးသို့ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲရန်
ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက The
Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက
ပြစ်မှုအမှတ်
၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့်လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအမှုကို ဒဂုံမြို့နယ်တရားရုံးက The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀
ဖြင့်စွဲချက်တင်ကြောင်းအမိန့်ကို စက်တင်ဘာလ ၂၀ ရက်နေ့က
အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမိန့်ကို The Voice ဂျာနယ်ဘက်မှ
ကျေနပ်မှုမရှိသဖြင့် ခရိုင်သို့ ပြင်ဆင်မှုလျှောက်ထားခဲ့ပြီး
အနောက်ပိုင်းခရိုင်တရားရုံးကလည်း လျောက်ထားမှုကို လက်ခံစစ်ဆေးခဲ့ကာ နိုဝင်ဘာလ ၅
ရက်နေ့တွင် မူလမြို့နယ်တရားရုံး (အောက်ရုံး) ၏အမိန့် အတည်ဖြစ်ကြောင်း
အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ခရိုင်ရုံးမှချမှတ်သည့်အမိန့်ကိုလည်း The Voice ဂျာနယ်ဘက်မှ ကျေနပ်မှုမရှိသဖြင့်
အထက်တရားရုံးသို့ ပြင်ဆင်မှုထပ်မံ လျှောက်ထားသွားရန် အစီအစဉ်ရှိကြောင်းလည်း
သိရှိရသည်။
ယင်းသို့ ခရိုင်မှ မြို့နယ်တရားရုံး၏အမိန့်မှာ အတည်ဖြစ်ကြောင်း
ဆုံးဖြတ်ခဲ့သဖြင့် ဒဂုံမြို့နယ်တရားရုံးတွင် ယင်းအမှုကို ဆက်လက်ကြားနာ
စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၈
ရက်(ယနေ့)တွင် ရုံးချိန်းဆင့်ခေါ်ခဲ့သော်လည်း ပုဒ်မ ၅၀၀ ဖြင့် အစွပ်စွဲခံရသူ The
Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေမှာ နိုင်ငံခြားခရီးသွားနေသောကြောင့်
ယနေ့တွင် အမှုကိုစစ်ဆေးခြင်းမရှိခဲ့ဘဲ လာမည့်နိုဝင်ဘာလ ၂၂ ရက် နေ့တွင်
ရုံးချိန်းထပ်မံဆင့်ခေါ်ထားပြီး ပြန်ခေါ်သက်သေများ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း
သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment