ဆန္ဒပြမှု(၉)ရက်မြောက်နေ့ ဖြစ်သော (၃.၁၁.၂၀၁၂)ရက် ညပိုင်းတွင်
မသမာသူလူတစ်ဦး က ဆန္ဒပြနေသော အလုပ်သမား များအတွင်းရုန်းရင်းဆန်ခတ်ထိတ် လန့်အောင် လုပ်ဆောင်ခဲ့သဖြင့် အလုပ်သမားများမှာ များစွာအင် အားနည်းနေချိန်ဖြစ်သဖြင့် ထိတ် လန့်တကြားဖြစ်ကာ အလုပ်သမား (၂၀)ဦးအား ဆေးရုံသို့ပို့ဆောင် ပေးခဲ့ရပါသည်။ ““ကူညီပါရစေ”” ဟု အမြဲဟစ်ကြွေးနေသော ပြည် သူ့ရဲတပ်ဖွဲ့အား အကူအညီတောင်း ခံသော်လည်း ကူညီပေးခြင်းမရှိခဲ့ သည်ကိုသိရှိရသည်။ ထိုအလုပ် သမား(၂၀)ထဲမှ အမျိုးသမီးများ ဖြစ်သော ၁။ မနှင်းဝေလွင် ၂။ မအေမီထွန်း ၃။ မတင်နီလာအောင် ၄။ မခင်ချိုမြင့်တို့ (၄)ယောက်မှာ ယနေ့ချိန်ထိ ဆေးရုံတက်ရောက် နေဆဲဖြစ်သည်။ မနှင်းဝေလွင်မှာ ယခုချိန်ထိ သတိကောင်းစွာမရ သေးဘဲ စိုးရိမ်ရသောအခြေအနေ တွင်ရှိနေပါသည်။ ယနေ့ နေ့လယ် ပိုင်းကလည်း အစာငတ်ခံဆန္ဒပြ နေသော အလုပ်သမားများထဲမှ ၁။ ကိုဇင်လင်းထွန်း ၂။ ကိုဝင်းနိုင် တို့မှာ အင်အားချည့်နဲ့သဖြင့် ရွှေ ပြည်သာပြည်သူ့ဆေးရုံသို့ တင် ထားခဲ့ရပါသည်။ ဆန်္ဒပြအလုပ် သမားကိုသာလှအားလည်း ရွှေ ပြည်သူပြည်သူ့ဆေးရုံသို့ တင် ထားကြောင်းသိရှိရသည်။
ထိုကဲ့သို့ အခြေအနေတိုင် အောင် အစာငတ်ခံဆန်္ဒပြမှုအား ရပ်ဆိုင်းခြင်း မရှိဘဲ ဆက်လက်တိုက်ပွဲဝင်နေ သော ရွှေပြည်သာမြို့ တော်ဝင် မိသားစုကုမ်္ပဏီ၊အချောထည်နှင့် ပရိဘောဂစက်ရုံ အလုပ်သမား များအား အထူးပင်ဂုဏ်ယူကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်က မှတ် တမ်းတင်ပါသည်။
ဒီမိုကရေစီရေး လူ့အခွင့်အ ရေး ငြိမ်းချမ်းရေးတရားမျှတရေး တို့ကို လိုလားတောင့်တသော၊ လေးစားတန်ဖိုးထားသော ပြည်သူ လူထုကြီးအနေဖြင့်အလုပ်သမား များ၏ခေါင်းပုံဖြတ်ခံရမှုများအား လူသားချင်းစာနာစိတ်ဖြင့် အား ပေးကူညီကြရန်နှင့်ခရိုနီများ၏ မတရားခေါင်းပုံဖြတ်အမြတ်ထုတ် မှုတို့အား ဖော်ထုတ်၍ တရားမျှ တသော လူ့ဘောင်လောကအား ၀ိုင်းဝန်းတည်ဆောက်ကြပါရန် လည်း အထူးပင်မေတ္တာရပ်ခံအပ် ပါသည်။
နိုင်ငံရေးအကျဉ်းသားမိသား စုများ အကျိုးကွန်ရက်သည် တော် ၀င်မိသားစုကုမ္ပဏီ၊အချောထည် နှင့် ပရိဘောဂစက်ရုံအလုပ်သမား များအား အထူးပင်စာနာထောက် ထားလျက် အလုပ်သမားထုကြီး ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများအား ခိုင်မာစွာ အားပေးထောက်ခံသွား မည်ဟု သိရသည်။
နိုင်လင်း
Hot News
No comments:
Post a Comment