ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့တွေ့ဆုံရခြင်းမှာ ရခိုင်အရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပေါင်းစုံ၏ သဘောထားကို ရယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက
၎င်းတို့၏အတွေ့အကြုံများကို တင်ပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ယခုအရေးကိစ္စသည် မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စမဟုတ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့နှင့် ဖြစ်ပွားနေခြင်း ဖြစ်သောကြောင့် နှစ်နိုင်ငံအရေးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပေါင်းစုံ၏ သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြောကြားခဲ့သည်။
ဒါကိုတိုင်းရင်းသားတွေရဲ့အလိုကျ ကျွန်မတို့ ဆောင်ရွက်မှာပါ။ ရခိုင်အရေးဟာ ပထမဆုံး ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ သွားဖို့ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဘာပဲပြောပြော သာမန်မဟုတ်တဲ့ အခြေအနေမျိုးကိုတော့ အမြန်ဆုံးပြန်ပြီးတော့ သာမန်အခြေအနေရောက်အောင်လိုတယ်လို့ ထင်ပါတယ် . . . |
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီးလို့တော့ ကြိုပြောလို့မရသေးပါဘူး။ ဒါကိုတိုင်းရင်းသားတွေရဲ့အလိုကျ ကျွန်မတို့ဆောင်ရွက်မှာပါ။ ရခိုင်အရေးဟာ ပထမဆုံး ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ သွားဖို့ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဘာပဲပြောပြော သာမန်မဟုတ်တဲ့ အခြေအနေမျိုးကိုတော့ အမြန်ဆုံးပြန်ပြီးတော့ သာမန်အခြေအနေရောက်အောင် လိုတယ်လို့ ထင်ပါတယ်" ဟု နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment