ထို့ကြောင့် ပဲခူးမြို့နယ်စည် ပင်သာယာရေးအဖွဲ့က တရားလို ပြုလုပ်၍
ကျူးကျော်ဈေးရောင်း နေသူ ဦး…ကို ပဲခူးမြို့ တရား ရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ပဲခူးမြို့နယ် ပြစ်မှုဆိုင်ရာ မူလမူ အမှတ် (၇၂၇၇/၂၀၁၂)စည်ပင် သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ (၇၂)အရ အမှုကို လက်ခံစစ်ဆေး ခဲ့ပြီး ၂၀၁၂ခုနှစ်၊ မတ်(၁၂)ရက် တွင် တွဲဖက်မြို့နယ် တရားသူကြီး (၁)ဦးမောင်မောင်အေး၏ ရုံး တော်က ပြစ်မှုကို ကျူးလွန်ကြောင်း ထင်ရှား၍ ဒဏ်ငွေကျပ်(၅၀၀၀) ပေးဆောင်စေရန်၊ ဒဏ်ငွေမ ဆောင် ပျက်ကွက်ပါက ထောင် ဒဏ် (၆)လကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
တရားရုံးတော်က ပြစ်မှု ထင်ရှားစီရင်ပြီးဖြစ်သော်လည်း ကျူးကျော်ရောင်းချမြဲ ရောင်းချ နေသဖြင့် ပဲခူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှပင် တရားလို ပြုလုပ်၍ ဒုတိယအကြိမ် ဦးတိုက် လျှောက်ထားစွဲဆိုခဲ့ရာ ပဲခူးမြို့ တရားရုံး၊ ပြစ်မှုဆိုင်ရာ မူလမှုအ မှတ် (၄၂၀၅/၂၀၁၂)ကို စစ်ဆေး ကြားနာပြီးနောက် ပထမအကြိမ် အပြစ်ပေးခံရပြီးနောက်ပိုင်းတား မြစ်ထားသည့်နေရာ၌ ဆက် လက်ရောင်းချနေကြောင်းပေါ် ပေါက်၍ စည်ပင်သာယာရေး အဖွဲ့ဥပဒေပုဒ်မ (၇၆)အရ အပြစ် ရှိကြောင်း ပေးပေါ်ပေါက်သဖြင့် ဒဏ်ငွေ (၇၂၅၀/၂၀၁၂)ကျပ် ပေးဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်ပျက်ကွက်ပါက အလုပ် မဲ့ထောင်ဒဏ် (၆)လကျခံစေရန် ပဲခူးမြို့နယ် တရားသူကြီး ဒေါ် ခင်မေယုက ပြစ်ဒဏ်ချမှတ်ခဲ့ပါ သည်။
““စည်းကမ်းဖောက်ဖျက်သူကို တရားဥပဒေအရ တရားစွဲရုံဖြင့် လုံလောက်ပါပြီလား။ တရားရုံး က ချမှတ်သည့် ပြစ်ဒဏ်လောက် မျှဖြင့် လုံလောက်ပါပြီလား။ ဈေး ရောင်းချသူများလိုက်နာရန် ၀န်ခံ ကတိရေးထိုးထားသောစည်ကမ်း ချက်များနှင့် ဌာနဆိုင်ရာ အရေး ယူမှုမပြုလုပ်တော့ပြီလော””ဟုဆိုင် ခန်းပိုင်ရှင်များက မေးခွန်းထုတ် ခြင်းများ ပြုလာကြသည်။ တရား ရုံးက ချမှတ်သော ဒဏ်ငွေသည် တစ်နေ့တာဈေးရောင်းရသည့် အမြတ်ငွေ၏ (၅၀ရာခိုင်နှုန်း)ပင် မရှိသဖြင့် စည်းကမ်းမဲ့ ထပ်မံကျူး ကျော်ဈေးရောင်းနေဆဲဖြစ်ပေရာ တတိယအကြိမ် တရားစွဲဆိုလျှင် လည်း ကျူးကျော်သူက ဖယ်ရှား သွားရန် အကြောင်းမမြင်ဟု ယူ ဆရပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး စည် ပင်သာယာရေးဝန်ကြီး၊ စည်ပင် သာယာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးတို့ထံ ဈေးသူဈေးသားများ က တိတိကျကျ ရေးသားတိုင် ကြားခဲ့ကြပါသည်။ အထက် အောက်သို့ မေးမြန်းခြင်း၊ ညွှန် ကြားခြင်းပြုလာခြင်းအပေါ် မြို့ နယ်စည်ပင်သာယာရေးအဖွဲ့က ““ကျူးကျော်ဈေးရောင်းသူကို ဥပဒေနှင့်အညီ တရားစွဲဆိုထား ပါကြောင်း”” ပြန်လည်အစီရင်ခံရုံ မျှဖြင့်တော့ အကြောင်းမထူး သည့် ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။
နှစ်ထပ်ဈေးရုံအတွင်းမှ ဆိုင် စည်းကမ်းတကျ ဖွင့်လှစ်ရောင်း ချနေသူများကတော့ မှန်ကန်မျှ တမှုကို မျှော်လင့်တောင့်တနေ ကြပါသည်။
စိန်လှိုင်ဗိုလ်
Hot News
No comments:
Post a Comment