ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်၍ မြစ်ဖြတ်ကူးတံတား တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက စီမံကိန်းအဆိုပြုလွှာ တင်ပြထားပြီး လာမည့်ဒီဇင်ဘာလတွင် မီးရထားရုံးတွင် လာရောက်ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့က တံတားတည်ဆောက်ရန်အတွက် ပန်းဆိုးတန်းလမ်းမကြီး၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း နေရာများအား အဆိုပြုထားသော်လည်း ရွှေတိဂုံဘုရားလမ်းမှာ အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့
ကိုရီးယား ကုမ္ပဏီက ရန်ကုန်-ဒလ တံတား တည်ဆောက်ဖို့အတွက် အဆိုပြုထားတယ်။ သူတို့အဆိုပြုတဲ့နေရာတွေထဲက ဆူးလေနဲ့ ပန်းဆိုးတန်းလမ်းမ ကြီးတွေကတော့ တံတားဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရွှေတိဂုံဘုရားလမ်းကတော့ အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကားများသွားလာနိုင်သော ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) သမ္ဗာန် များသွားလာနိုင်မည့် ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လာရောက်ဆွေးနွေးမှု ပြုလုပ်ခြဲ့ |
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကားများသွားလာနိုင်သော ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) သမ္ဗာန် များသွားလာနိုင်မည့် ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လာရောက်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်အား နှစ် ၃၀ စီမံကိန်းရေးဆွဲ၍ ဖွံ့ဖြိုးအောင် ပြုလုပ်နေသည့်အတူ ရန်ကုန်မြို့လယ်နှင့် အနီးစပ်ဆုံးနေရာဖြစ်သည့် ဒလမြို့ဘက်အခြမ်းကိုလည်း ယခုထက်ပိုမို ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တံတားတည်ဆောက်ရန် စီစဉ်ကာ အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment