မြန်မာ့ဆန်ကို ပြည်ပဈေးကွက်သို့ ရောင်းချရာတွင် ဈေးကောင်းရသည့် တရုတ်နိုင်ငံသို့သာ ယခုနှစ်အတွင်း ဦးစားပေးတင်ပို့နေရကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
...
ပင်လယ်ရေကြောင်းကုန်သွယ်ရေးဖြင့
“အရင်က အသင်းဝင် ၂၀ လောက်ပဲရှိတာ။ ဒီနှစ်မှာ ၅၀ လောက် ရှိလာတယ်။ ပဲခူးအရှေ့အနောက် ရန်ကုန်ကလူတွေပါ လာရောင်းနေကြတယ်”ဟု မူဆယ်ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေးဦးကပြောကြားသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ယခုနှစ်တွင် တစ်ရက်လျှင် တန်ချိန် ၂၀၀၀ နီးပါး တင်ပို့နေသည်။ ယခင်နှစ် တင်ပို့မှုမှာ တစ်ရက်လျှင်
တန်ချိန် ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့သည်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ယခုအချိန်၌ ဘုရင့်နောင်ဈေးကွက်မှ အဓိကများနေပြီး ယခင်လများက မြန်မာပြည်အလယ်ပိုင်းကသာ တင်ပို့မှုများခဲ့သည်။ ဆန်ဈေးမှာလည်း ငစိန်ဆန်အသစ် ကီလို ၅၀ တစ်အိတ်လျှင် ၁၄၃ ယွမ်ဝန်းကျင်ရှိသည်။
မြန်မာ့ဆန်ကို ပြည်ပသို့တင်ပို့ရာတွင် ဧပြီလမှ အောက်တိုဘာလလယ်ထိ တန်ချိန်ခုနစ်သိန်းဝန်းကျင်ရြှိ
ယခုနှစ် ပြည်ပဈေးကွက်သို့ ဆန်တင်ပို့မှုကို ဆန်တန်ချိန်တစ်သန်းခွဲ တင်ပို့ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသ
7Day News

No comments:
Post a Comment