ယနေ့နံနက် ၇နာရီ ၄၂ မိနစ်အချိန်က ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၆.၈ ရှိ အင်အားပြင်းငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်၊ခင်ဦးမြို့နယ်၊
ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက်၊ ရွှေပေါ်ကျွန်းဘုရားလည်း
ငလျင်ဒဏ်ခံခဲ့ကြောင်း မြို့ပေါ်ရှိနေအိမ်အချို့၏ အုတ်နံရံများ အက်ကွဲပြီး အချို့မှာ အနည်းငယ်ပြိုကျခဲ့သည်ဟု သိရှိရပါသည်။
အနောက်ဈေး ရပ်ကွက်ရှိ လောကမာရဇိန် ဘုရားစောင်းတန်းများလည်း ပြိုကျခဲ့ကြောင်း၊ဆင်ရုံအရပ်ရှိ ဂန္ဓာရုံ ဘုန်းကြီးကျောင်း အုတ်တံတိုင်းလည်း ပြိုကျခဲ့ပြီး၊ အမှတ် (၇) ရပ်ကွက် ရွှေဂူကြီးဘုရား ထီးတော်အောက်ပိုင်းရှိ အုတ်ချပ်များ ပြိုကျခဲ့ကြောင်း သိရသည်။ ရွှေဘိုမြို့ထောင့် စေတီ၏ စိန်ဖူးတော် ကောက်သွားကြောင်းလည်း သိရှိရပါသည်။
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ နွယ်ငြိမ်းကျေးရွာရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃ (ဧရာဝတီမြစ်ကူးတံတား) စီမံကိန်းရှိ လုပ်ငန်းခွင်အချို့တွင်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
အင်အားပြင်းငလျင်တစ်ခု ယနေ့ (နိုဝင်ဘာလ ၁၁ရက်နေ့)နံနက်ပိုင်း ၇နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့တွင် လှုပ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။မန္တလေးမြို့ရှိ မန်းမြန်မာ ပလာဇာတွင်လည်း အုတ်နံရံအချို့ အက်ကွဲခဲ့ကြောင်း ၊ စစ်ကိုင်းမြို့တွင်လည်း ငလျင်လှုပ်ခတ်ခဲ့ပြီး နေအိမ်အချို့၏ အုတ်နံရံများ အက်ကွဲသွားခဲ့ကြောင်း သိရှိရသည်။ပြင်ဦးလွင်မြို့တွင်လည်း ငလျင်ဒဏ် ခံစားခဲ့ရကြောင်း သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment