Thursday, November 15, 2012

ချောင်းသာမှ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိတော့မည်လား


ချောင်းသာကမ်းခြေမှမြေ ယာသိမ်ဆည်းမှုပြဿနာကို ဧရာ ၀တီတိုင်းဒေသကြီးလွှတ်တော်က (၂)လအတွင်း ဖြေရှင်းပေးရန် ဆုံး ဖြတ်ချက်ချလိုက်ကြောင်းစုံစမ်း သိရှိရသည်။
အောက်တိုဘာ(၈)ရက်မှ (၃၁)ရက်နေ့ထိ ကျင်းပခဲ့သည့် ဧ ရာဝတီတိုင်းဒေသကြီးလွှတ်တော်   ပထမအကြိမ် စတုတ္ထပုံမှန်အစည်း အဝေးတွင် ယခုလိုဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။
““ဒီပြဿနာကို ၂၀၁၁တည်း က ၀န်ကြီးချုပ်က ဖြေရှင်းပေးမယ်  လို့ ကတိပေးပြီးသား။ဒါပေမယ့်  ဒီနေ့ထိ မလုပ်ပေးရသေးဘူး။ အခုလွှတ်တော်ကဆုံးဖြတ်ချက်ချ
လိုက်ပြီ၊အစိုးရအဖွဲ့ကဖြေရှင်းပေး ဖို့ပဲကျန်ပါတော့တယ်””ဟု ဧရာ ၀တီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးဆန်းဆင့်က ယခုလ(၁၂)  ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့ သည်။
ယင်းသို့ လွှတ်တော်ကဆုံး ဖြတ်ချက်ချပြီးသော်လည်း တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဆောင် ရွက်ပေးခြင်းမရှိသေးကြောင်း ချောင်းသာကမ်းခြေမှ ဒေသခံ ဦးထွန်းလှိုင်ကပြောကြားသည်။
““အစိုးရအဖွဲ့ကလာပြီးရှင်း  ပေးတာတော့ မမီသေးဘူး။လယ် ယာမြေစုံစမ်းရေးကော်မရှင်က နောက်လထဲမှာ ချောင်းသာနဲ့ငွေ ဆောင်ကိုလာမယ်လို့ကြားတယ်”” ဟု အဆိုပါဒေသခံက ယခုလ  (၁၅)ရက်တွင် ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ၀န် ကြီးချုပ်ဦးသိန်းအောင်က ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ချောင်းသာကမ်းခြေမှ ဒေသခံများ  နှင့်တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံ စဉ် ““သိမ်းပြီးဆောက်လုပ်ပြီးသား   တွေကို မပြောပါနဲ့၊မဆောက်ရ  သေးတဲ့ကျန်မြေတွေကို စီစစ်ပြီး   ရွာသားများထံရအောင်ပြန်ဆောက် ပေးမယ်””ဟု ပြောကြားခဲ့ကြောင်း ဒေသခံများကဆိုသည်။
ယင်းနောက်ပိုင်းတွင် ကုမ္ပဏီဘက်မှ အဆောက်အဦးမ ဆောက်ရသေးသောမြေကွက်များ တွင် အတင်းဝင်ဆောက်ခြင်း၊အလံ စိုက်ထူခြင်းများပြုလုပ်လာခဲ့ခြင်း ကြောင့် ဒေသခံများနှင့်ပဋိပက္ခ  ဖြစ်လာရကြောင်းအထက်ပါ လွှတ်တော်ဥက္ကဋ္ဌကပြောသည်။
ချောင်းသာကမ်းခြေဟိုတယ်   တည်ဆောက်ရန် ၁၉၉၆ခုနှစ်က တည်းက ဒေသခံများထံမှ မြေ ယာသိမ်းဆည်းမှုမျာပြုလုပ်ခဲ့ပြီး   လျော်ကြေးနှိမ်ပေးခြင်း၊စီမံကိန်း  မြေဟုဆိုကာ လျော်ကြေးမပေး ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့်ဒေသ ခံများ နစ်နာခဲ့ရကြောင်း ဧရာဝတီ  တိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြော သည်။
နစ်နာခဲ့ရသော ဒေသခံများ   က ယခုလ(၂၃)ရက်နေ့တွင် လူ ပေါင်း ၂၂၀ကျော်ဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေ့တွင် ဆန္ဒ ထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း   သိရသည်။
ချောင်းသာကမ်းခြေတွင် အသိမ်းခံထားရသော မြေဧက  ၆၁၅.၂ဧကရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

ရာဇာဦး

No comments:

Post a Comment