Tuesday, November 13, 2012

ရိုးသားမျှတ သစ္စာရှိသော ငြိမ်းချမ်းရေးဖြစ်စေလို

(နိဒါန်း)
ယခုအခါ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးပါဝင်သော အမျိုးသားညီလာခံကျင်းပရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးစသည့် စကားလုံး  ဆန်းဆန်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်လောင်လောင်ကြားသိနေရ သည်။ တကယ်ငြိမ်းချမ်းရေးလိုချင်ကြ တာလား၊ တကယ်ပြည်တွင်းစစ် ရပ်စဲချင်  တာလား၊ တကယ်ရိုးသားမှုရှိစွာဖြင့် တောင်းဆိုနေကြတာလား။ ဤမေးခွန်း ကိုတော့ မေးလိုက်ချင်ပါသည်။
ပြည်တွင်း လောင်ကျွမ်းမှု ခရီးစဉ်အစ
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှစ၍ ပြည်တွင်းသောင်းကျန်းမှု စတင်ခဲ့သည်ဟုပြောရမည်ဖြစ်သည်။ ကရင်သောင်းကျန်းသူများသည်
စောဘဦး ကြီးအား ခေါင်းဆောင်စေကာ ၁၉၄၇ ခုနှစ်မှ စတင်၍ ကေအင်ဒီအိုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အလံနီကွန်မြူနစ်ပါတီ သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ သီးခြား ခွဲထွက်ကာ လက်နက်ကိုင်တော်လှန်ရေး  စတင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ မတ်လ (၂၈)  ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီက  ထပ်မံတောခိုပြန်သည်။ ၁၉၅၀ ပြည့်နှစ်  တွင် ကချင်သေနတ်ကိုင်တပ်ရင်း (၁) မှ ဗိုလ်ကြီးနော်ဆိုင်းဦးစီးသော ကချင်များ တောခိုခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဇော်ဆိုင်း၊ ဇော်တူး ညီအစ်ကို ဦးစီးကာ   ကချင်လက်နက်ကိုင်ကေအိုင်အေအဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။ ၁၉၅၈ ခုနှစ် မေလ (၂၁) ရက်တွင် နွံစစ်ဟန်ခေါင်းဆောင်သော ရှမ်းလက်နက်ကိုင်အဖွဲ့မှ အက်စ်အက်စ်  အေအဖွဲ့ကို ထိုင်း/မြန်မာနယ်စပ်တွင် ဖွဲ့စည်းခဲ့သည်။ ဤသို့ဖြင့် ထိုအဖွဲ့အစည်း များသည် လက်နက်ကိုင်သောင်းကျန်းမှု   အဖွဲ့များ ဖွဲ့စည်းပြီးချိန်ကစ၍လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဆွဲကိုင်ကာ တက်လာသမျှ အစိုးရကို ဆန့်ကျင်ခဲ့ကြ သည်။
(အာဏာရအစိုးရအဖွဲ့တိုင်းနှင့် ငြိမ်းချမ်း ရေး)
ဖဆပလ အစိုးရလက်ထက်တွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများချုပ်ငြိမ်း  စေရေးအတွက် လက်နက်နှင့် ဒီမိုကရေစီ  လဲလှယ်ရေးအစီအစဉ်ချမှတ်ဆောင်ရွက် ခဲ့သည်။ ရဲဘော်ဖြူများအလင်းဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် တောတွင်းရောက်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီး သီးနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည်။ ကရင်သောင်းကျန်းသူစောဟံတာသာမွှေး ဦးစီးသောကေအာရ်စီအဖွဲ့အလင်းဝင်ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး   ရေးကောင်စီခေတ်တွင် လက်နက်ကိုင် အင်အားစုအဖွဲ့ (၁၇) ဖွဲ့နှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ (အကြောင်းအရာအပြည့် အစုံကို ရှည်လျားမည်စိုးသဖြင့် အကျဉ်း သာဖော်ပြအပ်ပါသည်။) ငြိမ်းချမ်းရေးရ ယူရန် အထူးသဖြင့် ကေအိုင်အေလက် နက်ကိုင်အဖွဲ့ကျန်သည့်အပြင် ကေအင်  ယူအဖွဲ့မှ အချို့နှင့် ကျန်သောပါတီမှ အင်အားအချို့ကျန်သည်ဟု သိရသည်။
(ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပြည်သူ့ အသံ)
ပြည်တွင်းစစ်ရပ်စဲမှ ပြည်တွင်းငြိမ်း ချမ်းရေးရရှိနိုင်မည်။ ပြည်တွင်းငြိမ်းချမ်း ရေးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှ စက်မှုနိုင်ငံတော်တည်ထောင်နိုင် မည်။ စက်မှုနိုင်ငံတည်ထောင်နိုင်မှ စက်မှု လယ်ယာစနစ်ဖွံ့ဖြိုးတိုးတက်လာမည်။ စက်မှုလယ်ယာဖွံ့ဖြိုးမှ လယ်ယာထွက် ကုန်တိုးတက်မည်။ လယ်ယာထွက်ကုန်  တိုးတက်မှ ပြည်ပပို့ကုန်တိုးမြင့်လာမည်။  ပြည်ပပို့ကုန်မြင့်မားမှ နိုင်ငံတကာကုန် သွယ်မှုတိုးတက်ပြီး ပြည်ပ၀င်ငွေတိုးတက်  ရရှိမည်။ ပြည်ပ၀င်ငွေတိုးတက်မှ ပြည်တွင်း  မှာ ကျန်းမာရေးပညာရေးလူမှုရေးလုပ် ငန်းများ အဆင့်မြှင့်ဆောင်ရွက်နိုင်မည် ဟူ၍ မျှော်လင့်ချက်မြင့်မြင့်မားမားထား ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ရရှိ လိုကြပေသည်။
(ပြည်တွင်း ငြိမ်းချမ်းရေးရယူရေးအပေါ်  အဆိုးမြင်ဝါဒများ လွှမ်းမိုးထားခြင်း)
အချို့က “ငြိမ်းချမ်းရေးလိုချင်ရင် အပစ်အခတ်ရပ်စဲရေးထက်နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေးပထမ လုပ်”ဟု ပြောဆိုလာသည်။ အချို့က “အပစ်အခတ်ရပ်စဲရေးနောက်မှလုပ်၊ နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်”ဆိုသည့် အယူအဆရှေ့တန်းတင်လာသည်။ ထိုသို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များက တောင်းဆိုခဲ့ကြသည်။ ၎င်းင်းတို့က အမျိုးသားညီလာခံကျင်းပရေးအလေးထား  တောင်းဆိုလာခဲ့သည်။ ငြိမ်းချမ်းရေးတွေ့  ဆုံဆွေးနွေးရေး၏အခက်အခဲအသီးသီးမှာ  ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်ညှိုးထိုးနေခြင်းဖြစ်သည်။  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ တိုင်းရင်းသားများ၏ အခွင့်အရေးတစ်ခုမှ  မပါဟုဆိုလာသည်။ တပ်မတော်သားကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော်တွင် ပါဝင်နေခြင်းကို မကြိုက်ဟုထောက်ပြကြ သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ကို ၎င်းင်းတို့ကိုယ် တိုင်ရွေးချယ်ခန့်ထားလိုကြသည်။ ပင်လုံ စာချုပ်ပါ အခွင့်အရေးများရယူနိုင်မှ လူမျိုး စုအတွင်း တန်းတူဆက်ဆံရေးရမည်ဟု အဆိုပြုလာသည်။
(ပြည်တွင်းငြိမ်းချမ်းရေးပျောက်ဆုံးမှာ စိုးရိမ်ပူပန်လာ)
ငြိမ်းချမ်းရေးအလိုချင်ဆုံးလူတွေကို  ယနေ့ပြပါဆိုလျှင် စစ်ပွဲမှာ နှစ်ဖက်ပြိုင် ဆိုင်တိုက်ပွဲဝင်နေသော စစ်သားများဖြစ် ပါသည်။ အခြားသူများ လိုချင်သော ငြိမ်ချမ်းရေးလိုအင်သည် ထိုရင်ဆိုင်တိုက် ပွဲဝင်စစ်သားများလောက်ပြင်းထန်မည်မ ထင်။ ငြိမ်းချမ်းရေးလိုချင်ရင်ပြည်တွင်းစစ် ရပ်စဲရေးသည် ပထမ၊ တွေ့ဆုံဆွေးနွေး  ရေးသည် ဒုတိယဟုမြင်ပါသည်။ တွေ့ဆုံ ဆွေးနွေးရေးမှာ နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေးလုပ်ငန်းစဉ်ပါလာ မည်ဖြစ်သည်။ ထိုအချိန်တွင် တန်းတူညီ  မျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးစသည် တို့ပါလာမည်ဖြစ်သည်။ ယခုလည်းပြည် သူက ဆန္ဒပြုရွေးကောက်ခံရလျှင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ရပိုင်ခွင့်များရရှိကာပြည်သူအတွက် တင်ပြ  ဆောင်ရွက်နိုင်ခွင့်များရရှိနေပြီဖြစ်ပါလိမ့် မည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ မှာလည်း ပြည်သူရွေးကောက်တင်မြှောက်  သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   အစိုးရများရရှိနေပြီဖြစ်ပါသည်။ ပြည်သူ တို့လိုလားလျှင် ယခုထက်ပိုသောလုပ်ပိုင် ခွင့်များရရှိနိုင်မည့် အခွင့်အရေးများ တိုးတက်ဆောင်ရွက်နိုင်ပါလိမ့်မည်။ အပြည့်အ၀လိုချင်လျှင် ပြုပြင်ပြောင်းလဲ  ရေးများကို ညှိနှိုင်းဆောင်ရွက်ကြရပေ လိ့မ်မည်။ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင် ကြဉ်ရန်လိုအပ်သကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေပြုပြင်ရေးကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်တွင်းမှာ ဖြေရှင်း  ကြရပေလိမ့်မည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်း  အုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်သူလူ ထု ၉၂ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့် အတည်ပြုထားသော ဥပဒေဖြစ်ပါကြောင်း  နှစ်ဖက်ညှိနှိုင်းဆွေးနွေးသူများသတိပြု  ကြပါရန်လိုပါမည်။
(ပဋိပက္ခချုပ်ငြိမ်းရေး)
ပဋိပက်္ခချုပ်ငြိမ်းရေး သဘောတရား  များသည် ဤလောကတွင်ရှိနေမည်ဖြစ် ပါသည်။ နှစ်ဖက်ညှိနှိုင်းပြေလည်ပါက  ပဋိပက္ခချုပ်ငြိမ်းမည်ဖြစ်ပါသည်။ တစ်ဖက်  မှနိုင်ပြီး တစ်ဖက်မှ ရှုံးပါကလည်းနှစ်ဖက်  ပေါင်းစည်းသွားပါကလည်း ပဋိပက္ခချုပ် ငြိမ်းနိုင်မည်။ နှစ်ဖက်လုံးပျက်စီးသွားပါ ကလည်း ပဋိပက္ခချုပ်ငြိမ်းသွားမည်။ တစ်ဖက်သတ်အနိုင်ရရေးအတွက် ဥပဒေ  နှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ လုပ်ပြီး ပဋိပက္ခချုပ်ငြိမ်းလျှင် အနာဂတ်  လူ့ဘောင်အတွက် ပြဿနာအသစ်များ ကျန်ရစ်နေမည်ဖြစ်ပါသည်။ ထိုသို့ ပြဿနာအသစ်များ ချန်မထားခဲ့ရန် အလေးထားဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆပါသည်။
အချုပ်ဆိုရသော် လူ့သဘောအရ  လိုချင်တာတွေ တောင်းဆိုနေကြသည် မှာ သဘာဝကျပေသည်။ သို့သော်ဖြစ် နိုင်တာလုပ်ရင် အကောင်အထည်ပေါ် မည်။ ရနိုင်တာတောင်းရင် ပေးပါကရ မည်။ မဖြစ်နိုင်တာမရနိုင်တာတောင်းရင် ငွေကုန်သံပြာဖြစ်မည်။ သတိပြုစရာရှိ သည်မှာ ပြဿနာတစ်ခုကို ညှိနှိုင်းအဖြေ ရှာရာ၌ အသေဆုပ်ကိုင်တောင်းဆိုနေလျှင်  လည်း အဖြေကောင်းမရနိုင်၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ပို့ကုန်တစ်ခုအဖြစ် ပြည်ပမှ လက်ခံယူပြီး အကောင်အထည် ဖော်ရန် ကြိုးပမ်းနေလျှင်လည်း ပင်ပန်း ရုံရှိမည်။ စနစ်ဟောင်းက လုပ်နည်း ဟောင်းတွေကို မူသေလက်ကိုင်ထားပြီး ညှိနှိုင်းရေးစာပွဲဝိုင်းတင်လာလျှင်လည်း ငြီးငွေ့စိတ်ပျက်စရာစကားဝိုင်းဖြစ်မည်။ ပြည်သူ့ မျက်နှာစာသို့ ကိုယ်လုံးပြပိုင်ခွင့် မရှိသော အဖွဲ့အစည်းများသို့ စကားဖိတ် လွန်၊ နှုတ်ကျွံထားသဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းကို အချိန်ဆွဲနေပြန်လျှင်လည်း ပြည်သူ့လိုလားချက်နှင့် မကိုက်ညီနိုင်။ ထို့ကြောင့် ငြိမ်းချမ်းရေးအပေါ်သစ်္စာရှိ ပါ၊ ငြိမ်းချမ်းရေးအပေါ် ရိုးသားပါ၊ ငြိမ်းချမ်းရေးအပေါ် တရားမျှတစွာစဉ်း စားပါ၊ ပြည်သူလူထု၏ မျက်နှာကို ထောက်ထားကြပါဟု မေတ္တာဖြင့် တင် ပြအပ်ပါသည်။



စိန်ဝင်းအောင်-မန္တလေး
Hot News         

No comments:

Post a Comment