ဆက်သွားမည့်ခရီးသည်များ မှာ ဂိတ်ဆုံးသို့ (၅၀) ကျပ်သာ ပေးရသည့်လမ်းကို ဆိုက်ကားစီး လျှင် (၃၀၀) ကျပ်၊ ဆိုင်ကယ်စီး လျှင် (၅၀၀) ကျပ်ပေး၍ ခရီးဆက် သွားနေရကြောင်း ပြောကြားလာ သဖြင့် (၁၉.၁၁.၂၀၁၂) ရက် နေ့ ညနေ ၅ နာရီကျော်လောက် ကသွားရောက်စုံစမ်းရာဒိုင်နာ (၉၉) ရွှေပြည်သာ (ဏ)ကွေ့ ဘုရင့်နောင်ဈေး၊ ဒိုင်နာ (၇၉) လှော်ကားသင်္ကန်းကျွန်း၊ ဒိုင်နာ (၈၂) ရွှေပြည်သာ (တ) ရပ်ကွက် အောင်မင်္ဂလာအဝေးပြေးဒိုင်နာ (၈၁) ရွှေပြည်သာသံဒင်းဈေး ရွှေပေါက္ကံ၊ ရွှေအင်းဝ (၁၈၈) ရွှေပြည်သာ (ည) ရပ်ကွက်၊ ဆူးလေလိုင်းကားများသည် ညနေ ၅ နာရီခွဲလောက်တွင် ထန်းခြောက် ပင်လမ်းဆုံမှာ ခရီးသည်များကို ဆင်းခိုင်းပြီး နောက်ကြောင်းပြန် လှည့်၍ ခရီးသည်ပြန်တင်ကာ ထွက်ခွာနေကြသည်မှာ အမှန်ဖြစ် နေပါသည်။
ယာဉ်မောင်တစ်ဦးကို “ဒါဂိတ် ဆုံးလားလို့”မေးကြည့်ရာ “ဒီအချိန် ဆိုရင် ရပ်ချင်တဲ့နေရာမှာရပ်မယ်၊ ထွက်ချင်တဲ့နေရာကထွက်မယ်”လို့ ပြန်ပြောပါသည်။ ဒီကိစ္စနှင့် ပတ်သက်၍ လိုင်းကားစီးခရီးသည် များ ခံစားနေရသည်မှာ တော်တော်ကြာနေပြီဖြစ်သော်လည်း မည်သူမျှစည်းကမ်းပျက်လိုင်းကား များကို စည်းကမ်းတကျဖြစ်စေရန် ဆောင်ရွက်ပေးခြင်းမရှိသဖြင့် သမ္မတကြီး၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လှမ်းမှ အခြေခံလူ တန်းစားများ၏ ငွေကြေးကုန်ခမ်း မှုကို မကုန်သင့်တာမကုန်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သလိုဆောင်ရွက်နိုင်ရန် တင်ပြလိုက်ရပါသည်။
ဝင်းနောင်(ရွှေပြည်သာ)
Hot News
No comments:
Post a Comment