Tuesday, November 13, 2012

အားဆေးတစ်ခွက် ပြည်သူ့အတွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ခုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် လူနာတချို့ နှင့် လူနာစောင့်များအားမေးကြည့်  ရာတွင် MARIE STOPES INTERNATIONAL Myanmar မျိုးဆက်ပွားကျန်းမာရေးစောင့် ရှောက်မှုအပြည်ပြည်ဆိုင်ရာလူမှု ရေးအဖွဲ့မှ ဘိုကလေးတစ်မြို့နယ် လုံးရှိမွေးဖွားလူနာများအတွက် ကုန်ကျစရိတ်ကိုကူညီဆောင်ရွက်  ပေးနေကြောင်း ၎င်းဆေးရုံကြီး တွင် တက်ရောက်ကလေးမွေးဖွား  နေသော လူနာစောင့်ဒေါ်စန်းက ပြောပြ၍ သိရှိရသည်။
ထိုနည်းတူစွာဘိုကလေးမြို့ ရှိ (IOM) အဖွဲ့မှလည်းဘိုကလေး
မြို့နယ်ရှိဆင်းရဲနွမ်းပါးသူများ ကျန်းမာရေးအတွက် ဆေးရုံတက်  ကုသရာတွင် အခက်အခဲမရှိရလေ အောင် ကျေးရွာ/ရပ်ကွက်အုပ်ချုပ် ရေးမှူး၏အမှန်တကယ်ဆင်းရဲနွမ်း ပါးကြောင်း၊ ထောက်ခံစာအား (IOM) အဖွဲ့သို့လာရောက်တင်ပြ ပါက ဆေးရုံတွင် တက်ရောက် ကုသနေသောလူနာအတွက် လိုအပ်သောဆေးဖိုးငွေကိုစိုက် ထုတ်ကုန်ကျခံကြောင်း ဘိုကလေး မြို့အောင်သပြေ (၄) လမ်းနေ ဦးသန်းဝင်းက ပြောပြ၍သိရှိရ သည်။
မွေးဖွားလူနာများအတွက်  ကိုယ်ဝန်ရှိချိန်မှစ၍ (MARIE STOES INTERNATIONAL Myanmar) အဖွဲ့ထံတွင် စာရင်း ပေးသွင်းထားရှိပြီး ၎င်းင်းတို့၏ ဆေးခန်း၌ အပတ်စဉ်ကိုယ်ဝန် စမ်းသပ်ပေး၍ လိုအပ်သော ဆေးဝါးများကို အခမဲ့ကုသပေး လျက်ရှိကြောင်း ဘိုကလေးမြို့နယ်  စက်စုကျေးရွာမှ မပပကသူကိုယ် တိုင်ဘိုကလေးမြို့ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကလေးမီး ဖွားစရိတ်ငွေကို (MARIE STOPES INTERNATIONAL MYanmar) မှ ထုတ်ပေးကြောင်း ပြောပြ၍ သိရှိရသည်။

အရိန္ဒမာ (ဘိုကလေး)
Hot News        

No comments:

Post a Comment