ဖနွမ်းပင် မြို့ရှိ Sofitel ဟိုတယ်၌ ပြုလုပ်မည် ဖြစ်သော အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့) ညနေ ၄ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၄၅ မိနစ်အချိန်အထိ မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည်ဟု ကမ္ဘောဒီးယား အခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့ပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာလာမည် ဖြစ်ပြီး (၂၁) ကြိမ်မြောက်
အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ နိုင်ငံတော် သမ္မတသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်၍ အမေရိကန် သမ္မတ အိုဘားမားနှင့် နာရီပိုင်းမျှ တွေ့ဆုံမည် ဖြစ်ပြီး ထိုသို့ တွေ့ဆုံပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် သွားရောက်ကာ အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဟု သိရသည်။
အခြားတစ်ဖက်တွင် နိုင်ငံတော် သမ္မတသည် အိုဘားနှင့် တွေ့ဆုံရန်အတွက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်မည် ဖြစ်ပြီး ကျန်ရှိနေသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် စပ်ဆက် အစည်းအဝေးများကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းအား ကိုယ်စား တက်ရောက်စေမည် ဟူသော သတင်းများလည်း ထွက်ပေါ်နေပါသည်။
၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများအနက် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်းအဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်သာ ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြား ဆွေးနွေးပွဲများ၊ ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များကို ပြုလုပ်မည် ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့သို့ နိုင်ငံခြားရေး ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်တို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။
Eleven Media Group

No comments:
Post a Comment