ကျွန်တော်ဆိုချင်သည်ကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် သစ်ကြီးတစ်ရပ်ဆီသို့ချီတက်ကြရာတွင် ချီတက်ကြသူများသည် စနစ်တကျချီတက် ပါမှ ပန်းတိုင်ရောက်ပါမည်။ ချီတက်ကြ သူအချင်းချင်းရှေ့သို့ရောက်လိုဇော၊ ရှေ့ ကလူထက်သာလိုဇောနဲ့ စနစ်တကျတန်း မစီဘဲကျော်တက်၊ တံတောင်နဲ့တွက်၊ သပ်လျှို၊ ခြေထိုးခံလုပ်ကြလျှင် ၀ရုန်းသုန်း ကားဖြစ်ပြီး ပန်းတိုင်သို့ရောက်ရန်မလွယ် ပါ။
မိမိတို့ ထက်ပိုမိုဖွံ့ဖြိုးနေသောနိုင်ငံများကို အတုယူကြရပါမည်
လွန်ခဲ့သောနှစ်အနည်းငယ်က ဂျပန် တွင် ရစ်တာစကေး (၈.၉) (သို့မဟုတ်) (၉) အဆင့်ပြင်းအားရှိသော ငလျင်ကြီး လှုပ်ပြီး၊ နောက်ဆက်တွဲဆူနာမီရေလှိုင်း များ၊ အနုမြူစွမ်းအင်ထုတ်စက်ရုံများ မီး လောင်ကြတာများကို သိကြပါမည်။ ဂျပန် ပြည်သူတွေအသေအပျောက်များပြီး
ဒုက်္ခသည်အရေအတွက်လည်းတော်တော် များပါသည်။ ထမင်းမစားရတာ (၂) ရက်၊ (၃) ရက်ကြာပြီဖြစ်သောဒုက်္ခသည်များရှိ ရာသို့ကယ်ဆယ်ရေးအဖွဲ့များရောက်လာ ပြီး စားနပ်ရိက္ခာတွေဝေသောအခါဂျပန် တို့သည်မလုကြပါ။ စနစ်တကျတန်းစီကြ ပါသည်။ ဂျပန်တို့စည်းကမ်းရှိပုံကို ဂျာနယ် တွေက ချီးကျူးကြတာကျွန်တော်ဖတ်ရ ပါသည်။
အာဖရိက တိုက်က ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာလည်း သဘာဝဘေးအန္တရာယ်တွေ ကြောင့် အငတ်ဘေးကြုံကြတာရှိပါသည်။ ထိုအခါဂျာနယ်တို့၏ အဆိုအရဒုက္ခသည် တွေရှိရာသို့ ရဟတ်ယာဉ်ဖြင့်စားနပ်ရိက္ခာ ထုတ်တွေကို လေထီးဖြင့်ချပေးကြရပါ သည်။ ထိုအခါအာဖရိကန်ဒုက္ခသည်တွေ က စနစ်တကျတန်းစီတာမလုပ်ကြပါ။ အစားအစာရှိရာသို့သူ့ထက်ငါအပြေးအလွှား တိုးဝှေ့သွားရောက်ကြ၍ တစ်ယောက်နဲ့ တစ်ယောက်တက်နင်းမိပြီး သေကြကျေ ကြတာတွေရှိပါသည်။ ဒီတော့သဘာဝ ဘေးကြောင့် သေတာမဟုတ်ဘဲတိုးဝှေ့ ရင်းအနိစ္စရောက်ကြတာဖြစ်ပါသည်။
ဒီတော့ ဂျပန်၏ လုပ်ရပ်ကိုင်အတု ယူသင့်ပြီး အာဖရိကန်၏ လုပ်ရပ်ကိုအတု မယူသင့်ပါဘူးလို့ ကျွန်တော်မြင်ပါသည်။
တိုးကြဝှေ့ကြလုပ်ခဲ့တာ၊ ကျွန်တော်တို့ လည်းပါ။
ကျွန်တော်တို့ ဆယ်ကျော်သက် ကျောင်းသားဘ၀ကပင် ဘတ်စ်ကားကျပ် နေပါပြီ။ ကျွန်တော်သည်ဘတ်စ်ကားမှတ် တိုင်၌ မိမိရှေ့က လူကိုတစ်ထောင်နဲ့ တွက်၍ တိုးဝှေ့ပြီးတက်ခဲ့ဖူးပါသည်။ ကျွန်တော်တို့ဆယ်ကျော်သက်ဘ၀ကသမ်္မတ ရုံ၊ ပပ၀င်းရုံ (ယခုကုန်သည်ကြီးများ ဟိုတယ်နေရာ)တို့၌ နာမည်ကြီးရုပ်ရှင် ကားများ ပြရင်ရှေ့လူကိုကျော်တက် တံတောင်နဲ့တွက်၍ ရုပ်ရှင်မှတ်ဝယ်ခဲ့ဖူး ပါသည်။
နေရာရောင်းစား၊ မိုက်ကြေးခွဲတဲ့ အဆင့် အထိတော့မလုပ်ခဲ့ဘူးပါ။
တချို့ကတော့တန်းစီပြီးနေရာရောင်း စားတာမျိုးကတော့တော်တော်လွန်သွား ပြီဟုဆိုချင်ပါသည်။ ကျွန်တော်၏ မိတ်ဆွေတစ်ဦးကတော့ ရုံးအုပ်စာရေး ကြီးတစ်ဦးပါ။ လွန်ခဲ့တဲ့နှစ် (၃၀) လောက် က လခနဲ့မလောက်၍ ရုပ်ရှင်ရုံမှာ မှောင်ခိုလက်မှတ်တန်းစီပြီး ပြန်ရောင်း တာမျိုး၊ နေရာရောင်းစားတာမျိုးလုပ်ခဲ့ ဖူးပါသည်။ တစ်နေ့တော့လူငယ်တစ် သိုက်က သူ့ကိုပြောတာကတော့ ခင်ဗျား ကို ဒီနေရာမှာ မမြင်ချင်ဘူး။ ကျုပ်တို့ဘဲ မှောင်ခိုလုပ်စားမယ်၊ ခင်ဗျားလာရဲရင် နောက်တစ်ခါလာကြည့်အကြောင်းသိစေ ရမယ်ဆိုလို့ မှောင်ခိုလုပ်ငန်းစားပေါက် လေးပိတ်ခဲ့ဖူးပါတယ်။ ဒီလိုမိုက်ကြေးခွဲ တာကတော့ တရားလွန်တယ်ထင်ပါ တယ်။
ခိုကလေးတွေကိုအတုယူဆရာ
ဆရာတော်ကြီးတစ်ပါးက တရား ဟောဖူးတာကတော့ ခိုငှက်ကလေးတွေ ကို အစာကျွေးရင်ခိုတွေဟာ တစ်ကောင် နဲ့ တစ်ကောင်မဆိတ်ဘူး။ မခွပ်ဘူး။ အစာကိုလုမစားဘူး။ မိမိရှေ့ကိုရောက်လာ တဲ့ အစာကိုသာစားပါတယ်။ ဒီတော့ တိရစ္ဆာန်ဖြစ်တဲ့ ခိုငှက်ကလေးတွေဟာ အတုယူစရာဖြစ်ပါတယ်။
တန်းစီနေသူကို လေးစားသင့်ပါတယ်
ကျွန်တော်ဟာ အသက်ကြီးလာတော့ ငယ်ငယ်ကအကျင့်တွေကို ဖျောက်ပြီး ကိစ်္စ တစ်ခုခုရှိတဲ့အခါ ရှေ့လူကိုကျော်မတက်ဘဲ တန်းစီပါတယ်။ တစ်ခါကတော့ လမ်းဘေး ပလက်ဖောင်းတစ်ခုမှာ အကြော်ဝယ်စား ရန် စောင့်ဆိုင်းနေဖူးပါတယ်။ ထိုစဉ် ကျွန်တော်၏ နောက်မှ အကြော်ဝယ်စား ရန် ရောက်လာသူတစ်ဦးကလည်းသူက အရေးကြီးလို့မြန်မြန်လုပ်ပေးပါဆိုလို့ အကြော်သည်ကသူ့ကိုဦးစားပေးပြီးအရင် ရောင်းလိုက်ပါတယ်။ ဒီတော့ ကျွန်တော် က ပြောရတာကတော့ ကျွန်တော်ဟာ အထင်ကရ ပုဂ်္ဂိုလ်ကြီးမဟုတ်လို့ကျွန်တော့် ကိုလည်း ဦးစားပေးရန်မလိုပါ။ သို့သော် နောက်ကရောက်လာသူက ကျော်တက် တာမျိုးကကောင်းတဲ့ အမူအကျင့်မဟုတ် ဘူးလို့ပြောခဲ့ရပါတယ်။
ပိုမိုကြောက်စရာကောင်းသော၊ မမြင်ရသော လက်တံတောင်များနှင့် ရှေ့လူကိုကျော် တက်ပွဲများ
ပစ်္စည်းထုတ်ပေးမဲ့ဆိုင်ရှေ့မှာ တန်းစီ သူအချင်းချင်းပဋိပက္ခဖြစ်ကြတာတော်ပါ သေးတယ်။ မျက်စိနဲ့ မြင်နိုင်ပါတယ်။ လောကကြီးမှာ မမြင်ရတဲ့နေရာလုပွဲတွေ ဆိုတာလည်းရှိပါသေးတယ်။ ဥပမာကုမ်္ပဏီ တစ်ခုမှာဆိုပါတော့ မန်နေဂျာတစ်ယောက် ဟာ ပညာ၊ လုပ်သက်၊ အရည်အချင်းအရ ဒုတိယမန်နေဂျာထက်သာပြီးရာထူးအရ ရှေ့ကိုရောက်နေပါတယ်။ ဒုတိယ မန်နေဂျာဟာ မန်နေဂျာကိုကျော်တက် ပြီး အထွေထွေမန်နေဂျာလုပ်ချင်နေတယ်။ သမရိုးကျတရားမျှတာစွာယှဉ်ပြိုင်နေရင် မိမိရှုံးမယ်ဆိုတာ ကြိုသိနေတယ်။ ဒီတော့ ရှေ့လူကို တံတောင်နဲ့တွက်ရမယ်။ နာမည် ဖျက်ရမယ်။ ဥပမာမိန်းမကိစ္စ၊ အရက်စ သဖြင့်အပုပ်နံ့ထွက်အောင်ဖန်တီးတာမျိုး ကတံတောင်နဲ့ တွက်တာမျိုးပါ။
အဲဒါမျိုးကနေရာတော်တော်များများ မှာရှိနေရင်တိုင်းပြည်တိုးတက်တော့မှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကဗျာတစ်ပုဒ်စပ်ရင်း ဤဆောင်းပါးကို နိဂုံးချုပ်ပါရစေကဗျာ အမည်က
မတွက်လိုက်ပါနဲ့ လက်တံတောင်
ဒီမိုကရေစီခေတ်ဆီသို့
ချီတက်ရာလမ်းမှာလ
တန်းစီလို့နေရာယူ
ရှေ့လူကိုကျော်မတက်ပါနဲ့
ခြေလှမ်းရယ်မှန်မှန်လှမ်းမှသာ
မှန်းဆတဲ့ ပြည်တော်သစ်ကိုလ
ရောက်ကြမှာမလွဲ…..ဟူ၍ ဆို ရပါစေလား။
ဒေါက်တာထွန်းဝင်း
Hot News
No comments:
Post a Comment