ထို ကိစ္စအား ကျေးရွာရှိဒေ သခံများကို တွေ့ဆုံမေးမြန်းရာ (၆.၁၁.၂၀၁၂)ရက်မှ စတင်၍ ရေလုပ်သား ငါးဖမ်းလူဦးရေ များပြားလာကြောင်း(၇.၁၁.၂၀၁၂) ရက်ရဲတွေရောက်လာကာ လူ(၃)ဦး ဖမ်းဆီးရာ ရွာသား (၃၀၀)ခန့်က ပြန်လည်လွှတ်ပေး ရန်အတွက် ၀ိုင်းဝန်းပြောကြားခဲ့ ကြကြောင်းသိရှိရသည်။ ““ကျွန်တော် တို့ရဲ့လုပ်ကွက်ကမရှိဘူး။ အား လုံးဟာ
လေလံတွေပေးထားတော့ ဘယ်မှာရှာစားရမှာလဲ။ဒါကြောင့် ကျွန်တော်အနေနဲ့ မဖြစ်မနေ ငါးဝင်ဖမ်းတယ်””ဟု ဒေသခံများ ကဆိုကြသည်။
ယင်းကိစ္စအား ပဲခူးတိုင်းဒေ သကြီး စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း ၀န်ကြီး ဦးတင်စိုးအား မေးမြန်း ရာ ယခုပြဿနာသည် ဟို အရင်က အင်းသမားများက ရေ လုပ်သားများအပေါ် မတရားလုပ် တာတွေပဲတွေ့ရတယ်။အခုကြ တော့ ပြောင်းပြန်ဟုဆိုထားပါ သည်။ အခုတစ်ခါက အင်းသမား ကို မတော်မတရားလုပ်တဲ့အခါကျ တော့လည်း တရားဥပဒေဆိုတာက မလုပ်နဲ့ပြောတဲ့ဟာကို လုပ်ရင် တော့ အရေးယူမှာပဲ။ ပထမအ ကြိမ် မြို့နယ်ရဲ့တပ်ဖွဲ့တွေဆင်းပြီး တော့ တားပြီးပြီ။ဒီမှာက အုပ်စုဖွဲ့ပြီး။ဆင်းပြီးတော့ တားပြီး ပြီ သို့သော် ဒီမှာက အုပ်စုဖွဲ့ပြီး မတော်မတရားအနိုင်ကျင့်တာဖြစ် နေတယ်။အန်ကယ်ရဲ့သဘောက တော့ ပြည်သူတွေအမှန်အတိုင်း သိစေချင်တယ်။ သိစေချင်တယ် ဆိုတာက ပြီးခဲ့တဲ့ဖြစ်စဉ်တွေမှာ အင်းသမားတွေက မတော်မတရား လုပ်လို့ ဆိုပြီးပြောပါတယ်။ အခု ရွှေ ကျင်ဖြစ်စဉ်က ပြောင်းပြန်ဖြစ်နေ တယ်။ ပြောင်းပြန်ဖြစ်နေတော့ စတုတ္ထမဏ္ဍိုင်ကလဲ ပြည်သူကိုချပြပေးပါ။အသိပေး ပေးပါ။ ဒီဒေ သက သိပ်ပြီးတော့ Sensitive ဖြစ်တယ်ကွ။ ဘယ်လိုပဲ ထိချ လွယ်တယ်ပြောပြော အန်ကယ် ဘက်ကတော့ တားရမှာပဲ။အဲဒါ ကိုမှ ပြစ်မှုကျူးလွန်သူကိုတော့ အရေးယူရမှာပဲ။ဟိုတစ်နေ့က လာဝိုင်းတဲ့ အခြေအနေမျိုးကတော့ ရဲတပ် ဖွဲ့က လိမ်မာပါးနပ်စွာထွက်သွား ရတဲ့အနေအထားမျိုးရောက်ခဲ့ရ တယ်။ ရဲတပ်ဖွဲ့တွေနဲ့တာဝန်ရှိသူ က မထွက်လို့ထိပ်တိုက်တွေ့ရင်၊ ရဲတပ်ဖွဲ့တွေကလည်းပစ်မယ်ဆိုရင် မတရားလုပ်ပါတယ်။ပစ်ခတ်ပါ တယ်ဆိုတာဖြစ်မှာပဲ။ပြောလာ မှာပဲ။နောက်ဆုံးဟိုဘက်၊ဒီဘက် အသက်အန္တရာယ် စိုးရိမ်လာရတဲ့ အခြေအနေမျိုးမဖြစ်ဘူးလို့ပြော မရဘူး။ ၀န်ကြီးချုပ်ဆိုရင် သိမ်သိမ် မွေ့မွေ့ဘဲ
ကိုင်တွယ်ခဲ့တယ်။အဲဒီ ဖြစ်တဲ့နေ့မှာပဲ ပြန်လာပြီး၊ မနက် ကျတော့ အစည်းအဝေးထိုင်ပြီး ရွှေကျင်ဘက်က လူတွေကို ဒီလို လုပ်ခွင့်မရှိဘူးလို့ပြောပြပါ။ အင်း သမားတွေဆိုတာ နိုင်ငံတော်ကို အခွန်အခဆောင်ထားတယ်။ အင်း သမားတွေက မတော်မတရားလုပ် လိုက်လို့ လယ်တွေရေမြုပ်တာတို့ လယ်တွေရေခမ်းတာတို့ဆိုရင် အန်ကယ်တို့ကတော့ လယ်သမား ဘက်ကရပ်တည်မှာပဲ။ဟေ့ အင်း သမား။ဒါတွေကို အခုချက်ချင်းလုပ် ဆိုပြီးခိုင်းမှာ။အန်ကယ်တို့အနေ နဲ့ အကုန်လုပ်ခဲ့တယ်။ အားလုံး လည်းသိပါတယ်။ အခုဟာက ပြောင်းပြန်ဖြစ်နေတယ်။အဲဒါနဲ့ အင်းသမားတွေကို လွတ်အောင်ရှောင်ဖို့ပြောထား တယ်။ ဟေ့ကောင်တွေ မင်းတို့ ဥစ္စာဓနကို မသေရင်ပြန်ရှာလို့ရ တယ်။ ဒီနှစ်သိန်းတစ်ရာ ဆုံးရှုံး ရင် နောက်နှစ်သိန်းနှစ်ရာရအောင် ရှာ။သွားပြီးတော့ ထိပ်တိုက်မ တွေ့ကျနဲ့။ဟိုဘက်ဒီဘက် ပဋိပက္ခ အသွင်ဆောင်ပြီး တရားဥပဒေ ပျက်ပြားတယ်လို့အဖြစ်မခံဘူး။ အဲဒါကြောင့်မင်းတို့ရှောင်ပါဆို တော့ တချို့ဆိုရင် ပဲခူးကိုရောက် လာကြတယ်။ တချို့ဆိုရင်လည်း တခြားမြို့တွေမှာရောက်ပြီး တိမ်း ရှောင်နေကြပြီး။အခြေအနေတစ် ခုက ဘယ်သူမှားတယ်။မှန်တယ် ဆိုတာ တိတိကျကျသိစေချင် တယ်။ အန်ကယ်တို့ကသိတယ်။ အန်ကယ်တို့သိလို့ စီမံခန့်ခွဲလိုက် ရင် ပြည်သူလူထုက အန်ကယ်တို့ ကို တစ်မျိုးမြင်မယ်။ငါ့တူတို့ စတု တ္ထမဏ္ဍိုင်က ဖော်ပြမှတော် တော်ဆိုးပါလားဆိုတာသိမှာ။ နောက်ရက်ပိုင်းသိပ်မကြာခင်မှာ ဒီကိစ္စကို ချက်ချင်း အကောင် အထည်ဖော်မှာပါ။ငါတူတို့ စတု တ္ထုမဏ္ဍိုင်အနေနဲ့တော့မည်းတာကို ထည့်ပြီးရင်ဖြူတာကိုလည်းထည့် ရမယ်လို့ယူဆတယ်။မည်းတာကို မည်းတယ်လို့ဝိုင်းလက်ညှိုးထိုးနေမဲ့ အစားဖြူတာကတော့ ထည့်သင့် တယ် ဒီလိုမှမဟုတ်ရင် ကြားစ ကားတွေနဲ့ဘဲ ဟိုဟာက ဘယ်လို ဒီဟာက ဘယ်လိုဆိုတာလာကြ လိမ့်မယ်။ ပြဿနာက ဒီလိုကွ။ ရေလုပ်သားများကလည်း ငြိမ်း ချမ်းရေးဆက်သွယ်တဲ့အဆင့် လောက်ရှိတဲ့သူတွေကို အားကိုး ကြတယ်။ဟိုဘက်ကနေပြီး သူတို့ ကို မြှောက်ပင့်ပေးနေလိုက်တယ် လို့ ယူဆတယ်။ ရေလုပ်သားတွေ က တိုင်လို့လားမသိ။အခုစာတစ် စောင်တောင်ထွက်လာတယ်။ အန်ကယ်အမြင်အရ ဒီစာက ပဋိ ပက္ခကိုပိုပြီး အသွင်ဆောင်နိုင်မယ့် စာ။အဲဒါက ““ကေလာသရုံးတွင် KNU တပ်ရင်း(၉)ရင်းမှူး ဗိုလ် မှူးကြီးဦးသာစောပလယ်နှင့် ကျောက်ကြီးမြို့နယ်မှူး ဦးသနဲကူ ဗျိုင်းတို့မှ အမိန့်ချမှတ်ချက် စားကျက်မြေပြန်လည်ထွန်စားရန် နှင့်အင်းများကို ရွာသူ/သားများ အား ရှာဖွေစားရန် ခွင့်ပြုလိုက် သည်””ဟုပါတယ်။
ဒီကောင်တွေက ပွဲစားသ ဘောဖြစ်နေတယ်။ဒီကောင်တွေ က ဒီဘက်ကနေပြီး ပိုက်ဆံ(၁) သိန်း၊ကောက်မယ်ပေါ့၊သူတို့က (၅)သောင်းရတယ်။ ဟိုဘက်ကို (၅)သောင်းပေးတယ်။ အဲဒီလို ဇာတ်လမ်းတွေရှုပ်နေတော့၊ တကယ့် KNU တွေက ငြိမ်းချမ်း ရေးယူတော့ ဒီကောင်တွေအလုပ် မရှိတော့ဘူး။ဒီကောင်တွေအလုပ် မရှိတော့ ရှိတဲ့ခွင်ဖန်တာဘဲ။ရေ လုပ်သားတွေက ရိုးတယ်။သူတို့ က ဘာမှမသိဘူးမသိတော့ သူ တို့ဘက်တော့ KNU ကနေပါတယ် ဆိုပြီး အင်အားတွေစုစည်းပြီး အင်းသူကြီးတွေကို ၀ိုင်းထား လိုက်တာပဲ””ဟု ပြောသည်။ ဤ ကိစ်္စအတွက် ရှေ့ဆက်ပြီး ဥပဒေ စိုးမိုးရေးအတွက် ဒေသတွင် ပြည် သူလူထုအတွက်ရော လုပ်ငန်းရှင် များအတွက်ပါမည်ကဲ့သို့ ဆောင် ရွက်ဖို့အစီအစဉ်ရှိပါသလဲဟုမေး မြန်းရာတွင် ““အရင်ဦးဆုံး အန် ကယ်တို့အနေနဲ့က ပထမဦးဆုံး အာဖဂန်မှ လူကိုလေးစားတဲ့စနစ် ဒါက ဒီမိုကရေစီဘဲ လူတစ်ယောက် ချင်းကိုလေးစားတယ်။ ငဖြူကို လေးစားပြီး ငမဲကိုမလေးစားဘူး လို့မရဘူး။ငမဲကိုလည်း လေးစားရ မယ်။ဤကဲ့သို့ ဆောင်ရွက်ခြင်း သည် တရားဥပဒေနဲ့မညီဘူးဆို တာ ပထမအဆင့်ပြောလိုတယ်။ ပြောချင်ပါတယ်။အဲဒါကိုလည်း ပထမအဆင့်အနေနဲ့လုပ်ပြီးပြီ။ လုပ်တဲ့အချိန်မှာ တချို့အမြင် စောင်းတဲ့ပုဂ်္ဂိုလ်တွေက “ဟေ့ မင်း တို့လုပ်လုပ် မလုပ်လုပ် ငါတို့က တော့ ၀င်လုမှာပဲကွ”ဆိုပြီး လုပ် ပြီးပြီ။ဒါဆိုရင် မင်းမဲ့စရိုက်ဖြစ် သွားမယ်။ မင်းမဲ့စရိုက်ဖြစ်သွားရင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ် သွားမယ်။ဆန့်ကျင်ဘက်ဖြစ်သွား ရင် ကိုယ်တို့လက်မခံနိုင်ဘူး။တရား ဥပဒေနဲ့အညီ မီးရှို့ရင် မီးရှို့မှု။ လုရင်လုမှု၊ခိုးရင်ခိုးမှု တရားဥပဒေ ညွှန်းဆိုသော ပြစ်မှုပြစ်ဒဏ်အ တိုင်းသွားမယ်။ ကိုယ်ဖမ်းတာမ ဟုတ်ဘူး။ဥပဒေက ဖမ်းတာ။ ရဲ ကဖမ်းတာမဟုတ်ဘူး။ဥပဒေက ဖမ်းတာ။အဲဒီ အတိုင်းပဲသွားမှာ ပါ။အဲဒီဒေသ ပထ၀ီအနေအထား အရ တရားဥပဒေလက်လှမ်းမမီ တာ။ အုပ်ချုပ်ရေးလက်တံက ချောင်ကျတယ်။သို့သော် အဲဒီမှာ စီးပွားသွားဖြစ်နေကြတယ်။ စီးပွား ဖြစ်နေတော့ ဒီလုပ်ငန်းရှင်က လည်း သူ့အတွက်စီးပွားဖြစ်နေ တော့ ဟိုဘက်လည်းအဆင်ပြေ အောင် ဒီဘက်ကလည်းအဆင် ပြေအောင်လုပ်တယ်။ ဒါကြောင့် အဲဒီဘက်က အင်းတွေကို လက် သင့်ရာ ဆွမ်းလောင်းပြီးမလုပ်ဘဲ နဲ့ မောင်းထုပြီးတော့ လေလံပစ် ပါလို့ဆိုပြီးခိုင်းလိုက်ရတာ။ အခု အန်ကယ်တို့ငြိမ်းချမ်းရေးတည် ဆောက်ကြတယ်။ တည်ဆောက် တဲ့ အချိန်ကစပြီး Image က ဘာ ပေါ်တုန်းဆိုတော့ အဆင်မပြေ ဘူးဆိုတာပေါ်တယ်။အဲဒါသည် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အဆင်မပြေခြင်းမဟုတ် ဘူး။သူတို့ကနေထားထားတဲ့ အောက်ခြေက ဓားရှိုတွေ၊ဓာလံ တွေဟာ အရင်တုန်းက စပါးပေါ် ချိန်ကောက်လိုက် အင်းပေါ်ချိန် ကောက်လိုက်နဲ့တော်တော်အဆင် ပြေနေတဲ့အချိန်မှာ ဟိုဘက်က လဲ တရားဝင်ဖြစ်သွားပြီ။မြို့ပေါ် မှာလာနေပြီ ဆက်ဆံရေးရုံးတွေ ဖွင့်ပြီ။တရားပိုင်းတွေဆောင်ရွက် တော့မယ်ဆိုတော့ သူတို့အလုပ် မဖြစ်တော့ဘူး။အဲဒီတော့ သူတို့ ကနေ ဟေး မင်းတို့ဘုံငါးဖမ်း ကွက်လုပ် လုပ်မရရင် အင်းတဲတွေ ကို မီးရှို့ ဒါမျိုးတွေလုပ်လာတယ်။ ဒါဟာလည်း ဆေးမီးတိုပါ။လုပ် ငန်းရှင်ဆက်ကလည်း ရင်းနှီးမြုပ် နှံထားတာရှိသလို မဆုံးရှုံးအောင် ကျေးရွာပြည်သူလူထုကိုလည်း အကာအကွယ်ပေးရမှာပါ။ အန် ကယ်ထင်ပါတယ် ဒီအပတ်ထဲမှာ ပြေလည်သွားမယ်လို့ထင်ပါတယ်”” ဟု ဆိုထားပါသည်။
ထို့နောက် ဒေသခံတစ်ဦး လည်းဖြစ်၊လူမှုရေးအကျိုးဆောင် တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်သွင် ဦးအား တွေ့ဆုံမေးမြန်းကြည့်ရာ ““ကျွန်တော့်အနေနဲ့ကတော့ The Voice မှာ ပါတဲ့ ရွှေကျင်ပြဿနာကို သူက တမျိုးရေးထားတယ်ဗျာ။ ““ရွှေကျင် ဒေသခံနှစ်ရာကျော်က ဒေသခံ ရွာလူကြီးကိုဆန္ဒပြ ဒီထဲက ပထ မအပိုဒ်ကိုက အင်းမှာငါးဖမ်းလို့ ရဲက ငါးဖမ်းတဲ့လူတွေကိုဖမ်းတာ အင်းမှာ ငါးဖမ်းတယ်ဆိုကတည်း က လေလံယူထားတဲ့အင်းမှာ ငါး ဖမ်းတယ်လို့ ၀န်ခံနေပြီး။ရဲက ငါး ဖမ်းသူတွေကို သွားဖမ်းလို့ ရွာက လူအုပ်နဲ့သွားပြီး လွတ်ပေးဖို့သွား ပြောတာ ဆန္ဒပြတာမဟုတ်ဘူး။ အဲဒီအချိန်မှာ ရွာကအုပ်ချုပ်ရေး မှူးကိုယ်တိုင်လိမ်မာပါးနပ်စွာ လွတ်ပေးလိုက်တာ။ဒုတိယပိုဒ်က KNU ငြိမ်းချမ်းအဖွဲ့က ရွာသားတွေ ကို လုပ်စားဖို့ ၂၀၁၁ခုနှစ် စက် တင်ဘာ(၂၅)ရက်နေ့က ရွာတိုင်း မှာကြော်ငြာတယ်ဆိုတာ ဟုတ် မဟုတ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ၂၀၁၂ခုနှစ် လပိုင်းမှာ KNU ဘက်က ဒီကိစ္စတွေမှာ သူ တို့ရဲ့နယ်မြေတာဝန်ခံတွေ ဘာမှ မလုပ်ရဘူးဆိုတာပြောထားပါ တယ်။ ၂၀၁၁ခုနှစ်က KNU က အဲဒီလိုကြေညာတယ်ဆိုရင် KNU ဘက်ကမှားပါတယ်။ KNU ဗဟိုအဖွဲ့က ဒီကိစ္စတွေမှာဝင်မ စွက်ရဘူးဆိုတာကို အခုတော့ နိုင်ငံတော်အစိုးရရဲ့လုပ်ငန်းစဉ် တွေကို ပေးချင်တိုင်းပေးနေတယ် ဆိုတာကို ဒီသတင်းအရပိုပြီးပေါ် လွင်နေတယ်။နောက်တစ်ခုက အင်းပိုင်ရှင်လို့ သုံးထားတာလည်း တွေ့လိုက်ရတယ်။ အင်းပိုင်ရှင်း ဆိုရင် အစိုးရဆီမှာ လေလံးပြီး ယူထားလို့ပါဘဲ။ ဒါဆို ပေးသူက အစိုးရ။အစိုးရနဲ့ပဲဆိုင်တယ် အစိုးရဆီမှာ ဘုံငါးဖမ်းကွက် တောင်းရမှာ။ပိုင်ရှင်ရှိတဲ့အတွက် မလုရဘူးလို့ယူဆတယ်။ နောက် ထပ်ရွာသားများဖမ်းဆီးခံရတာ နဲ့ပတ်သက်ပြီးအထက်လူကြီးကရွှေ ကျင်မြို့နယ်ရဲစခန်းကိုစုံစမ်းတယ်။ ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးကရွာ သားများနှင့်တွေဆုံပြီး ဖြေရှင်းပေး ခဲ့တယ်။တကယ်က ဦးထွန်း ထွန်းဦးနှင့်ဦးတင်ဦး ဦးဆောင်တဲ့ ရွာသား(၁၀)ယောက် ရွှေကျင် မြို့ပေါ်လာရောက်ညှိနှိုင်းတယ်လို့ လည်းပါတယ်။ဘယ်သူမှလဲ ဆင်း မလာဘူး။ ဘယ်သူကမှလဲ မညှိ နှိုင်းရသေးဘူး။မစိစစ်မမေးမြန်း ဘဲနဲ့ထည့်လိုက်တာ။ ဒီထဲမှာ အဓိ ကပြောချင်တာက KNU အဖွဲ့ က ဘယ်ရက၊် ဘယ်နေ့မှာ ရွာ သားများအား စားသောက်ဖို့ အတွက် ပေးတယ်ဆိုတာသေသေ ချာချာ ဃသည်ငမာ မလုပ်ဘဲနဲ့သတင်းလက်ခံပြီး ထည့် ပေးလိုက်တဲ့အတွက် သူတို့မှာ လုံးဝတာဝန်ရှိနေပါတယ်။ ဒီ သတင်းကြောင့်KNU နဲ့ မြန်မာ အစိုးရဆွေးနွေးနေတဲ့ငြိမ်းချမ်း ရေးကိုပျက်ပြားစေနိုင်တယ်။ ဒီ သတင်းနဲ့ပတ်သက်ပြီး သူတို့မှာ တာဝန်ရှိတယ်။ဖြေရှင်းခိုင်းရမယ်။ တိတိကျကျမသိပါဘဲနဲ့ ထည့်လိုက် တာ””ဟု ပြောပြပါသည်။ဆက် လက်၍ KNU ဘက်က တာဝန် ရှိသူတစ်ဦးအား ဆက်လက်မေး မြန်းရာတွင် သူတို့အနေနဲ့ ဒီကိစ္စ မှာပါဝင်ပတ်သက်ခြင်းလုံးဝမရှိပါ ကြောင်း ကြေညာချက်များလည်း မထုတ်ခဲ့ပါကြောင်းဟု ဖြေကြား သွားသည်။
စိုးဝင်းနိုင်
Hot News

No comments:
Post a Comment