အမေရိကန်နိုင်ငံတွင် အင်အားအပြင်းထန်ဆုံး စန္ဒီမုန်တိုင်း တိုက်ခတ်ခဲ့ခြင်း
ကြောင့် လူထောင်ပေါင်း များစွာတို့၏နေအိမ်များ ပျက်စီးဆုံးရှုံး ခဲ့ရပြီးနောက် နယူးယော့ခ်
မြို့၌ နိုဝင်ဘာ လ ၄ ရက်နေ့တွင် အပူချိန်များ အလွန် အမင်းထိုးကျကာ အအေးဒဏ်ကို
ထပ်မံရင်ဆိုင်နေရသည်။
အောက်တိုဘာလ ၂၉ ရက်က မုန်တိုင်း တိုက်ခတ်ပြီးနောက် အအေးဒဏ် လွန်ကဲ နေခြင်း
ကြောင့် နယူးယော့ခ်မြို့ တစ်မြို့ တည်း၌ပင်
နေထိုင်၍မရသည့် အိမ်အရေ အတွက်မှာ
၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့်အထိ ရှိကြောင်း နယူးယော့ခ်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်
က ပြောကြားသည်။
"ကျွန်တော်တို့က ဘယ်သူ့ကိုမှ လမ်း ပေါ်မှာအိပ်တာ၊ ဒါမှမဟုတ် နွေးနွေး ထွေးထွေးမ၀တ်
ဘဲ အပြင်ထွက်တာ တို့ကို လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး" ဟု ဘလွန်းဘာ့ဂ်က ပြောကြားခဲ့
သည်။
ဟာရီကိန်းမုန်တိုင်း စန္ဒီကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ တို့တွင် လူ ၁၀၉
ဦးထက်မနည်း သေဆုံး ခဲ့ရပြီး ပျက်စီးမှုများကြောင့် ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရ
သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ရက် သတ္တပတ်ကျော်ကြာပြီးနောက် သန်းနှင့် ချီသော နေအိမ်
များ လျှပ်စစ်ဓာတ်အား ပြန်ရခဲ့သော်လည်း ပြည်နယ်ခုနစ်ခုရှိ နေအိမ်နှစ်သန်းကျော်မှာ ယခု
အချိန်ထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက် ရှိသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် နောက်ထပ်မုန်တိုင်းတစ်ခု ထပ်မံတိုက် ခတ်မည်ဟုခန့်မှန်းပြီး
ယင်းမုန်တိုင်း ကြောင့် မိုးသည်းထန်ပြီး လေပြင်းများ လည်း တိုက်ခတ်မည်ဖြစ်သည်။
"လတ်တလောနေထိုင်ဖို့ နေရာ လိုအပ်နေတဲ့လူတွေ ထောင်နဲ့ချီပြီးရှိလာ မှာပါ။ သူတို့တွေ
အတွက် နေရာထိုင် ခင်းပေးဖို့ကိစ္စက ကြီးမားတဲ့အခက်အခဲ တစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်"
ဟု နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကူမိုက ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားပြန်ရရန် ပြည်သူ အချို့မှာ ရက်သတ္တနှစ်ပတ်ခန့် စောင့်ရ မည်ဖြစ်ကြောင်း
ဖြင့် လျှပ်စစ်ဓာတ်အား ၀န်ဆောင်မှု လုပ်ငန်းကုမ္ပဏီများကို အပြစ်မယူရန် ကူမိုက ၎င်း၏
ကတိကို ထပ်မံ အတည်ပြုပြောကြားခဲ့သည်။
The Myanmar Times
No comments:
Post a Comment