Tuesday, November 13, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ကြားဖြတ်ရွေးကောက်ပွဲ အမေရိကန်နိုင်ငံ ကိုယ်စားလှယ် Ms.Johanna Kao လာရောက်တွေ့ဆုံ

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၂  ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား နိုင်ငံတကာ ရီပါဘလစ်ကန်အဖွဲ့ (IRI)မှResident Country Director Ms. Christian Angell၊ Senior Advisor Ms. Johanna Kao၊ Asia Division Director Mr. Julija Beej Bankovic တို့သည် နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဌာချုပ်ရုံး ဧည့်ခန်းမသို့လာရောက် ဂါရ၀ပြုတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပါတီအကြံပေးပုဂ်္ဂိုလ် ဒေါက်တာချမ်းငြိမ်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက လက်ရှိပြောင်းလဲကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ပြောင်းလဲ ကျင့်သုံးနေသော နိုင်ငံရေးစနစ်အောင်မြင်ရှင်သန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဝေလင်းထွန်း
Hot News  

No comments:

Post a Comment