ရှေးဦးစွာကွယ်လွန်သူပန်းချီ ဆရာကြီးဦးသုခအားရည်စူး၍ ကန်တော့ကြပြီးနောက် သက်ကြီး ပညာရှင်၊ ပန်းချီဆရာကြီးများဖြစ် ကြသော ဦးရှိန်ထွန်း၊ ဦးသက်ညွန့်၊ ဦးလွန်းကြွယ်တို့အားဆက်လက် ကန်တော့ကြသည်။ ထို့နောက် ဆရာကြီးများက
ဆုံးမသြ၀ါဒ စကားများ မြွက်ကြားခြင်းနှင့် ဆုပေးစကားများခွန်းခြွေပြီးနောက် ပန်းချီဆရာကြီးဦးလွန်းကြွယ်၏ ရေဆေးပန်းချီကား (၅) ကားကို တပည့်များအားမဲဖောက်၍ ချီးမြှင့် ပေးခဲ့သည်။ ကန်တော့ပွဲအခမ်း အနားတွင် ပန်းချီဆရာနိုင်သူက အခမ်းအနားမှူးအဖြစ်ဆောင် ရွက်ပြီး ပန်းချီပညာသင်ကြားခဲ့ သော တပည့် (၂၅၀) ကျော်တက် ရောက်ခဲ့သည်။
ထို့အတူကန်တော့ခံပန်းချီ ဆရာကြီးများ၏ တပည့် (၂၇၁) ဦးရေးဆွဲသော ရေဆေး၊ ဆီဆေး၊ အီခရယ်လစ်၊ ခဲ၊ မင်လက်ရာ ပန်းချီကား (၂၇၁) ကားကို အထက်ပါပြခန်း၌ နိုဝင်ဘာ (၁၀) ရက်မှ (၂၄) ရက်အထိ ပြသရောင်း ချပေးမည်ဖြစ်သည်။ ယင်းပြပွဲမှ ပန်းချီကားရောင်းရငွေများကို “ပန်းချီဆရာကြီးဦးသုခဖောင်ဒေ ရှင်း”သို့ ပန်းချီဆရာများကစိတ် ကြိုက်ပါဝင်လှူဒါန်းကြမည်ဖြစ် သည်။ ၂၀၁၁ ခုနှစ် (၃၄) ကြိမ် မြောက်အထိ ပန်းချီဆရာကြီး ဦးသုခ၏အမှတ်တရပန်းချီပြပွဲမှ ပန်းချီကားရောင်းရငွေနှင့် အလှူငွေများစုစုပေါင်းတစ်ရာ လေးဆယ့်တစ်သိန်းသုံးသောင်း ခုနှစ်ထောင်သုံးရာနှစ်ဆယ့်ငါးကျပ် (၁၄၁၃၇၃၂၅) ကို အစိုးရဘဏ် တွင် အပ်နှံထားပြီး ပန်းချီဆရာ များ သာရေး၊ နာရေး၊ ပညာရေး တို့အတွက် ပံ့ပိုးကူညီသွားမည်ဖြစ် ကြောင်း သိရှိရသည်။
မိုးမြင့်ဆွေ
Hot News
No comments:
Post a Comment