Friday, November 16, 2012

ရွာတဲ့မိုး နှင့် ခံတဲ့မိုး

၂၀၁၂ခုနှစ်ဒေသဆိုင်ရာလူမှုဘ၀ များကို လေ့လာခွင့်ရခဲ့ခြင်းများမှ ဘ၀ သင်ခန်းစာများရလာခဲ့ရသည်။ရောဘတ်   ဖလက်ခဆိုသူ ပညာရှင်ကဆိုခဲ့၏ အိမ် ထောင်ပြုတာလွယ်တယ်။
အိမ်ထောင်သည်အဖြစ်နေရတာ  ခတ်တယ်။အိမ်ထောင်သည်အဖြစ် တစ် သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ဖို့က  ထိပ်တန်းအနုပညာတစ်ရပ်ပင်ဖြစ်တယ်  ဟု။ရောဘတ်ဖလက်ခ၏အဆိုကကိုနိုင်ငံ ရေးလောကမှာလည်း အသုံးတဲ့သလိုခံစား  ရပါ၏။ ၀င်ပြီးလျှင်ထွက်လမ်းမရှိသည့် တံခါးပေါက်(၂)ခုမှာ အိမ်ထောင်ရေးနှင့်   နိုင်ငံရေးသာဖြစ်တော့သည်။ပြည်သူ့အ ကျိုးပြုလုပ်ငန်းများလုပ်ဆောင်လိုသူများ လည်းရှိပါသည်။မြေမာ လာပြီဖြစ်၍ တ
က်နင်းကာဝင်ရောက်လာသူများကို   လည်းတွေ့နေရပါ၏။မည်သို့ဆိုစေ။ မြန်မာပြည်နိုင်ငံရေးကတော့ ခုမှပင် သက်ဝင်လှုပ်ရှားစပြုနေပြီကိုမြင်ရသည် ဟု ဆိုချင်ပါသည်။မင်းပေါင်းစုံညီလာပြီ   ကိုး။ပြည်နယ်မှာနေသူဖြစ်၍ ပြည်နယ်မှ  လူမှုဘ၀ကိုသတိထားဆင်ခြင်မိသည်မှ    ကျွန်မတို့ပြည်နယ်တွေမှာက ချမ်းသာ   သောနိုင်ငံများသို့ သယံဇာတများကို တံခါးမရှိ၊ဓားမရှိတင်ပို့နေသော  (Economic Elite)များ လွှမ်းမိုးနေဆဲဖြစ်သည်။      နေရာတကာမှာ စီးပွားရေးတောင့်တင်း  ခိုင်မာသူများကအရာရာကိုအဆုံးအဖြတ်     ပေးနေခြင်းကြောင့်လည်း သဘာ၀၀န်း ကျင်ဆိုင်ရာဆုံးဖြတ်ချက်များကို ချုပ်ကိုင် တားဆဲဖြစ်ကြောင်းတွေ့နေရသည်။
ဒီမိုကရေစီဆိုသည့် စကားလုံးကိုတော့  တွင်တွင်သုံးပါ၏။သို့သော်လည်း စီးပွား  ရေး ရေစီးကြောင်းမှာ ဘက်စုံတိုက်စားမှု   ဒဏ်ခံနေရသဖြင့်စကားမှာလုံးပါးပါးနေဆဲ ဖြစ်ရသည်။ချမ်းသာသော ပါတီကြီးများ ၏ ဖိအားက ပို၍ပြင်းထန်လာသည်။ ဒါတောင်မှ ၂၀၁၅သည် အနည်းငယ် လိုပါသေးသည်။ ကြိုတင်ခြိမ်းခြောက်သံ များကိုကြားလာရ၏။
တစ်ချိန်တစ်ခါကနိုင်ငံရေးလုပ်ခဲ့ဖူး သော သမ္မတကြီးကလင်တန်က ဆိုဖူး  သည့်စကားမှတ်သားခဲ့ရဖူးသည်။
““ကမ္ဘာကြီးကပြောင်းနေပြီ။ဒီအ ပြောင်းအလဲနှင့်အတူကျွန်တော်တို့လည်း  အပြေးအလွှားလိုက်ပါပြောင်းလဲရကြရ မယ်”” ဟူသောစကားက မှတ်သားလောက်     ပါပေသည်။ ရွာတွေမှာတော့ သိသိသာ သာပြောင်းလဲဖို့ အတော့်ကိုလိုသေးသည်။   ကမ္ဘာကြီးကသာ ပြောင်းလဲနေပုံရပါ၏။ ဥပမာ၊ဥပမေယျနှင့်ဆိုပါရင် ကျွန်မ နေသော ရွာကလေးမှာ မန္တလေးမှ လား  ရှိုးသို့သွားသောလမ်းမကြီး၏ မိုင်တိုင် ၉၈ မိုင် ၆ဖာလုံမှာ တည်ထားသော ရွာက လေးဖြစ်သည်။ဘာမှပြောင်းလဲမှုမရှိသေး ပါ။သို့ပေသိ မကြာမီပြောင်းလဲလာစရာ  တွေ့နေရသည်ကတော့။ Asia World  ကုမ္ပဏီမှ လမ်းချဲ့ထွင်လျှင် ကျွန်မအိမ် ရှေ့က လွန်ခဲ့သော နှစ်(၃၀)ကျော်မှ မယ် ဇလီပင်ကြီးအပင်(၁၅)ပင်ကို ခုတ်ထွင်ရှင်း  လင်းဖြစ်မည်သာဖြစ်၏။ လျော်ကြေးရ  သည်မရသည်ကို ကျွန်မစိတ်မ၀င်စားပါ။ သက်ရင့်အပင်(၁၅)ပင် ကိုအမြစ်ပါမကျန် နှုတ်ပစ်ရမည်ကိုနှမြောနေမိသည်။သို့ သော်မင်းမိန့်ဆိုလျှင် ကျွန်မမှာမလွန်ဆန်   ၀ံ့ပါ။အိမ်ပါဖြိုခိုင်းလျှင်လည်း ဖြိုပေးရ မည်သာဖြစ်ပါ၏။ ရန်သူမျိုးငါးပါးတွင်   “မင်း”သည်လည်းတစ်ပါးပါဝင်ခဲ့သည်ကို လက်ခံပြီးသားသာဖြစ်ရသည်။
တစ်နေ့တစ်နေ့လျှင်  Octane သုံး     စွဲသော ကားကြီးကားငယ်အစီး(၁၀၀၀)  ခန့်ဖြတ်သန်းသော ကျွန်မ၏ရွာကလေး မှာ ကာဘွန်ငွေ့များ ဝေမှိုင်းညိုလာပေ ရော့မည်။ Octane တွင် ကာဘွန်ပါဝင်မှု   က ၈၅ရာခိုင်နှုန်းဖြစ်ပါ၏။ CNG ထက် ကာဘွန်ပါဝင်မှုများစွာပိုရကား ကာဘွန်  ဓာတ်ငွေ့ထုတ်လုပ်မှုပိုများကာ လေထု ညစ်ညမ်းမှုပိုမြင့်တက်လာမည်ကား  အမှန်တရား ထားပါတော့။ခံကြရုံသာ ရင်ကိုစည်း၍ခံကြရုံသာရှိပါတော့သည်။
ထိုကဲ့သို့ ကာဘွန်ဒိုင်အောက်ဆိုဒ်  ပမာဏမြင့်မားလာမှုကို ကျွန်မနှင့်အတူ      ရွာသားများခံစားကြရဦးမည်ဖြစ်ပါ၏။ ပြေးစရာလည်း မြေမရှိတော့ပါလားဟု ကြေကွဲစွာရေရွတ်ရုံမှအပ အခြားမရှိ တော့ပါ။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်  လမ်းတွေချဲ့ရမည်မှာမှန်ပါ၏။သစ်ပင် တွေတော့ ခုတ်မဖြစ်စေလိုပါ။ ကျွန်မမှာ အသက်(၆၀)ကျော်ပါပြီ။ခုတ်ပစ်ရမည့် အပင်(၁၅)ပင်မှာ အသက်(၃၀)ကျော်ခဲ့ ပါပြီ။ထိုကဲ့သို့ သက်ရင့်အပင်မျိုးစိုက် သော်မှ ကျွန်မမြင်နိုင်ခွင့်ရှိမည်မထင် တော့ပါ။ မယ်ဇလီပင်များကို ဖက်တွယ်  ၍ပင် အိန်္ဒိယမှာဖြစ်ခဲ့သည့် (Case Study) လေး တစ်ခုကို ကျွန်မဆန္ဒပြု တင်ပြလိုပါသည်။
၁၉၄၇ခုနှစ်က အိန်္ဒိယနိုင်ငံမှာဖြစ် ပါ၏ ဥတာပရာဒက်ဒေသမှာ ဖြစ်သည်။     စတုရန်းမိုင်ပေါင်း ၁၂၆၆၅၉၅ရှိသော အိန်္ဒိယပြည်တွင် မြောက်ဘက်နယ်စပ် တစ်လျှောက်၌ ဟိမ၀န္တတောင်တန်းကြီး  က ကာရံထားပါ၏။ အောက်ဘက်တွင်  ဂင်္ဂါလွင်ပြင်ရှိသည် လူနေထူထပ်သော နိုင်ငံဖြစ်ကာ သဘာဝဘေးဒဏ်ကိုလည်း   ရံဖန်ရံခါ ခံစားရလေ့ရှိ၏။ နိုင်ငံ၏အ ကျယ်အ၀န်း၏  ၄ပိုင်း ၁ပိုင်းကို သစ်တော     ကဖုံးလွှမ်းထားသည် အရှေ့မြောက်ဘက် ရှိ တောင်ကုန်းများမှာ တစ်နှစ်တစ်နှစ် လျှင် မိုးရေချိန် ၄၀၀လက်မ ရွာချလေ့ရှိ သဖြင့် သစ်ပင်သစ်တောထူထဲသည်။  ကုမ္ပဏီတစ်ခုမှ သစ်ပင်(၂၅၀၀)ကိုခုတ် ၍ တည်ဆောက်ရန်ရွာသို့ရောက်လာခဲ့ ရာ ရွာသူမများက သစ်ပင်များကို ဖက် တွယ်၍ ကျွန်မတို့ကို အရင်ခုတ်ပါပြီးမှ  သစ်ပင်များကိုနုတ်ယူသွားပါဟု တောင့် ခံထားရာ သစ်ခုတ်သမားများ လက်လျှော့  ကာ ပြန်သွားခဲ့ကြသည့်အဖြစ်ကရှိခဲ့သည် ကိုး။ဝိုင်းဝန်းတွယ်ဖက်ထားခြင်းကို Chip ko ဟုခေါ်ရာထိုဖြစ်စဉ်မှာ Chip ko အော်ပရေးရှင်းဟု ယနေ့တိုင် ထင်ရှား နေခဲ့ရသည် ရွာသူမများ၏ ဇွဲသတ်္တိကြောင့်  ဆင်းရဲနွမ်းပါးသော ရွာကလေးမှာ သစ် ပင်များရှင်သန်ခွင့်ရခဲ့ရသည်။ ထို့ကြောင့် ပင်ဝန်ကြီးချုပ် အင်ဒီရာဂန်္ဒီက သစ်တော များမခုတ်ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်ဟု    ဆိုပါ၏ ရွာသူမများ အင်ဒီရာဂန်္ဒီကို စေ ခိုင်းခဲ့ခြင်းသာဖြစ်သည်။ ရွာမှ လူငယ်များ နှင့်စကားစမည်ပြောဆိုရာတွင် အာဖရိ ကတိုက်မှ ဒေါက်တာဝမ်ဂါမာရီသိုင်း အကြောင်းကိုပါ တစ်ဆက်စပ်တည်း    ပြောပြခဲ့မိပါသသည်။ကင်ညာနိုင်ငံသူ ၀မ်ဂါမာရီသိုင်းက ကင်ညာနိုင်ငံတွင် သစ်ပင်(၄)သိန်းကျော် စိုက်ပျိုးပေးခဲ့၏။  ထို့ပြင် တန်ဇန်းနီးယား၊ယူဂန်ဒါ။မာလာ ၀ီလီဆိုသို၊အီသီယိုပီးယားနှင့်ဇင်ဘာတွေ     နိုင်ငံများတွင် အစိမ်းရောင်ရပ်ဝန်းလှုပ် ရှားမှုများ စတင်နိုင်ခဲ့သူဖြစ်သည်။ထို့ အတွက် သူမမှာ ၁၉၉၇ခုနှစ်က သဘာဝ ပတ်ဝန်းကျင်ငြိမ်းချမ်းမှုရရှိရေးဆောင် ရွက်သူအဖြစ် နိုဘယ်ဆုရရှိခဲ့ပေသည်  မာသိုင်းသည် လူ့အခွင့်အရေး ဒီမိုကရေ စီနှင့်သဘာ၀၀န်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုမလျှော့သောဇွဲနှင့်ကြိုး ပမ်းခဲ့သူဖြစ်လေသည်။
မာသိုင်းကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သူ အမျိုးသမီး(၃)ဦးရှိခဲ့ ဖူးသည်။ ၂၀၁၁ခုနှစ်ကဖြစ်ပါ၏။ထူး ချွန်ထင်ရှားသည့် အမျိုးသမီးများဖြစ် သည်။ လိုက်ဘေးရီးယားနိုင်ငံ မွန်ဂိုဗီး ယားမြို့သူ  Eilen Johnson Sirleaf ဟု   အမည်ရသည့် အမျိုးသမီးအခွင့်အရေး  များတောင်းဆိုခဲ့သူ လိုက်ဘေးရီးယား  နိုင်ငံ၏(၂၄)ယောက်မြောက် သမ္မတဖြစ်   သူမှာလည်း နိုဘယ်ဆုရှင်တစ်ဦးဖြစ်ခဲ့ရ ပြန်သည်။ သူမကဲ့သို့ပင် စွမ်းဆောင်ပေး ခဲ့သူ နောက်တစ်ဦးမှာ  Leymoh Rober ta Gbowee ဖြစ်ပါ၏။အမေရိကန်နိုင်ငံမှ     မဟာဘွဲ့ရသူဖြစ်သည်။ပြည်တွင်းစစ်တွင် အမျိုးသမီးများငြိမ်းချမ်းရေးကိစ်္စကို ပါဝင် ဆောင်ရွက်ရေးအတွက် အမျိုးသမီး ဘ၀လုံခြုံရေး လူ့အဖွဲ့အစည်း၏အမှု ဆောင်လူကြီးတစ်ဦးလည်းဖြစ်သည်။ နောက်တစ်ဦးမှာ သတင်းစာဆရာမတစ် ဦးဖြစ်၏။ ယီမင်နိုင်ငံ၊တိုင်ဇက်မြို့သူဖြစ်  သည်။မူဆလင်အမျိုးသမီး Tawakel Kar man ဟုအမည်ရှိပါ၏။ငြိမ်းချမ်းရေးလုပ် ငန်းများကို လုပ်ဆောင်ပေးသူဖြစ်လာ သောကြောင့် ၂၀၁၁တွင် အဆိုပါ (၃)ဦး     နှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးခဲ့သူဖြစ်သည်ကို ကျွန်မရှင်းပြခဲ့ရ သည်။ ကျွန်မတို့နိုင်ငံကဒေါ်အောင်ဆန်း စုကြည်သည်လည်း အဆိုပါ(၃)ဦးထက် နှစ်ပေါင်းများစွာစော၍ရယူနိုင်ခဲ့သူဖြစ် ကြောင်း ပြောပြမိသည်နှင့်ဝမ်းသာနေပုံ ရသည့် မျက်နှာလေးများမှာ အရောင် များလက်လာကြ၏။
ကျွန်မတို့မှာ သင်္ဘောကြီးပေါ်လိုက် စီးနေရသလိုပင် ကြမ်းပြင်ကိုသာ သတိ မူ၍အမိုးပေါ်သို့မော်မကြည့်ခဲ့ကြပါ။ထို အခါ သင်္ဘောကြီး၏ရွေ့လျားမှုကို အ မှတ်မထင်ရှိခဲ့ကြခြင်းပင်ဖြစ်ပါ၏။
ရွာအတွက် ကျေးလက်ဒေသဖွံ့ဖြိုး  ရန်အတွက် ဆောင်ရွက်ရေးတွင်ခရီးဝေး   လံခြင်းသည် အကြောင်းတရားမဟုတ်။    ပထမခြေလှမ်းကသာခက်နေခြင်းဖြစ် ဟန်တူသည်။
မိုင်ထောင်ချီခရီးကို ခြေတစ်လှမ်း  နှင့်စလျှင် အများကြီးနောက်မကျနိုင် သေးကြောင်းကိုတော့ ကျွန်မသတိထား  မိပါသည်။ နိုဘယ်ဆုရှင်များ၏ဘ၀ပုံပြင် လေးများပြောပြနေသော ကျွန်မအား တောက်ပသော မျက်လုံးအစုံများဖြင့် စိတ်ဝင်စားစွာကြည့်နေကြခြင်းကို မြင်ရ သည်ကပင် ကျွန်မအတွက်တော့ မဟာ ခွန်အားပင်ရလာခဲ့သည်။မဟုတ်ပါလား။

ဒေါက်တာစိန်စိန်သိန်း
Hot News         

No comments:

Post a Comment