တောင်သူလယ်သမားသမဂ္ဂ(ယာယီ) ဥက္ကဌဖြစ်သူ ဦးလွင်ကိုကိုမှ တက်ရောက်ခဲ့ပြီး လာမည့်နှစ်မိုးရာသီ၌ လယ်သမားများ လယ်ယာဆက်လက်လုပ်ကိုင်ခွင့် ရှိ/မရှိ စိုက်ကွင်းမှူးအား မေးမြန်ခဲ့ရာ တိကျစွာဖြေဆိုခဲ့ခြင်းမရှိခဲ့ပါ။ ၎င်းအစည်းအဝေး၌ တောင်သူလယ်သမားများ မှ မိုးစပါးရိတ်သိမ်းပြီးလျှင် ယခင်နှစ်များကဲ့သို့ မတ်ပဲ ဆက်လက်စိုက်ပျိုးလိုကြောင်း တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ပါ။ ပ-လ-ဖ စိုက်ကွင်း၌ လယ်ဧက (၁၅၀၀)ကျော်ခန့်ရှိပြီး ဧက (၁၀၀)ကို ၀န်ထမ်းများမှ စိုက်ပျိုးပြီး ဧက (၁၄၀၀)ကျော်ခန့်ကို သီးစားချလယ်သမားများမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ လယ်သမားများအနေဖြင့် နှစ်စဉ်သီးစားခများကိုလည်း မှန်မှန်ပေးသွင်းခဲ့ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ဆုံးရှုံးခဲ့မည်ဆိုလျှင် လယ်သမားများ နှင့် ၎င်းတို့မိသားစု ၊ကျောင်းသား/သူ ၊ သက်ကြီးရွယ်အို လူ(၈၀၀)ကျော်ခန့် လူမှုဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပြီး စိုက်ကွင်းမှူးအနေဖြင့် အစားထိုးဆောင်ရွက်ပေးမှု ဘာမျှမရှိ၍ လယ်သမားများ ဒုက္ခရောက်နေရကြောင်းနှင့် ၎င်းကိစ္စကို ဖြူးမြို့နယ် ၊ လွတ်လပ်သော တောင်သူလယ်သမားသမဂ္ဂမှ ဦးဆောင်ပြီး နိုင်ငံတော် သမ္မတထံသို့ အသနားခံစာတင်သွင်းရန် စီစဉ်ထားရှိကြောင်းသတင်းရရှိပါသည်။
လွင်ကိုကို
Hot News
ကွန်နက်ရှင်နှေးကွေးလေးလံခြင်းကြောင့် မူရင်းဓာတ်ပုံများ မတင်နိုင်သည်ကို ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ....................
No comments:
Post a Comment