(၂)၊ ဘင်္ဂါလီတို့၏ခြေကုပ်ရ ယူရေး၊ OIC ၀င်ရောက်လာနိုင် ရေး ကြိုးပမ်းမှုများပျက်ပြယ်ခြင်း ကြောင့် အတွင်းအပြင် ချိတ်ဆက် မှုဖြင့် တစ်ကျော့ပြန်ခေါင်းထောင်
လှုပ်ရှားလာသည်ကို ရခိုင်ပြည်သူ များ လက်ငင်းကြုံနေရချေပြီ၊ရခိုင် လူမျိုးများနှင့်ပြည်ထောင်စုနိုင်ငံ သားများအားလုံး အထူးသတိထား ရမည့် ကိစ်္စဖြစ်ပါသည်။ (၃)၊ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမူဘောင်အတွင်း မှ ပြဿနာများကို ရင်ဆိုင်ဖြတ် သန်းသွားရပေမည်။ ပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရတို့သည် လက်ရှိပဋိပက္ခများကိုဖြေရှင်းရာ တွင် ပွင့်လင်းမြင်သာမှုရှိရန်လို အပ်ပါမည်။မယုံသင်္ကာကို အ ကြောင်းခံပြီး မလိုလားအပ်သော ကောလဟာလများ ပြည်သူလူထု အတွင်း အပေါ်ပေါက်စေရေးနှင့် နောက်ထပ်ပဋိပက္ခများ ဆက်လက် မဖြစ်ပွားစေရေးအတွက် ပိုမို ကောင်းမွန်သောလုံခြုံရေး အစီ အမံများချမှတ်ရန်လိုအပ်ကြောင်း ကျွန်ုပ်တို့တိုက်တွန်းကြောင်း ဖော် ပြထားသည်။ ကျန်အချက်အလက် များမှာ ရခိုင်ပြည်နယ်နှင့်ပတ်သက် ပြီး ပဋိပက္ခမဖြစ်ပွားစေရေးအ တွက် ထုတ်ပြန်ရေးသားထားပြီျးြွီဏ ပါတီအား အထင်အမြင် လွဲမှားနေမှုအပေါ် ပြည်သူများ လက်ရှိအခြေအနေမှန်များကို ရှု မြင်သုံးသပ်နိုင်စေရန် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ အဆိုပါကြေ ညာချက်၏ နောက်ဆုံးအချက်မှာ တည်ငြိမ်အေးချမ်းရေးရရှိရန်မှာ တိုင်းရင်းသား(မူရင်းနိုင်ငံသား)များ ၏ မူလအခွင့်အရေးများနှင့်တာဝန် များကို ဥပဒေအရ ခိုင်မာစွာကာ ကွယ်ပေးထားနိုင်ပြီးမှသာ ပေါ် ပေါက်နိုင်သော ဖြစ်စဉ်တစ်ရပ်ဟု ကျွန်ုပ်တို့ လေးနက်စွာယုံကြည်ပါ သည်ဟု သဘောထားကြေညာ ချက် ၀၆/၂၀၁၂ဖြင့် ထုတ်ပြန် ကြေညာထားသည်။
ယင်းကြေညာချက် ထုတ် ပြန်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှာ အောက်တိုဘာလတွင်ပြန်လည်ဖြစ် ပွားခဲ့သော ရခိုင်ပြည်နယ်တကျော့ ပြန်ဆူပူအကြမ်းဖက်မှုတွင် နောက် ကွယ်က ကြိုးကိုင်လှုပ်ရှားနေသည် ဟု စွပ်စွဲခံရခြင်းများရှိခဲ့သည်ဟု လည်း သတင်းရရှိသည်။
စွန်ရဲနက်၊မျိုးမြင့်၊လင်းသန့်
Hot News
No comments:
Post a Comment