ကွန်ကရစ်လမ်းခင်းရန်အတွက် ဟုဆိုကာ တစ်အိမ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်း မထည့်မနေရ အတင်းအကြပ် ကောက်ခံလျက်ရှိပါသည်။ ၇ပ်ကွက်သူ၊ ရပ်ကွက်သားများမှာ စားဝတ်နေရေးမပြေလည်ကြပါသဖြင့် လက်ရှိ အုတ်ခဲ့ကျိုး ခင်းလမ်းအတိုင်းသာထားရှိပြီး ကွန်ကရစ်လမ်းခင်းခြင် မပြုလုပ်ပါ၇န် တောင်းဆိုကြသော်လည်း အထက်ညွန်ကြားချက်အရ ဆိုကာ ကော်မတီဖွဲ့၍ အတင်းအဓမ္မငွေကြေး ကောက်ခံလျှက်ရှိပါသည်။ ရပ်ကွက်အတွင်းရှိ ၉၀% သော လုပ်သားပြည်သူများမှာ အလုပ်အကိုင်ရှားပါးခြင်း ၊ လုပ်ခလစာ နည်းပါခြင်း ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း တို့ကြောင့် မိသားစုထမင်းနပ်မှန်အောင်ပင် နေ့စဉ်ရုန်းကန်နေကြရချိန်တွင် ယခုကဲ့သို့ ကွန်ကရစ်လမ်းခင်းရန် ငွေကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း)အားထည့်ဝင်ရန် ခက်ခဲနေကြောင်း သတင်းရရှိပါသည်။
လမ်းသူလမ်းသားများ
Hot News
No comments:
Post a Comment