မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာလ
၁၂ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းဖြင့်
စတင်ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ
နယူးဒေလီမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်
တွေ့ဆုံပြီး ယင်းနေ့ ညနေပိုင်းတွင် နေရူးအထိမ်းအမှတ် ဟောပြောပွဲသို့ တက်ရောက်၍
နေရူး Memorial Lecture ကို ဟောပြောမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ လွှတ်တော်၌
လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ဖူးသော Lady
Shriram ကောလိပ်သို့ သွားရောက်ပြီး ကျောင်းသူ၊ ကျောင်းသားများနှင့်
တွေ့ဆုံသွားမည်ဖြစ်ပြီး ယင်းနေ့ ညနေပိုင်းတွင် မြန်မာမိသားစုများနှင့်
နယူးဒေလီမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Bengaluru မြို့သို့ သွားရောက်၍ Rural
Development Project ကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍
ယင်းညနေပိုင်းတွင် India Institute of Science (IIS) သို့ သွားရောက်လေ့လာပြီး
ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment