သိရပါ တယ်။ ဧရာဝတီတိုင်းဒေသကြီးညောင် တုန်းမြို့နယ်၊ ထိပ်ဝကြီး၊ သံကြိုး၊ ရွှေဒင်္ဂါး ကျွန်းများမှာရှိတဲ့ အင်း(ထုံးအင်း)များမှာ လည်းအင်းဂရန်ရရှိသူများနဲ့ ရေလုပ်သား များအကြားမကျေနပ်မှုများဆန္ဒဖော်ထုတ် မှုတွေရှိခဲ့သလို ရေလုပ်သားတွေ ဖမ်းဆီး ခံရခြင်း၊ လှေ၊ ပိုက်စတဲ့ ပစ္စည်းများ သိမ်း ဆည်းခံရခြင်း၊ ထောင်ကျခြင်းများရှိခဲ့ တယ်လို့ သိရပါတယ်။
အင်းလုပ်သားများဟာ အထက် ဖော်ပြပါ ပဋိပက္ခများပေါ်ပေါက်ရာ ဧရာဝတီတိုင်းအတွင်းမှာ အထူးအရေးပါ တဲ့စီးပွားရေးလုပ်ငန်း (ရေလုပ်ငန်း)ဖြစ်ပါ တယ်။ အင်းလုပ်ငန်းခွင်များမှာ အလွန် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ လူနေမှု ဘ၀ဆိုင်ရာ အဖြစ်အပျက်တွေ၊ ဇာတ် လမ်းတွေ အများကြီးရှိပါတယ်။ ခေတ် စမ်းစာဆိုကြီးသိပ္ပံမောင်ဝက ညောင်တုန်း မြို့နယ်အတွင်းမှာရှိတဲ့ ကိုလိုနီခေတ် အင်းလုပ်ငန်းများနှင့် အင်းသားကြီးများ (အင်းလုပ်သားများ)ရဲ့ဘ၀အခြေအနေတွေ ကို ရေးဖွဲ့ခြယ်မှုန်းခဲ့ပါတယ်။ ၁၂၉၅ခုနှစ် ထုတ် ဂန္တလောက မဂ်္ဂဇင်းပါ သူ့ရဲ့ထင် ရှားတဲ့ လေလံပွဲ၊ ပစ္စန္တရစ် ၀တ်္ထုဆောင်း ပါးများမှာ လေ့လာဖတ်ရှုနိုင်ကြပါတယ်။
ကိုလိုနီခေတ်ကစလို့ ပါလီမန် ဒီမိုက ရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် န၀တ၊ နယကနဲ့ ယခုအစိုးရခေတ်များ တိုင်အောင်အင်းသူကြီး(အင်းဂရန်ဆွဲဝယ် ထားသူ)နဲ့ ရေငုပ်နှီးချည်အစရှိတဲ့ အခြေ ခံလုပ်ငန်းများကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကြတဲ့ အင်းသား(ရေလုပ်သား)များ ရဲ့ ပဋိပက္ခများက ပုံစံအမျိုးမျိုးအသွင် အမျိုးမျိုးနဲ့ရှိခဲ့ကြပါတယ်။ ဘယ်ခေတ် ဘယ်အခါမှာမဆို၊ ဘယ်ပုံစံဘယ်အသွင် နဲ့ ဖြစ်ခဲ့တဲ့ပဋိပက္ခများမှာမဆို ငွေကြေး ဓနအင်အားနဲ့အင်းဂရန်ဆွဲဝယ်ရရှိထား သူ အင်းဂရန်ကိုင်များ အင်းသူကြီးများက စင်ပေါ်မှာ အမြဲရှိပြီးအောက်ခြေရေလုပ် သား ထုကတော့ အဖိနှိပ်ခံများအဖြစ်နဲ့ စင်အောက်မှာ အမြဲနစ်မြုပ်နေခဲ့ကြရ တာပါပဲ။
၁၉၇၀ ပြည့်နှစ်မှာတော့ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်အစိုးရက ၁၉၇၀ ပြည့် နှစ် သမ၀ါယမ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အင်းချောင်းအချို့ကို ငါးကုန်ထုတ် သမ၀ါယမ အသင်းတွေအဖြစ် ဖွဲ့စည်း ကာ ပုဂ္ဂလိကပိုင်စနစ်ကနေ သမ၀ါယမ ပိုင်လုပ်ငန်းများအဖြစ် ပြောင်းလဲခဲ့ဖူးပါ တယ်။ အဲဒီကာလများမှာတော့ အင်းသူ ကြီးများဟာ အစဉ်တစိုက် လက်ဝါးကြီး အုပ်လာခဲ့တဲ့ အင်းလုပ်ငန်းများမှ ဖယ် ရှားခံခဲ့ရပါတယ်။
ရေလုပ်သားများဦးဆောင်ပါဝင်ခွင့်ရ လာတဲ့ ငါးကုန်ထုတ်သမ၀ါယမအသင်း များဟာ နိုင်ငံတော်က ငွေကြေးအရင်း အနှီးများ ပြည့်စုံလုံလောက်စွာ ထုတ် မပေးနိုင်ခဲ့တဲ့ အချက်အပါအ၀င်အကြောင်း အမျိုးမျိုးကြောင့် အင်အားချည့်နဲ့လာကာ စာရင်းအင်းရှင်းလင်း ဖျက်သိမ်းပြီးအဆုံး သတ်ခဲ့ရပါတော့တယ်။ ငါးကုန်ထုတ် သမ၀ါယမအသင်းများပေါ်ပေါက်လာချိန် မှာ အင်းသူကြီးများဟာ အင်းလုပ်ငန်း နယ်ပယ်က ထွက်ခဲ့ကြရပေမဲ့ ပုံစံတစ်မျိုး နဲ့ စင်ပေါ်မှာ ဆက်ရှိနေခဲ့ကြတာပါပဲ။ အင်သားကြီး (အင်းသူကြီး)စနစ်ကို တိုက် ဖျက်ပြီး ရေငုပ်နှီးချည်တကယ့်အောက် ခြေလုပ်သားများရဲ့ဘ၀ကို မြှင့်တင်ရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆောင်ပုဒ်ဟာ အင်းသူကြီးများရဲ့ ခြေဖ၀ါးအောက်မှာ နစ်မြုပ်ခဲ့ရတော့တာပါပဲ။
တရားဝင်အင်းဂရန်ကို မကိုင်ရပေမဲ့ အင်းသူကြီးဟောင်းတွေဟာ ငွေအရင်း အနှီးကို အကြောင်းပြုပြီး ငါးကုန်ထုတ် သမ၀ါယမအသင်းများအပေါ်မှာ ငွေအ တိုးနှုန်းကြီးကြီးနဲ့ အမြတ်ထုတ်နိုင်ခဲ့ကြ ပါတယ်။ နိုင်ငံတော်က ငါးကုန်ထုတ် အသင်းများကို သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံ တော်က ထုတ်ချေးပေးခဲ့တဲ့ ငွေတွေဟာ နှစ်ချင်းဆပ် နှစ်တိုချေးငွေများသာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းများရဲ့သဘာဝ အတိုင်း ငါးကုန်ထုတ် သမ၀ါယမအသင်း များရဲ့ သဘာဝကလည်း လုပ်ငန်းအစ ပိုင်းကာလများမှာ အရင်းအနှီးများကို စတင်မြှုပ်နှံရတာပါပဲ။ အသင်းအဖွဲ့နဲ့ လုပ်ရတဲ့ ပုံစံဖြစ်လာတော့ ပုဂ္ဂလိကပိုင် လက်ထက်ကလို အမြတ်ရရေးတစ်ခု တည်းကို ဦးတည်လို့မရတော့ပါဘူး။ လုပ် နည်းလုပ်ဟန်များကအစ ပုဂ္ဂလိကပိုင် တုန်းကလို မဟုတ်တော့ပဲ အင်းအိုင် အက်ဥပဒေ၊ နည်းဥပဒေ၊ အင်းအိုင်လက် စွဲနဲ့ သက်ဆိုင်ရာ ၀န်ထမ်းဌာနများရဲ့ အမိန့်နဲ့ ဆုံးဖြတ်ချက်များကိုလည်း တင်း တင်းကျပ်ကျပ် လိုက်နာကြရပါတယ်။
ပုဂ္ဂလိကအင်းသူကြီးများလက်ထက် အမြတ်ရရေးအတွက်သာ ဦးတည်ပြီး ကာလကြာရှည်ပြုပြင်ထိန်းသိမ်းမှု အား နည်းခဲ့တဲ့အင်းချောင်းတွေကို ပြန် လည်ပြုပြင်ကြရပါတယ်။ အစကတည်း က အရှုံးနဲ့မတည်ရင်းနှီးခဲ့ကြရတာပါ။ အသင်းရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေ ရှည်အကျိုးစီးပွားများအတွက် မျှော်မှန်း လုပ်ဆောင်ကြရာမှာ အစပိုင်းကာလများ မှာ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းများအနေ နဲ့ အကျိုးအမြတ်နည်းပါးခဲ့ပါတယ်။ အရှုံး မရှိစေရဆိုတဲ့ မူအရ အမြတ်ပြနိုင်ရုံ လောက်ကိုပင် အားစိုက်ရုန်းကန်ခဲ့ကြရ ပါတယ်။ မှတ်မှတ်ရရ အဲဒီကာလများမှာ မြစ်ဝကျွန်းပေါ်ဒေသမှာ သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့ခဲ့ရပါတယ်။အချိန်အခါမဟုတ်ဘဲ မိုးရွာရေကြီးတာ မျိုး၊ လေပြင်းမုန်တိုင်းဒဏ်ကြောင့် တည် ဆောက်ထားတဲ့ အင်းလုပ်ငန်းတွေ ပျက် စီးဆုံးရှုံးခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။ အဲဒီ ကာလမျိုးမှာ ငါးကုန်ထုတ် သမ၀ါယမ အသင်းများဟာ စာရင်းသဘောအရ မူအရ အမြတ်ပြနိုင်အောင် ရေးဆွဲခဲ့ကြ ပေမဲ့လက်တွေ့မှာတော့ အမြတ်မရတဲ့အ ပြင် ကျိုးပျက်ဆုံးရှုံးခဲ့တဲ့လုပ်ငန်းတွေကို ပြန်လည်ထူထောင်ဖို့ပင် အခက်အခဲနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။
ဖော်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်က ထုတ်ချေးခဲ့တဲ့ ချေးငွေတွေကလည်း နှစ် ချင်းဆပ် နှစ်တိုချေးငွေဖြစ်တော့ နှစ်စဉ် ပြန်ဆပ်ရမယ့်ငွေ မဆပ်နိုင်ရင် ချေးငွေ ဆက်ထုတ်မပေးတော့ပါ။ အသင်းဝင်ရေ လုပ်သားများရဲ့ စားဝတ်နေရေးကိုလည်း ဖြည့်ဆည်းမပေးနိုင်၊လုပ်ငန်းများကိုလည်း ပြန်လည်မထူထောင်နိုင်၊ ဒေသအလိုက် လုပ်ငန်းသဘာဝအရ ချေးယူရတဲ့ ပုဂ္ဂလိ က ကြွေးမြီများလည်း မဆပ်နိုင်၊ အတိုး တွေတက်ပြီး ကြွေးနွံထဲမှာ နစ်နေခဲ့တဲ့ အပြင် နိုင်ငံတော်ရဲ့ ဘဏ်ကြွေးတွေပါ ဖိစီးလာတဲ့အခါများမှာတော့ ငါးကုန် ထုတ် သမ၀ါယမအသင်းတွေဟာ မလွှဲ မရှောင်သာတဲ့ တစ်ခုတည်းသော သမ ရိုးကျထွက်ပေါက်ကို ပြန်ရှာပြီး အရှေ့ကို မမျှော်နိုင်၊ အနောက်ကိုသာပြန်လျှောက် ကြရပါတော့တယ်။ အဲဒါကတော့ ယခင် အင်းသူကြီးဟောင်းများ ငါးကုန်သည် ပွဲ စားကြီးများ ရှေ့မှောက် ဒူးထောက်ခဲ့ကြ ရတာပဲဖြစ်ပါတော့တယ်။ အင်းသူကြီး ဟောင်းများ ငါးကုန်သည်ပွဲစားကြီးများ ဟာ အင်းထဲသို့ပင် ဆင်းဖို့မလုပ်တော့ဘဲ ရန်ကုန်ငါးဈေးကြီးများမှာရှိတဲ့ ကျောက် ခုံများကို ချုပ်ကိုင်ကာငါးကုန်ထုတ် သမ ၀ါယမအသင်းများအပေါ် ငွေတိုးကြီးကြီး ရယူနိုင်ရုံမျှမက အင်းလုပ်ငန်းထွက်ကုန် များကိုပါ ချုပ်ကိုင်အမြတ်ရှာနိုင်ခဲ့ကြ တာတွေ့ရပါတယ်။ ရေငုပ်နှီးချည်အောက် ခြေရေလုပ်သားများရဲ့ဘ၀ကတော့ နင်း ပြားက နင်းပြားပါပဲ။
၁၉၈၈ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးပြိုလဲပြီး န-၀-တ၊ န-ယ-က ခေတ်တွေရောက်လာပါတယ်။ အင်းလုပ်ငန်းတွေလည်း ပုံစံပြောင်းလာ တယ်။ ပုဂ်္ဂလိကလေလံစနစ်ပြန်ပြီးခေါင်း ထောင်လာပြန်တယ်။ ငွေရှင်၊ ကြေးရှင် တွေ ဦးမော့မြဲ မော့လာတယ်။ အင်းလေ လံပွဲတွေဟာ ပုံပျက်ပန်းပျက် သရုပ်ပျက် တွေပိုဖြစ်လာတယ်။ မြန်မာနိုင်ငံရဲ့ စီးပွား ရေးလုပ်ခွင့်လုပ်ကွက်ကြီးတွေ၊ သယံဇာ တတွေကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အာဏာပိုင်တွေ၊ ခရိုနီကြီးတွေရဲ့လက်တံ ဟာ နယ်တွေမှာရှိတဲ့ အင်းလုပ်ငန်းခွင် တွေအထိ ဆန့်ထုတ်လာကြတယ်။ မြို့ပြ မှာ အခြေစိုက်၊ အာဏာရှိသူများနဲ့ပေါင်း စပ်ကြတဲ့ သူဌေးသူကြွယ်တွေဟာ တကယ့်ခရိုနီကြီးတွေဖြစ်လာကြသလို တောနယ်ဒေသ ခေတ်ပျက်သူဌေး၊တော သူဌေး၊ငွေရှင်ကြေးရှင်တွေဟာ အာဏာ ရှိသူများနဲ့ ပေါင်းစားလာကြတဲ့ တော ခရိုနီတွေဖြစ်လာကြတယ်။ အခွင့်သာ ခိုက် မိုက်ပြလိုက်မယ်ဆိုတဲ့ ၀ိသမလော ဘသားတွေ အင်းထဲမှာ လွှမ်းမိုးလာခဲ့ တယ်။
ဆရာကြီးဦးဟုတ်စိတ်ရဲ့ ပဒတ္တ မဉ္ဇူ သာ ပါဠိမြန်မာအဘိဓာန်မှာ ““၀ိသမ လောဘ””ကို မသင့်တော်သော တပ်မက် မောခြင်းလို့တွေ့ရသလို မညီမျှသော အလေ့ရှိသည်ဆိုတာကို ၀ိသမသီလ ရဲ့ အနက်အဓိပ္ပာယ်အဖြစ် ဖော်ပြထားပါ တယ်။ လူဆိုတာ အတ္တလို့ခေါ်တဲ့ ကိုယ် ကျိုးနဲ့၊ ပရလို့ခေါ်တဲ့ အများအကျိုးကို ညီညွတ်မျှတ လျော်ကန်သင့်မြတ်အောင် ကျင့်ကြံနိုင်မှ၊ အတ္တဟိတ လို့ခေါ်တဲ့ ကိုယ့်အကျိုး ပရဟိတလို့ခေါ်တဲ့ အများ အကျိုးကို ညီညွတ်မျှတအောင် ကျင့်ကြံ နိုင်ပါမှ လောကပါလ တရားနဲ့ညီညွတ် တဲ့ လူ့ဘောင် လူ့အဖွဲ့အစည်းဖြစ်လာမှာ ပါ။ သဘာဝတရားကြီးက လူသားတွေ အတွက် ဖန်တီးပေးထားတဲ့ သဘာဝ လက်ဆောင်လို့ ပြောရမယ့် သဘာဝ သယံဇာတတွေ၊ တော တောင် ရေမြေ မြစ်ချောင်းအင်းအိုင် စတာတွေမှာ ၀ိသမ လောဘကို အကြောင်းပြုတဲ့ ၀ိသမ သီလ၀ိသမစရိယစတဲ့အကျင့်တွေကြောင့် အကျည်းတန်အရုပ်ဆိုးမနှစ်မြို့ဖွယ်ဖြစ် ရပ်တွေ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ အင်းနယ်မြေတွေနဲ့ပတ်သက်လို့ ကျုံပျော် မြို့နယ်ရှားခဲအင်းမှာ လူဆိုးလူမိုက်တွေ က ဓားနဲ့ခုတ်လို့၊ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လို့လူတွေသေခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ထင်ရှားတဲ့ ပြယုဂ်ဖြစ်ပါ တယ်။
စာရေးသူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ် အင်းအိုင်နည်းဥပဒေ (၂)၊ အင်း အိုင်အက်ဥပဒေ ပုဒ်မ ၈(၁)အရ အင်း အမျိုးအစား (၄)မျိုးရှိပါတယ်။ (၁)အငှား ချထားနိုင်သော အင်း(သို့မဟုတ်) ဂရန် အင်း (Leasable Fishery) ၊(၂) သီးသန့် အင်း(Reserved Feshery)၊ (၃)ကန့် သတ်အင်း (Protected Fishery)၊ (၄) ဘုံငါးဖမ်းကွက်များ (Open Fishery)တို့ ဖြစ် ကြပါတယ်။
Reserve ဆိုတဲ့ စကားရပ်ကိုမြန်မာ စာ ဦးစီးဌာနထုတ်ဝေတဲ့ အင်္ဂလိပ်- မြန်မာ အဘိဓာန်မှာ သီးသန့်ထားသည်၊ အရန်ထားသည်၊ သိုမှီးထားသည်၊ ထိန်း သိမ်းထားသည်လို့ အဓိပ္ပာယ်ပေးထားပါ တယ်။ အင်းအိုင်နည်းဥပဒေ (၂)၊ အင်း အိုင်အက်ဥပဒေ ပုဒ်မ ၈(၁)မှာပါရှိတဲ့ သီးသန့်အင်း (Reserved Fishery) ဆို တာကတော့ အင်းအိုင်နည်းဥပဒေ(၄)နှင့် အမိန့်ဆင့်ဆိုချက် အပိုဒ်(၁၀)အရ ငါး မျိုးပြုန်းတီးခြင်းမရှိစေရန် သော်လည်း ကောင်း၊ ငါးမျိုးတိုးပွားစေရန်သော်လည်း ကောင်း သာမန်အားဖြင့် ငါးဖမ်းခြင်းမပြု စေသင့်သည့် အင်းများကို သီးသန့်အင်း အဖြစ်သတ်မှတ်ရန်ဖြစ်ပါတယ်။
န-၀-တခေတ်မှာ သီးသန့်ချန်လှပ် ထားရတဲ့ အင်းဆိုတာကတော့ သီးခြား အဓိပ္ပာယ်ဖြစ်နေခဲ့ပါတယ်။ သီးသန့်အင်း ဆိုတာ အာဏာပိုင်ပုဂ်္ဂိုလ်ကြီးများ၊ ငွေ ကြေးကြွယ်ဝချမ်းသာတဲ့ အင်းသူကြီး ဟောင်းများ၊ အာဏာပိုင် ပုဂ်္ဂိုလ်ကြီးများ နဲ့ ဆက်နွယ်ရင်းနှီးကျွမ်းဝင်တဲ့ ခေတ် ပျက်တောသူဌေးများအတွက် သီးသန့် ချန်လှပ်ထားရတဲ့အင်းတွေဖြစ်နေပါတယ်။ အင်းလေလံပွဲတွေမှာ လေလံပစ်ရမယ့် အင်းတွေအနက် အာဏာပိုင်ပုဂ်္ဂိုလ်ကြီး များ၊ အဲဒီပုဂ်္ဂိုလ်ကြီးများနဲ့ ဆွေမျိုးတော် စပ်သူများ၊ ဆက်နွယ်ပတ်သက်သူများ အတွက် သီးသန့်ချန်လှပ်ထားကြရပါ တယ်။ အဲဒီအင်းတွေကို လက်မလွှတ်နိုင် ကြတဲ့အင်းသူကြီးတွေ၊ ငွေရှင်၊ ကြေးရှင် တွေက လေလံအဖွဲ့ထံမှ ဂရန်ဆွဲဝယ် ခြင်းမပြုရဘဲ ဖော်ပြပါ သီးသန့်ပုဂ်္ဂိုလ် ကြီးများထံမှ မတန်တဆ အမြတ်ပေးပြီး ဆွဲဝယ်ကြရပါတယ်။ အင်းလေလံပစ်တဲ့ အဖွဲ့က ယခင်နှစ်ပေါက်ဈေးသို့မဟုတ် ကြမ်းခင်းဈေးသာသာနဲ့ စာရင်းပြပြီး နိုင်ငံတော်ဘဏ္ဍာကိုပေးသွင်းပါတယ်။ အင်းဂရန်ဆွဲဝယ်သူ အမှန်တကယ်ပေး ဆောင်ရတဲ့ ငွေအများစုကြီးကတော့ သီးသန့်ပုဂ်္ဂိုလ်ကြီးများရဲ့ အိတ်ကပ်ထဲ ရောက်သွားပါတော့တယ်။
အမှန်တကယ် ပေးသွင်းရတဲ့ လေ လံစရိတ်၊ သီးသန့်ပုဂ်္ဂိုလ်ကြီးများရဲ့ အိတ် ကပ်ထဲ ထည့်ပေးရတဲ့ ကုန်ကျစရိတ်၊ အခြားအထွေအထွေ ကုန်ကျစရိတ်များ ကို ကာမိစေဖို့၊ အမြတ်အခွန်များများ ရရှိ စေဖို့အတွက် အင်ဂရန်ရရှိသူများက နယ်မြေဒေသဆိုင်ရာ အာဏာပိုင်များကို ချဉ်းကပ်ကာ အင်းအိုင်ဥပဒေ ပြဋ္ဌာန်း ချက်များကို ချိုးဖောက်အမြတ်ရရေးတစ် ခုတည်းအတွက် ဦးတည်လုပ်ဆောင်ကြ ပါတော့တယ်။ အဲဒီလို မနှစ်မြို့ဖွယ်မဖွယ် မရာ အလုပ်တွေကို လက်တွေ့အကောင် အထည်ဖော် အပင်ပန်းအဆင်းရဲခံလုပ် ဆောင်ပေးကြရတဲ့ အခြေခံရေလုပ်သား ထုကတော့ သက်ငယ်ခုနစ်ပျစ်၊၀ါးကြမ်း ခုနစ်ချောင်း၊ သက်ငယ်မိုး ၀ါးကပ်ကာ ကာ မလုံမခြုံဘ၀၊ မ၀တစ်ဝမသေရုံ မငတ်ရုံဘ၀နဲ့ ရုန်းကန်နေကြရမြဲပါပဲ။
အင်းအိုင်များကို ဂရန်ချထားရာမှာ အင်းအိုင် အက်ဥပဒေ ပုဒ်မ ၉(၁)၊ အင်း အိုင်နည်းဥပဒေ အခန်း(၂)ပါ စည်းကမ်း ချက်များအရ ချထားရတာဖြစ်ပါတယ်။ နည်းဥပဒေ(၆)အရ တစ်နှစ်ဖြစ်စေ၊ ငါး နှစ်အထိဖြစ်စေစည်းကမ်းချက်များနဲ့အညီ ချထားရပါတယ်။ နည်းဥပဒေ(၇)အရ ငါး ဖမ်းခွင့်ပြုတဲ့အချိန်ကာလ ငါးဖမ်းခွင့်မပြု တဲ့ အချိန်ကာလများကိုသတ်မှတ်ပေး ထားရပါတယ်။ အင်းအိုင်နည်းဥပဒေ ၃၃၊ ၄၅၊ ၈၂ များအရ တောကျဆည်၊မြင်းဝန် ဆည်၊ အကယ်၊ ဂျမ်း၊ အ၀ချုပ်ဆည်နဲ့ ဘ၀န်းများကို ဓလေ့ထုံးစံအတိုင်း ပိတ် ချိန်ကာလတွင်း ပိတ်ထားရမှာဖြစ်ပါ တယ်။ သာမန်အားဖြင့် အောက်မြန်မာ နိုင်ငံမှာ တော်သလင်း လဆန်း ၁ ရက် မတိုင်မီတောကျဆည်၊ အကယ်၊ ဂျမ်း၊ အ၀ချုပ်ဆည်သို့မဟုတ် ဘ၀န်းကို ပိတ် ဆို့ထားခြင်းမပြုရပါ။ ထို့အတူ တန်ခူးလ ဆန်း ၁ ရက်နေ့ထက် နောက်မကျစေဘဲ အဲဒီငါးဖမ်းကိရိယာတွေကို ဖျက်သိမ်းပေး ရမှာဖြစ်ပါတယ်။
မြင်းဝန်းဆည်နဲ့ အခြားဆယ်များ အောက်ခြေမှာ (လယ်ဆည်နဲ့ ကတက် တုံးများအပါအ၀င်)မြေဖြင့်ဖြစ်စေ ဖျာ၊ ရိုင်ဖြင့်ဖြစ်စေ၊ အခြားပစ်္စည်းမှအပအခြား နည်းဖြင့် ရေထုတ်ခြင်း မပြုရပါ။ ငါးများ ခိုအောင်းနိုင်စေတဲ့ ချောင်းအောက်ခံမြေ ပေါ်မှာ မှော်၊ ဒိုက်၊ ချုံ၊ သစ်ကိုင်းစတဲ့ ဒုံဟောင်းကဲ့သို့သော အရာဝတ္ထုများ၊ ပိုက်ကွက် ၃/၄လက်မအောက် လျော့ နည်းသည့် ပိုက်များ၊ ငါးကြီးတွင်းများ၊ ရွက်ဖျင်များနဲ့ ငါးဖမ်းတာမျိုးလည်း မလုပ် ရပါ။
အင်းအိုင်အက်ဥပဒေပုဒ်မ ၁၁ ရဲ့ ခြွင်းချက်အရ တာတမံဆည်မြောင်းပြု လုပ်ခွင့်ရှိသူမဟုတ်ဘဲ အင်းအိုင်များမှာ တာတမံဆည်မြောင်းပြုလုပ်ရန် လျှောက် ထားလာပါက အမှန်တကယ်လိုအပ် ကြောင်းစစ်ဆေးတွေ့ရှိယုံကြည်ရလို့ ခွင့် ပြုတာမျိုးရှိနိုင်ပေမဲ့ အဲဒီတမံနဲ့ ဆည် များကို သတ်မှတ်တဲ့နေရာမှာ ဖျက်သိမ်း ပေးရမှာဖြစ်တဲ့ အပြင် အင်းအိုင်အတွင်း အချို့နေရာများမှာ ဒိုက်၊မှော်နဲ့ သစ်ငုတ် များကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ အင်းအိုင်လုပ်ငန်းများကိုလုပ်ဆောင်ရာ မှာ တာတမံများဆည်များနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်များရှိသလို အင်းအိုင်အတွင်း ရေမြောင်းတူးဖော်ခြင်း၊ လက်ရှိရေမြောင်းများအား ပိုမိုနက်ရှိုင်း အောင် တူးဖော်ခြင်းများနဲ့ပတ်သက်လို့ ကန့်သတ်ထားချက်များလည်း ရှိပါတယ်။
ဥပဒေပြဋ္ဌာန်းချက်များက ဘယ်လို ရှိစေကာမူ နည်းမျိုးစုံနဲ့ ဖောက်ဖျက်မှု တွေ့ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ခေတ် ယခုပဋိပက္ခများဖြစ်ပွားနေရာ ညောင်တုန်းမြို့နယ်အတွင်းရှိ အင်းကြီး တစ်အင်းမှာ အင်းသူကြီးက အင်းလက် တက်တစ်ခုကို တမံဖို့ပိတ်ဆို့ ဆည်ဖို့ပြီး ငါးမွေးကန်သဖွယ် လုပ်လိုက်ပါတယ်။ အဲဒီအင်းလက်တက်ထဲကို ငါးထည့်မွေး ပါတယ်။ လာမယ့် အင်းရာသီမှာ အင်း ထဲ လွှတ်မွေးဖို့ဖြစ်ပါတယ်။ အင်းလုပ်ပိုင် သက်တမ်းကာလကုန်တော့လည်း အဲဒီ အင်းလက်တက် ဆက်လက်ပိတ်ဆို့ထား တော့ အဲဒီအင်းလက်တက်ကို မှီခိုရှာဖွေ စားသောက်နေရသူတွေ ရှာဖွေစားသောက် ခွင့်မရှိတော့လို့ အင်းသူကြီးနဲ့ ရေလုပ် သားများ၊ အနီးဝန်းကျင်ရှိ ပြည်သူများ ပဋိပက္ခတွေဖြစ်ကြ၊ တိုင်တန်းကြ၊ စစ် ဆေးကြဖြစ်လာပါတယ်။ န၀တ၊ နယက လက်ထက်များမှာတော့ အင်းဂရန်တွေ ကိုအင်းသူကြီးများသာမက စီးပွားရေး ကုမ္ပဏီကြီးများကပါ ရယူလာခဲ့ကြပါ တယ်။ သုံးနှစ်၊ ငါးနှစ်အထိ စသည်ဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့်တွေရလာကြပါတယ်။ အင်းလက်ထက်တစ်ခုတလေမျှသာမက အင်းချောင်းကြီးတစ်ခုလုံး ဆည်ဖို့ပိတ်ဆို့ ကာရံကာ ငါးမွေးကန်ကြီးများအဖြစ်အ သွင်ပြောင်းလာကြပါတယ်။ သဘာဝ လုပ်ငန်းသာမက မွေးမြူရေးငါးတွေပါ ထည့်သွင်းမွေးမြူလာကြပါ တော့တယ်။ အဲဒီလုပ်ငန်းရဲ့ သဘာဝကိုရော၊ အသွင် သဏ္ဌာန်ပုံစံပါပြောင်းသွား တဲ့အခါမှာ အင်းဂရန် လုပ်ပိုင်ခွင့်ကုန်ဆုံးလို့ အင်းကို မှီခိုစားသောက်ကြရသူတွေ ရှာဖွေစား သောက်နိုင်ခွင့်တွေလည်း ဆုံးရှုံးကုန်ကြ ပါတော့တယ်။ ဥပဒေနဲ့မညီတဲ့ ရေ မြောင်းတွေတူးဖော်တာ၊ ဥပဒေနဲ့မညီ တဲ့ တာတမံတွေ ဆည်ဖို့တာ၊ ဥပဒေနဲ့ မညီတဲ့ ငါးဖမ်းကိရိယာတွေ၊ ငါးဖမ်းနည်း တွေ ပေါ်ပေါက်လာပြီး ရေသွားရေလာ လမ်းကြောင်းတွေ ပြောင်းလဲကုန်တာမျိုး အချို့ အင်းချောင်းတွေကောကုန်တာမျိုး တွေ ဖြစ်လာပါတယ်။ စိုက်ပျိုးချိန်မှာရေ မရ၊ အောင် ရေလိုချိန်မှာရေမရ၊ မလိုတဲ့ အချိန်မျိုးမှာ အင်းကရေတွေရောက်လာ လို့ ရေကို ဖွင့်ထုတ်လို့စတဲ့ အကြောင်းများ ကြောင့် လယ်သမားများနဲ့လည်း ပဋိပက္ခ မှုတွေ ရှိလာရပြန်ပါတယ်။
ဥပဒေပြဌာန်းချက်များအရ၊သဘာဝ ဓလေ့ထုံးတမ်းများအရ၊ အင်းဂရန်အရ လုပ်ကိုင်ခွင့်ကုန်ဆုံးလို့ အင်းလုပ်ငန်းများ ရုပ်သိမ်းပြီးတဲ့အခါမှာ အဲဒီအင်းချောင်း များအတွင်းမှာ ပြည်သူများအနေနဲ့ သတ် မှတ်ချက်များနဲ့အညီ လွတ်လပ်စွာ ရှာ ဖွေစားသောက်ခွင့်ရကြပါတယ်။အထက် ပါအတိုင်း အင်းလုပ်ငန်းရဲ့ ပုံစံတွေ၊ နည်း စနစ်တွေ ပြောင်းလာတဲ့အခါမှာ သာမန် ပြည်သူလူထုရဲ့ ရေပေါ်ရေလျှံလုပ်ကိုင် စားသောက်ခွင့်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ရပ်များဟာပစ်္စက်္ခ ကာလမှာ ကြုံတွေ့နေရတဲ့ ကျုံပျော်မြို့နယ်ရှားခဲ အင်းမှာဖြစ်ပွားခဲ့တဲ့ အနိဋ္ဌာရုံများကို ပေါ်ပေါက်စေတဲ့အကြောင်းခြင်းရာများ ဖြစ်မယ်ထင်ပါတယ်။
ယခင်ခေတ်အခါများက ဂရန်ဆွဲ ၀ယ်ထာသော အင်းချောင်းအတွင်းမှာ ပင် နယ်နိမိတ်သတ်မှတ်ကာ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ပြည်သူများအနေနဲ့ လွတ်လပ်စွာ ရှာဖွေ စားသောက်ခွင့်ရရှိခဲ့ကြပါတယ်။ နောက် ပိုင်းကာလများမှာတော့ ပြည်သူများ အနေဖြင့် ဂရန်အင်းနယ်မြေတွင် ရှာ ဖွေစားသောက်ခွင့်မရရုံမျှမက လောဘ တက်လာသော ဂရန်ကိုင်များက မိုးအခါ ရေများ၍ ရေရောက်လာသည့် တောင် သူလယ်သမားများ၏ လယ်ယာမြေများ ပလပ်မြေ၊ မြေလွတ်မြေရိုင်းများမှာပင် ““ရေရောက်အင်းပေါက်”” ရေရောက်သည့် နေရာတိုင်းသည် အင်းနယ်နိမိတ်အတွင်း အကျုံးဝင်သည်ဆိုကာလုပ်ပိုင်ခွင့်ကိုချဲ့ ထွင်လာတဲ့အတွက် မလိုလားအပ်တဲ့ ငြင်းခုန်မှု၊ ရုန်းရင်းဆန်ခတ်မှုစတဲ့ ပဋိ ပက္ခတွေ ပေါ်ပေါက်ခဲ့ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
အင်းအိုင်အက်ဥပဒေပုဒ်မက ၈(၁) ပါပြဋ္ဌာန်းချက်နဲ့ အမိန့်ဆင့်ဆိုချက် အပိုဒ် ၁၀ အရ တောင်သူလယ်သမားများတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့လယ်ယာ မြေများနဲ့ အခြားပုဂ်္ဂလိကပိုင်မြေများရှိ မိုးတွင်းအခါ ရေလွှမ်းမိုးတဲ့နေရာများမှာ စည်းမဲ့ ကမ်းမဲ့ ငါးဖမ်းခွင့်ပြုပါက ငါးရစ်၊ ငါးသန်များ ပြုန်းတီးသွားမှာဖြစ်လို့ အဲဒီ နေရာမျိုးမှာ ငါးရစ်ငါးသန်များ ပြုန်းတီး မှုမရှိစေရန် စည်းကမ်းသတ်မှတ်ပြီး ငါး ဖမ်းခွင့်ပြုရမှာဖြစ်ပါတယ်။ အခွန်ငွေရရှိ ရေးကို ဦးတည်ချက်မထားရပါ။ အဲဒီလို နည်းမျိုးနဲ့ ဆောင်ရွက်ရတဲ့အင်းမျိုးကို ကန့်သတ်အင်း (Protected Fishery) လို့ ခေါ်ပါတယ်။ အင်းအိုင်နည်း ဥပဒေ(၅) အရ ပင်လယ်ရေပြင်၊ မြစ်များ၊အင်းများ၊ တစ်လံထက်ကျယ်တဲ့ မြေများနဲ့ မြေလွတ် မြေရိုင်းများ ဖုံးလွှမ်းနေတဲ့ ရေပြင်များကို ဘုံငါးဖမ်းကွက်များ (Open Fishery) အဖြစ် သတ်မှတ်နိုင်ပါတယ်။ မြစ်များ၊ ချောင်းများနဲ့ နီးနီးကပ်ကပ် တည်ရှိနေ တဲ့ ထုံးများ၊ အိုင်များ၊ လုပ်ကွက်များ နဲ့ ပထ၀ီအနေအထားအရ အစဉ်အလာ ဓလေ့ထုံးတမ်းများအရ အဲဒီထုံးတွေ၊ အိုင် တွေ၊ ရေပြင်တွေကို မဖြစ်မနေ မှီခိုနေ ကြရတဲ့ ပြည်သူများရဲ့ လူနေမှုဘ၀ အခြေအနေများကို အလေးထားစဉ်းစား ပြီး အဲဒီလိုနေရာမျိုးမှာတော့ အခွန်ငွေ ရရှိရေးထက် ပြည်သူများရဲ့ မရမဖြစ်၊ မရှိ မဖြစ်လိုအပ်ချက်များအရ ဘုံငါးဖမ်းကွက် များအဖြစ်သတ်မှတ်ပေးသင့်ပါတယ်။
ဘုံငါးဖမ်းကွက်များအဖြစ်သတ်မှတ် ပေးခြင်းအားဖြင့် အင်းအိုင်အက်ဥပဒေ ပုဒ်မ ၉(၃)၊ အင်းအိုင်နည်းဥပဒေအခန်း (၆)တွင် အင်းအိုင်အမိန့်ဆင့်ဆိုချက် (၄၅) များမှာ ပါရှိတဲ့အတိုင်း ပြည်သူများအနေ နဲ့ ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့ ငါးဖမ်းကိရိယာများနဲ့ ငါးဖမ်းနိုင်တဲ့ လိုင် စင်ရယူဆောင်ရွက်နိုင်သလို အင်းအိုင် နည်းဥပဒေများရဲ့ နောက်ဆက်တွဲ ဇယားပါ အခွန်လွတ်ထုတ်ပေးနိုင်တယ် လို့ ဖော်ပြထားတဲ့ ငါးဖမ်းကိရိယာများနဲ့ မည်သူမဆို လိုင်စင်မရှိဘဲ လွတ်လပ်စွာ ငါးဖမ်းခွင့်ရနိုင်မှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ စာရေးသူလေ့လာသိရှိခဲ့ရဖူးတဲ့ အင်းအိုင် အက်ဥပဒေနဲ့ ဖြတ်သန်းခဲ့ရဖူးတဲ့ အတွေ့ အကြုံများကို အခြေပြုရေးသားတာဖြစ် ပါတယ်။ ယခုအခါ ဧရာဝတီတိုင်းဒေသ ကြီးမှာ ရေချိုငါးလုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်တယ်လို့ သိရ ပါတယ်။ အင်းသားကြီးများ၊ အခြားအဖွဲ့ အစည်းများကို နှစ်ရှည်ကြေးတိုင် စိုက် ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။ ဘုံ ငါးဖမ်းကွက်တွေကိုလည်း တိုးချဲ့သတ် မှတ်ပေးထားကာ ရေပေါ်ရေလျှံငါးဖမ်း လုပ်ကိုင်စားသောက်ခွင့်တွေ ရနေကြပြီ လို့ သိရပါတယ်။ အဲဒီလို ပြည်သူများ အတွက် အကျိုးပြုဥပဒေများကို မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျုံးဝင် လာအောင် ဆောင်ရွက်နိုင်ကြရင် ပိုကောင်းမယ် ထင်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ယခင်အခါက သိန်း(၂၀)တန် ဘုံငါးဖမ်း ကွက်ကို (၁၀)သိန်းလောက်နဲ့ ရေလုပ် သားတွေစုပေါင်းလုပ်ကိုင်နိုင်အောင် စီ စဉ်ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောတဲ့အကြောင်းကိုလည်း ဖတ်ရှုရပါ တယ်။ အဲဒီလို အပြုသဘောဆောင်တဲ့ ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုတွေ များ ပြားလာတာနဲ့အမျှ အင်းနားနေပြီး အင်း ရေမသောက်ရတဲ့ဘ၀မျိုးက ရေလုပ်သား တွေလွတ်မြောက်လာကြမှာဖြစ်သလို ရေရောက် အင်းပေါက် (ရေရောက်တဲ့ နေရာတိုင်း အင်းဂရန်ပိုင်နက်မြေဖြစ် တယ်)ဆိုတဲ့ အင်းသားကြီးများရဲ့ ၀ိသမ လောဘများလည်း ပျက်သုဉ်းသွားတော့ မှာဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်တွေနဲ့ အတူ ကျုံပျော်မြို့နယ် ရှားခဲအင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အနိဋ္ဌာရုံဖြစ်ရပ်မျိုးလည်း လျော့ပါးကင်းစင်သွားပေလိမ့်မည်လို့ မျှော်လင့်ရပါတယ်။
မြတ်နီ
Hot News
No comments:
Post a Comment