Tuesday, November 13, 2012

ရွှေဘိုငလျင်အပြီး နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်၍ ပြည်သူများသတိထားနေထိုင်သင့်

နိုဝင်ဘာ(၁၁)ရက်၊နံနက် (၇း၄၅း၃၇)စက္ကန့်အချိန်တွင် ရွှေ ဘိုမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ သော အင်အားရစ်ခ်ျတာကေး   ၆ဒဿမ ၈အဆင့်ရှိ ငလျင်လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် များထပ်မံလှုပ်ခတ်နိုင်၍ ပြည်သူ  များသတိထားနေထိုင်သင့်ကြောင်း   မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ   အတွင်းရေးမှူုး ဦးစိုးသူရထွန်းက ပြောသည်။
““အခု ငလျင်ကစစ်ကိုင်းပြတ်  ရွေ့ကြောမှာ အပိုင်းလိုက်ငလျင် လှုပ်တာပါ။အခုငလျင်က ရှေ့ပြေး    လှုပ်ခတ်မှုအနေနဲ့ရှေ့ပြေးငလျင်  ဖြစ်နိုင်ပါတယ်။ သမိုင်းအထောက် အထားတွေအရကြီးမားတဲ့ ငလျင်   တွေမလာခင် ဒီလိုငလျင်တွေ လှုပ်ခတ်တတ်တာမို့ ပြည်သူတွေ   အနေနဲ့ သတိထားနေထိုင်သင့်ပါ  တယ်””ဟု ၎င်းကပြောသည်။ ငလျင်      ဒဏ်ကြောင့် ကွဲအက်နေသော တိုက်တာအဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့် ငလျင်ငယ်
များလှုပ်ခတ်ပါကအဆောက်အအုံ များပြိုကျနိုင်သဖြင့် သတိထား  နေထိုင်သင့်ကြောင့် ဦးစိုးသူရထွန်း   က ဆက်လက်ပြောကြားသည်။
မြေငလျင်ကြီးများ၏ အစဉ် အလာအတိုင်း နောက်ဆက်တွဲ  ငလျင်များလှုပ်ရှားနိုင်သော်လည်း   အများအားဖြင့် ပင်မမြေငလျင်  ထက် အင်အားပိုမိုပြင်းထန်လေ့  မရှိသောကြောင့် အများပြည်သူ များအနေဖြင့် သတိထားရန်လို သော်လည်း အစိုးရိမ်မလွန်ကြရန်    လိုပြီး အထူးသဖြင့် အချိန်ကာလ    နေ့ရက်အတိအကျဖြင့် ထွက်ပေါ်    လာသော ကောလဟာလများကို  ပြည်သူများသတိထားရန်လိုကြောင်း    မိုးလေ၀သပညာရှင် ဒေါက်တာ  ထွန်းလွင်က ၎င်း၏ ၀က်ဆိုဒ်တွင်     ရေးသားထားသည်။
““ဒီမှာတော့ ငလျင်ထပ်လှုပ် နိုင်တယ်။ ဘယ်အချိန်မှာ လှုပ် မယ်ဆိုပြီး အမျိုးမျိုးပြောနေကြ တယ်””ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ နိုဝင်ဘာ(၁၁)ရက်      နံနက်(၇း၄၂း၃၇)စက္ကန့်တွင်ရွှေဘို မြို့မြောက်ဘက် ၄၅မိုင်ခန့်နေရာ ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ဒဿမ၈ဆင့်ရှိ ငလျင်   လှုပ်ခတ်ခဲ့ကြောင်း နံနက်(၇း၅၉း    ၅၉)စက္ကန့်တွင်မန္တလေးမြို့မြောက် ဘက် ၅၉မိုင်ခန့် ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၂၃မိုင်ခန့်၊မိုး ကုတ်မြို့မှ အနောက်ဘက် ၃၆မိုင်   ခန့်နှင့် သပိတ်ကျင်းမြို့မှ အနောက် တောင်ဘက်လေးမိုင်ခန့်နေရာကို  ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး  ၅ဒဿမ ၀အဆင့်ရှိ ငလျင်တစ် ခုနှင့် နံနက်(၈း၂း၂၈)စက္ကန့်တွင် မန္တလေးမြို့မှ မြောက်ဘက် ၅၃ မိုင်ခန့် ရွှေဘိုမြို့မှအရှေ့မြောက် ဘက် ၁၆မိုင်ခန့် မိုးကုတ်မြို့မှ အနောက်ဘက် ၄၁မိုင်ခန့်နှင့် သပိတ်ကျင်းမှအနောက်တောင် ဘက် ၁၂မိုင်ခန့် နေရာကိုဗဟိုပြု  ၍ အင်အားရစ်ခ်ျတာစကေး  ၅  ဒဿမ ၀အဆင့်ရှိ ငလျင်စုစုပေါင်း   သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး  ဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး   အဆိုပါငလျင်များကြောင့် ခြောက်  ဦးသေဆုံး၊လေးဦးပျောက်ဆုံး၊ ၅၀ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်  မီဒီယာများတွင် ဖော်ပြထားချက်  အရသိရသည်။

ဘိုဘိုမင်း
Hot News

No comments:

Post a Comment