““ညီမအနေနဲ့ မြန်မာ့အလင်း သတင်းစာတိုက်ကို သတင်းတွေ ရေးသားပေးပို့နေတာ သတင်း တိုင်းလိုလိုကိုလည်း ဖော်ပြပေး ခဲ့ပါတယ်။ စာတည်းမှူးချုပ်က ငွေကြေးတောင်းခံပြီး သတင်း ဖော်ပြပေးနေတယ်ဆိုတာ ကြား လဲမကြားမိဘူး။ ကိုယ်တွေ့လည်း မကြုံခဲ့ဖူးဘူး။ မြန်မာ့အလင်းစာ တည်းမှူးချုပ်က ငွေကြေးတောင်း ခံပြီး သတင်းတွေဖော်ပြပေးတဲ့ အတွက် အစစ်ဆေးခံနေရတယ် ကြားတော့ ညီမတို့ သတင်း ထောက်တွေ အံ့သြကြရတယ်။ လူပုဂ်္ဂိုလ်အမည်နဲ့
တိုင်တာမဟုတ် ပါဘူး။ ပစ်စာလို့သိရပါတယ်။ အဲဒီသတင်းကြားတော့ အမြို့မြို့ အနယ်နယ်က သတင်းထောက် တွေအံ့သြကြပြီး တချို့ဆို ရန်ကုန်လေဆိပ်အထိဆင်းလာ ကြတယ်။ အဲဒီပစ်စာပါ တိုင်ကြား ချက်မမှန်တဲ့အကြောင်း မြို့နယ် သတင်းထောက် (၂၇)ဦးက အမည်နဲ့တကွ စုပေါင်းလက်မှတ် ရေးထိုးပြီး ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဆီကို တရားဝင်တင်ပြထားပါတယ်။
ရန်ကုန်က မြို့နယ်သတင်း ထောက်အချို့ကလည်း ပြည် ထောင်စုဝန်ကြီးထံ အဲဒီပစ်စာပါ တိုင်ကြားချက် မမှန်ကန်တဲ့အ ကြောင်း လက်မှတ်ရေးထိုးတင်ပြ ထားသေးတယ်လို့လည်း သိရပါ တယ်””ဟု ၎င်းကပြောသည်။
““ညီမတို့ငယ်ငယ် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်က စကား တစ်ခု ရှိခဲ့ဖူးပါတယ်။ ““ပုလင်းပေး ရင် သတင်းရေးရမယ်””ဆိုတဲ့ စကားပါ။ သတင်းစာတွေမှာ သတင်းပါရှိရေးအတွက် လုပ်ငန်း ရှင်အချို့၊ ဌာနဆိုင်ရာအချို့ဆီက ငွေကြေးရယူ အကျိုးဆောင်ပေး နေတဲ့ သတင်းထောက်မပီသတဲ့ ပုဂ်္ဂိုလ်တွေကြောင့် အခုလိုကိစ္စ တွေဖြစ်လာရတာပါ။ ခေတ် အ ခေါ်အရတော့ သတင်းပွဲစားပေါ့။ သတင်းစာမှာ သတင်းပါရှိဖို့အ တွက် အဲဒီသတင်းပွဲစားအချို့က သတင်းစာတိုက်က လူကြီးတွေ ဆီကို ချဉ်းကပ်ကြတယ်။ အမှန် ကတော့ သတင်းစာတိုက်ကလူ ကြီးတွေက ငွေတောင်းယူတာ မဟုတ်ဘူး။ အဲဒီသတင်းပွဲစား တွေက ငွေကြေးတောင်းယူပြီး သတင်းစာတိုက်က လူကြီးတွေ ဆီကို ချဉ်းကပ်ကြတာပါ။ များ သောအားဖြင့် အဲဒီသတင်းတွေ ဟာ ပြည်သူဗဟိုပြု သတင်းတွေ မဟုတ်ပါဘူး။ ဒါကြောင့် သတင်း စာတိုက်က အခုအသွင်သဏ္ဌန် နဲ့ အနှစ်သာရ ပြောင်းလဲနေချိန် မှာ အဲဒီသတင်းတွေကို မသုံးပေး တော့ဘူး။ အဲဒီမှာ သတင်းပွဲစား တွေနဲ့ သတင်းစာတိုက်က လူကြီး တွေအကြား ၀ိရောဓိဖြစ်တော့ တာပါပဲ။ အဲဒီသတင်းပွဲစားတွေ အထဲမှာ သတင်းစာတိုက်ဝန်ထမ်း တစ်ဦးစ နှစ်ဦးစလည်းပါတာမို့ သူတို့လူကြီးအပေါ် မကျေနပ်ရာ ကအစ ခုလို ပစ်စာဆိုတာဖြစ် လာရတယ်လို့ မြင်ပါတယ်””ဟု ၎င်းင်းက သုံးသပ်ပြောကြားသည်။
““ခုနက ပြောခဲ့တဲ့ ““ပုလင်း ပေးရင် သတင်းရေးမယ်””ဆိုတဲ့ စကားဟာ လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်ကျော်ကတည်းက ရှိခဲ့တာ ပါ။ ယနေ့ကာလအထိ အဲဒီ စကားဟာ နိုင်ငံပိုင် မီဒီယာအချို့ ကြားမှာ စီးဆင်းနေတုန်းပါပဲ။ သတင်းစာတွေရဲ့ ပြုပြင်ပြောင်း လဲမှုကြောင့်၊ စာတည်းမှူးချုပ် တွေရဲ့ ကြိုးပမ်းမှုကြောင့် နိုင်ငံ ပိုင် သတင်းစာတွေကြာူးမှာ ပျောက်ကွယ်လုဖြစ်နေပြီဆိုပေမဲ့ လည်း ““ပုလင်းပေးရင် သတင်း ရေးမယ်””ဆိုတဲ့ ခေတ် တကယ် ကုန်သွားဖို့လိုအပ်ပါတယ်။ အဲဒီ ခေတ် ကျန်ရစ်ခဲ့ဖို့အတွက် အား လုံးကနည်းလမ်းရှာပြီး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့သာ အဓိကကျပါ တယ်။ တကယ်တော့ သတင်းပွဲ စားတွေမရှိမှသာ ဒီကိစ္စကအေး သွားမှာဖြစ်ပါတယ်””ဟု မခင်ရတနာက ထပ်လောင်းပြောကြားခဲ့ သည်။
နန်းနွယ်နီထွန်း
Hot News

No comments:
Post a Comment