Monday, November 12, 2012

ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းမှာ အေဒီဘီက ပထမဆုံး တိုက်ရိုက်ထောက်ပံ့ခြင်းဖြစ်

အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများသို့ မဟာ
မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှတစ်ဆင့် ချေးငွေထုတ်ချေးခြင်း၊ ထောက်ပံ့ခြင်း
များပြုလုပ်ပေးလျက်ရှိရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းသည် အေဒီဘီက ပထမ
ဆုံးတိုက်ရိုက်အကူ အညီပေးခြင်းဖြစ်သည်ဟု အေဒီဘီမှ စီမံကိန်းအရာရှိ Mr Steven
Schipani က နိုဝင်ဘာလ ၅ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"မဟာမဲခေါင်ဒေသတွင်းဖွံ့ဖြိုးရေး စီမံကိန်းကနေ မြန်မာနိုင်ငံကို ၁၉၉၂ ခုနှစ်ကတည်းက အထိ
အတွေ့ရှိခဲ့တယ်။ အရင်တုန်းကတော့ မဲခေါင်ဒေသခရီး သွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကတစ်ဆင့် မဲခေါင်ဒေသ တွင်းနိုင်ငံတွေကို ကူညီထောက်ပံ့ပေး တယ်။ အခုကတော့
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်းအတွက် အေဒီဘီ က နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက်
အကူ အညီပေးတာ ပထမဆုံးပါပဲ" ဟု ၎င်းပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံ ကိန်းကို မြန်မာနိုင်ငံ
ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဝန်
ကြီးဌာန ဦးဆောင်မှု၊ နော်ဝေ အစိုးရ၏ ထောက်ပံ့မှုနှင့် အေဒီဘီတို့၏ အကူအညီဖြင့် ၂၀၁၃
ခုနှစ်၊ မတ်လကုန် တွင် အပြီးသတ်ရေးဆွဲသွားမည်ဟု စီမံကိန်းရေးဆွဲသူ Mr Paul Rogers
(Phd) က ပြောကြားသည်။
နော်ဝေအစိုးရက ပင်မစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ထောက်ပံ့ပေးပြီး
အေဒီဘီမှ စီမံခန့်ခွဲ သွားမည်ဖြစ်သည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီး H.E Mr Espen Barte Eide က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
သည် တစ်မုဟုတ်ချင်း တိုးတက်လာသည့်အတွက် အလား အလာကောင်းများရှိလာနိုင်ပြီး
တိုင်းပြည် ၏ အလုပ်အကိုင်ရရှိမှု ပိုမိုတိုးတက်လာ သော်လည်း များစွာသော စိန်ခေါ်မှုများ
နှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟု ပြော ကြားသည်။
ယခုကဲ့သို့ စီမံကိန်းရေးဆွဲရာတွင် လည်း မြန်မာနိုင်ငံသစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက် ရေးဌာနမှလည်း ဟိုတယ်ခရီးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်
သွားရန် လိုအပ်ကြောင်း ၎င်းကပြောကြား ခဲ့သည်။
"ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်နဲ့ လူအဖွဲ့အစည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကို အခြေခံ
တည်ဆောက်ရမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာဌာနတွေက ပူးပေါင်းဆောင်ရွက်သွားဖို့
ပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပြည်ထဲ ရေး၊ ဘဏ်စနစ်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ ရေအသုံးချမှု၊ လျှပ်စစ်မီးရရှိရေးစသည့် ကဏ္ဍများနှင့် ဆက်စပ်
နေသည့်အတွက် အဆိုပါ ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာ ရန်လည်း လိုအပ်သည်ဟု ဆို
သည်။
"ဥပမာပြောရရင် ခရီးသွားဒေသတွေ မှာ အင်တာနက်၊ လျှပ်စစ်မီးရရှိဖို့လိုအပ် တယ်။
နောက်တစ်ခုက အသေးစား လုပ်ငန်းတွေအတွက် ဘဏ်တိုးနှုန်း အခက်အခဲရှိတဲ့၊ ဒါ့ပြင်
ခရီးသွားလုပ်ငန်း မှာ လိုအပ်တဲ့ credit card စနစ်ကိုလည်း အချိန်တိုအတွင်းသုံးစွဲဖို့
လိုအပ်ပါတယ်။ ဒါကြောင့် အခုကျင့်သုံးနေတဲ့ ဘဏ်စနစ် ကို ပြန်လည်သုံးသပ်ဖို့ လို
အပ်တယ်"ဟု စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr Paul Rogers က သုံးသပ်ပြောသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းကို အသုံးချ ပြီး တိုင်းပြည်ပိုမိုတိုးတက်လာရန်နှင့် နိုင်ငံသားများ၏
အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ၎င်းက ပြောသည်။
စီမံကိန်းကို နိုင်ငံတကာမှ ခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင် ခြောက်ဦး အဖွဲ့က ကဏ္ဍ
သုံးရပ်ခွဲကာ အောက် တိုဘာလ ၁၅ ရက်မှ စတင်ပြီး မတ်လ ကုန်တွင် အပြီးရေးဆွဲလျက်
ရှိကြောင်း သိရသည်။
"ဒီစီမံကိန်းမူကြမ်းရေးဆွဲမှုကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်မှာ တင်ပြမှာ ဖြစ်ပြီး
ဖေဖော်ဝါရီလကုန်ပိုင်းမှာ လိုအပ်ချက်တွေ၊ ထည့်သွင်းဖြည့်စွက် သင့်တာတွေကို အများ
ဆန္ဒတောင်းခံ သွားမယ်။ မတ်လကုန်ကျရင် အချော သပ်ပြီး ထုတ်ဝေသွားမယ်" ဟု
Mr Paul Rogers က ပြောသည်။
ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို အဆိုပါ
စီမံကိန်းရေးဆွဲမှုအဖွဲ့မှ လေးပတ်တာ ခရီးသွားဒေသများသို့ ကွင်းဆင်းလေ့လာပြီးနောက်
နိုဝင်ဘာ လ ၅ ရက်နေ့က မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရ
သည်။

Yu Yu Maw
The Myanmar Times

No comments:

Post a Comment