လွှတ်ပေးလိုက်ပြီး ဖြစ် ကြောင်း ပြောဆိုပြီး မောင်ဦးနှင့် ဇနီးမသန်းသန်းဆင့်တို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရ သည်။ ဒိုင်းဝန်ကွင်း ရဲစခန်း ဂတ်စာရေးဦးရွှေကြည်မှ အမှုမှာ ရဲအရေးမပိုင်ဟုဆိုကာ မော်လ မြိုင်မြို့နယ်တရားရုံးသို့ ရဲပုံစံ (က)(ခ)နှင့် တင်ပို့တရားစွဲဆိုစေ ခဲ့သည်။
မော်လမြိုင်မြို့နယ် တရား ရုံးမှ တရားသူကြီးဒေါ်သီရိဝေက မှုခင်းကို တာဝန်ယူစစ်ဆေးခဲ့ရာ တွင် တရားခံပြေးအဖြစ် ပြစ်မှု အထွေထွေမှုအမှတ် ၈၁/၂၀၁၂ ဖြင့် စစ်ဆေးခဲ့ကြောင်း သိရ သည်။
မော်လမြိုင်မြို့နယ် တရား ရုံးမှ မှုခင်းတွင်ပေါ်ပေါက်သော ဟွန်ဒါဝေ့ ၁၀၀ အနက်ရောင် ၁၃ ဃ/၆၀၉၀၂ မှာ ကျိုက်မရော မြို့နယ် တရနာကျေးရွာရှိ ဦးအောင် သန်း၏ ဘီယာအရောင်းဆိုင်နှင့် ဆိုင်ကယ်ရေဆေးရုံ၌ ရှိနေသော သက်သေခံဆိုင်ကယ်အား သိမ်း ယူရန် တရားရုံး၏ ဆောင်ရွက် ချက်မှာဝရမ်းအတည်မဖြစ်သဖြင့် ဦးအောင်သန်းထံမှ အမှု၏ သက်သေခံပစ္စည်းကို သိမ်းယူ ရရှိခြင်းမရှိသဖြင့် ဒေါ်ရီရီဝင်းမှာ ၎င်း၏ဆိုင်ကယ် ပြန်လည်ရယူ ခြင်းကို ဆုံးရှုံးလျက်ရှိသည်။
သက်သေခံပစ္စည်းနှင့်အတူ ဦးအောင်သန်းအား ဒိုင်းဝန်ကွင်း ရဲစခန်းမှသာလျှင် ဖမ်းဆီး၍ တရားရုံးသို့ ခေါ်ဆောင်တင်ပို့ ရန် ဆောင်ရွက်ပါမည်ဟု ရုံးထိုင် တရားသူကြီး ဒေါ်သီရိဝေမှ နှုတ်ဖြင့် ညွှန်ကြားပြန်ပါသည်။ တရားရုံး၏အမိန့်ဖြင့် သက်သေခံ ပစ်္စည်းဖျောက်ဖျက်သူအား ဖမ်း ဆီးခွင့်ရှိ/မရှိကို ဒေါ်ရီရီဝင်းနှင့် ထိုဖြစ်စဉ်အားလုံးကို သိရှိထား သူတို့မှ မီဒီယာအား တင်ပြပြော ကြားသည်။ ဒိုင်းဝန်ကွင်းရဲစခန်း မှလည်း သက်သေခံ ပစ်္စည်းနှင့် အတူ ဦးအောင်သန်းအား ဖမ်း ဆီးခွင့်ကို တရားရုံးမှသာလျှင် အမိန့်ထုတ်ပေးနိုင်ကြောင်း ပြော ဆိုလျက်ရှိပါသည်။
သက်သေခံပစ္စည်းအဖြစ် ပေါ်ပေါက်လျက်ရှိသော အခင်း ဖြစ် ဆိုင်ကယ်နှင့် ဦးအောင်သန်း ကို ၀ရမ်းဖြင့် ဖမ်းဆီးခွင့်အာဏာ တရားရုံး၌ ထိုသို့ဆောင်ရွက်ခွင့် ရှိ/မရှိကို ပြည်သူများ ဝေဖန်သုံး သပ်လျက်ရှိကြောင်း သိရသည်။ ဆိုင်ကယ်ပိုင်ရှင် မရီရီဝင်းက ““အခုဖြစ်စဉ် အားလုံးကို မီဒီယာ ကို တင်ပြတာကတော့ အုပ်ချုပ် ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေ ကို မီဒီယာမဏ္ဍိုင်က တည့်မတ် ထိန်းကျောင်းပေးပါလို့ တင်ပြချင် လို့ပါ။ ဒီယနေ့ ၄-၁၁-၂၀၁၂ နေ့ထိ ကျွန်မ ဆိုင်ကယ် ပြန်မရ သေးပါဘူး””ဟု ရင်ဖွင့်စကား ပြောကြားခဲ့သည်။
ထက်ဦးယံ
Hot News

No comments:
Post a Comment